News

17-Sep-2020
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပိုးတွေ့လူနာကုသဆောင်များ ထပ်မံတိုးချဲ့ရန်စီစဉ်ထားကြောင်း ခုတင် ၅၀ဝ ဆံ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။
16-Sep-2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းဆိုင်ခွဲ စီးတီးမတ်၏ ငွေရှင်းကောင်တာမှ ဝန်ထမ်းတစ်ဦးသည် Covid-19 ပိုးတွေ့ရှိသည်ကို အတည်ပြု ကြောင်း City Mart Holding Co., Ltd.(CMHL) က ထုတ်ပြန်သည်။
16-Sep-2020
ယနေ့ခေတ်တွင် ကလေး၊ လူကြီးမရွေး၊ ထိုသူ တို့၏လက်ထဲတွင် လက်တစ်ဖဝါးစာလက်ကိုင်ဖုန်းကို ကိုင်ထားကြသည်။ အရွယ်ရောက်ပြီးလူကြီးများ သာမကကျောင်းနေအရွယ် ကလေးများကပင် လူမှု ကွန်ရက်တွင်ပျော်မွေ့နေကြသည်။ ယင်းသို့ကိ်ုင်ဆောင် ထားကြသည်နှင့်အညီအများစုသည် သတင်းတစ်ခု တက်လာသည်နှင့် သတင်းသည်ခိုင်မာလော၊ မခိုင်မာ လောမတွေးတော့ဘဲ ဝေမျှသည့်အလုပ်ကို ပြုလုပ်နေကြသည်။ ထိုသို့တိကျ ခိုင်မာမှုမရှိသည့်သတင်းရင်း မြစ်များကို ဝေမျှခြင်းကြောင့် မလိုလားအပ်သော အကျိုးဆက်များဖြစ်ပေါ်တတ်သည်ကို မမေ့လျော့ သင့်ပါ။
14-Sep-2020
ဧရာဝတီတိုင်း ပုသိမ်ခရိုင်စားသုံးသူ ရေးရာမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် အရာရှိနှစ်ဦးနှင့် အစည်းအဝေးလုပ်ခဲ့သည့် တိုင်းနှင့်ခရိုင်အဆင့် အရာရှိ ၁၂ ဦး စက်တင်ဘာ ၁၃ ရက်နေ့မှစ၍ Quarantine ဝင်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
14-Sep-2020
ရန်ကုန်တိုင်းဒေသကြီးရှိ သုဝဏ္ဏ ယာယီဆေးရုံတွင် အားဖြည့်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးမှ အထက်တန်းသူနာပြု အယောက် ၂၀ ဝန်းကျင် ရောက်ရှိမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနထံမှ သိရသည်။
13-Sep-2020
ဝန်ထမ်းများအနေနှင့် Covid-19 ရောဂါလက္ခဏာများ အထူးသဖြင့် အနံ့အရသာပျောက်ခြင်းဖြစ်ပေါ်ပါက အချိန် မဆိုင်းဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့ရန် ပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။
13-Sep-2020
ယခုကာလဟာ ကိုဗစ်ဆိုတဲ့ကမ္ဘာ့ ကပ်ရောဂါကြီးကျရောက်နေတဲ့အချိန် ဖြစ်ပါတယ်။ ရောဂါပြန့်ပွားမှုနည်းပါး၊ ကူးစက်မှုနည်းပါးရေးအတွက် ကွာရန်တင်းဆိုတဲ့စကားလုံးဟာလည်း နယူးနော်မယ် စကားလုံးဆိုမှားမယ်မထင်ပါဘူး။ ဦးစွာမေတ္တာရပ်ခံလိုတာကတော့ ကွာရန်းတင်းဆိုတဲ့အသံကြားတာနဲ့ကြောက်စရာမလိုဘူးဆိုတာကို ပြောပါရစေ။
13-Sep-2020
ကိုဗစ်ကာလအတွင်း အစိုးရက ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ချေးငွေထုတ်ပေးထားခြင်းတို့အတွက် စုစုပေါင်း ငွေကျပ် ၁၉၀၈ ဒသမ ဝ၈၅ ဘီလီယံ ထောက်ပံ့ ထုတ်ချေးပေးထားကြောင်း Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ် ငန်းကော်မတီထံမှ သိရသည်။
