News

02-Apr-2020
COVID-19 ရောဂါကာကွယ်ရေးများ ပြုလုပ်နိုင်ရန် ကျပ်သိန်း ၅,၀၀၀ တန်ဖိုးရှိ လက်သန့်ဆေးရည်များကို ရောဂါပိုး ကာကွယ်တိုက်ဖျက်ရေးအတွက် အရေးပေါ်လိုအပ်လျက်ရှိသော အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များသို့ လှူဒါန်းလျက်ရှိကြောင်း Grand Royal Group International ထံမှ သိရသည်။
02-Apr-2020
Covid-19 ရောဂါကူးစက်ခံရသည့် Case 16 လူနာအမျိုးသမီးသည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်ဇာတိဖြစ်သော်လည်း ရေကြည်မြို့နယ်အတွင်း၌ နေထိုင်သူမဟုတ်ကြောင်း ရေကြည်မြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။
02-Apr-2020
Covid-19 လူနာအမှတ် ၉ ဖြစ်သူနှင့်အတူ ရွှေနန်းထိုက် ခရီးသည်တင်ယာဉ်နှင့် ဘေးချင်းကပ်ထိုင်စီးလာသူ မိသားစုဝင်လေးဦးကို နေအိမ်တွင်သီးခြားစောင့်ကြည့်ခဲ့ရာမှ ဒိုက်ဦးဆေးရုံသို့ ပို့ဆောင်စောင့်ကြည့်ခဲ့ကြောင်း ဒိုက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက ပြောကြားသည်။
02-Apr-2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ပြည်သူ့ဆေးရုံတွင် မတ္လ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဆေးရုံစောင့်ကြည့်လူနာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး စစ်ဆေးခဲ့ရာ ကိုဗစ် ၁၉ ရောဂါပိုးမတွေ့ရှိကြောင်း ချောက်မြို့နယ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်ကော်မတီ ပြည်သူ့ဆေးရုံ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ယနေ့(ဧပြီလ ၂ ရက်) နံနက္က ပြောကြားသည်။