News

POST TYPE

COVID 19

ပုသိမ်တွင် ကိုဗစ်-၁၉ ကုသဆောင်များ တိုးချဲ့ရန်စီစဉ်
17-Sep-2020
ပုသိမ်တိုင်းရင်းဆေးရုံ နှစ်ထပ်ဆောင်ကို စက်တင်ဘာ ၁၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးနေစဉ်။

ပုသိမ်၊ စက်တင်ဘာ ၁၆ 

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ပိုးတွေ့လူနာကုသဆောင်များ ထပ်မံတိုးချဲ့ရန်စီစဉ်ထားကြောင်း ခုတင် ၅၀ဝ ဆံ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။

ထပ်တိုးလာမည့် ပိုးတွလေူနာများအတွက် ကြိုတင်ပြင်ဆင်ရခြင်းဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောကြားသည်။

"ပုသိမ်တိုင်းရင်းဆေးရုံမှာ လူနာ ၉၆ ဦးလောက်ထားနိုင်မှာဖြစ်တယ်။ ရေ၊ အိမ်သာ၊ CCTV System ၊ လေဝင် လေထွက်စနစ်၊ မီးရရှိရေးတို့ကို သက်ဆိုင်ရာ တိုင်းအဆင့်တာဝန်ရှိသူတွနေဲ့ အသေးစိတ်ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်တယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် လူနာ ၃၀ ခန့်ထားရှိနိုင်မည့် ဧရာဝတီဘောလုံးအကယ်ဒမီကျောင်း နှင့် ဧရာဝတီဘောလုံးအသင်း၏ ဘောလုံးကွင်းအတွင်း ယာယီဆေးရုံတည်ဆောက်ရန်လည်း ရည်ရွယ်ထားသည်။

"ဒီထက် မကျော်လွန်ဖို့ ပြည်သူတွေ စည်းကမ်းလိုက်နာဖို့လိုမယ်။ ဒါဆိုရင်ရောဂါပြန့်ပွားမှုကျသွားမယ်။ မလိုက်နာရင်တော့ ပိုဆိုးလာနိုင်တယ်" ဟု ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ထပ်မံပြောကြားသည်။

ပုသိမ်ဆေးရုံကြီးတွင် အလှူရှင်များ၏ လှူဒါန်းမှုအပါအဝင် သိန်း ၂၀ဝ နီးပါး တန်ဖိုးရှိသည့် အသက်ရှူစက်ငါးလုံးနှင့် အခြားစက်ကိရိယာများ  စုစုပေါင်း ကျပ်သိန်းတစ်ထောင်ကျော်ဖိုး  ဝယ်ယူအားဖြည့်နိုင်ခဲ့ကြောင်း၊ ကုသမှုခံယူနေသည့် ပိုးတွေ့လူနာမှာ ၁၆ ဦးရှိနေပြီး  ကြိုတင်ပြင်ဆင်ထားသည့် လူနာအရအေတွက်၏ထက်ဝက်သို့ ရောက်ရှိလာပြီဖစြ်ကြောင်း ခုတင် ၅၀ဝ ဆံ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးရုံးထံမှ သိရသည်။

R-04