12-Sep-2020
မြန်မာနိုင်ငံ ဘောလုံးအကယ်ဒမီ များတွင် ယာယီဆေးရုံ (Hospital Tent) များပြုလုပ်ရန်နှင့် တက္ကသိုလ်များ ဆေးရုံကို Covid-19 လူနာများ ထားရှိနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအား တင်ပြထားသည်။
12-Sep-2020
ယခုကာလဟာ ကိုဗစ်ဆိုတဲ့ကမ္ဘာ့ကပ်ရောဂါကြီး ကျရောက်နေတဲ့အချိန်ဖြစ်ပါတယ်။ရောဂါပြန့်ပွားမှုနည်းပါး၊ ကူးစက်မှုနည်းပါးရေးအတွက် ကွာရန်တင်းဆိုတဲ့စကားလုံးဟာလည်း နယူနော်မယ်စကားလုံးဆိုမှားမယ်မထင် ပါဘူး။ဦးစွာမေတ္တာရပ်ခံလိုတာကတော့ ကွာရန်းတင်းဆိုတဲ့အသံကြားတာနဲ့ကြောက်စရာမလိုဘူးဆိုတာကို ပြောပါရစေ။
10-Sep-2020
ပဲခူးတိုင်း ကဝမြို့နယ် သက္ကလတိုက်နယ်မှ ကိုဗစ်ပိုးတွေ့လူနာ ၁၉ ဦးအနက် တိုက်နယ်ဆေးရုံမှကျန်းမာရေးဝန်ထမ်းနှင့် မိသားစုဝင် ထက်ဝက်ကျော် ပါဝင်နေသည်ဟု ကဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမောင်မောင်ချစ်က ပြောကြားသည်။
09-Sep-2020
နှစ်ရက်အတွင်း Covid-19 အတည်ပြုလူနာ ၄ ဦးအထိ သေဆုံးခဲ့သည့်အတွက် Covid-19 ကြောင့် သေဆုံးသည့် အရေအတွက်မှာ ၁၂ ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။
09-Sep-2020
ရခိုင်ပြည်နယ်မှ အခြားဒေသများသို့ ရောက်ရှိလာသူများ သတင်းပို့ရမည့်ရက် သတ်မှတ်လိုက်ပြီး သတင်းမပို့သူများကို အရေးယူမည်ဖြစ်သကဲ့သို့ သိလျက်နှင့် ဖုံးကွယ်ထားသူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာသည်။
09-Sep-2020
ကျွန်တော်ဖျားတော့ ကျွန်တော့် သူငယ်ချင်းတွေက စကြနောက်ကြပါတယ်။ အနံ့ ရမရ သိအောင် မိန်းမကို တစ်နေ့ သုံးခါနမ်း ပါတဲ့။ တချို့ကလည်း ငါးပိအိုးကို နမ်းကြည့်ပါတဲ့။ အခုချိန်မှာ အနံ့မရခြင်းဟာ အတော်ရေပန်းစားနေ တယ် မဟုတ်လား။ ဖျားတယ်၊ ကိုယ်လက်ကိုက်ခဲတယ်၊ အနံ့မရဘူးဆိုရင် ကိုဗစ်သံသယလို့ ပြောကြပါတယ်။ ဒီတော့ ဒီအနံ့မရခြင်းဟာ အခုအခါ လူသိများလာတဲ့ လက္ခဏာတစ်ရပ်ပေါ့လေ။ ခုံတော်မောင် ကျဘမ်းရဲ့ ဖြတ်ထုံးတဲ့ကအတိုင်းပြောရရင် “အရင်ကလည်း မည်း အခုလည်း မည်းတဲ့၊ မည်းမည်းတူတူ မမည်းတူ”ဆိုသလို၊ အရင်ကတည်းက ရှိခဲ့တဲ့ အနံ့မရခြင်းဟာ အခုမှ လူသိများလာလေသလား လို့ တွေးမိနေပါ တယ်။ ကန်တော့ပါရဲ့၊ ဆရာတစ်ယောက်သင်ခဲ့သလို “ဘုန်းကြီးတိုင်း ကတုံးဖြစ်ပေမယ့်၊ ကတုံးတိုင်း ဘုန်းကြီး မဖြစ်ပေ”လို့ ကြိုတင်ပြောပါရစေ။ အနံ့မရတိုင်း ကိုဗစ်ရောဂါ မဟုတ်သေးပါဘူး။
08-Sep-2020
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က Covid-19 ကာလအတွင်း ကုန်စည်များအပေါ်ဈေးကစားခြင်းနှင့် သိုလှောင်ခြင်းများမပြုလုပ်ရန် မေတ္တာရပ်ခံအသိပေးထုတ်ပြန်လိုက်သည်။