News

POST TYPE

COVID 19

မြေနီကုန်း City Mart ဆိုင်ခွဲ၏ ငွေရှင်းကောင်တာမှ ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ပိုးတွေ့
16-Sep-2020

ရန်ကုန်၊ စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း မြို့နယ်၊ မြေနီကုန်းဆိုင်ခွဲ စီးတီးမတ်၏ ငွေရှင်းကောင်တာမှ ဝန်ထမ်းတစ်ဦးသည် Covid-19 ပိုးတွေ့ရှိသည်ကို အတည်ပြု ကြောင်း City Mart Holding Co., Ltd.(CMHL) က ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်မှ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီအတွင်း မြန်မာနိုင်ငံ၏ Covid-19 ဓာတ်ခွဲစစ်ဆေးချက်များ အရ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၄၂၄ ခုတို့ ကို ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၃၄ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။

ယင်းဓာတ်ခွဲအတည်ပြုလူနာ အသစ်များထဲတွင် CMHL ၏ တတိယ မြောက် ရောဂါပိုးကူးစက်ခံခဲ့ရသည့် ဝန်ထမ်း တစ်ဦး ပါဝင်လာခဲ့ကြောင်း ယင်းကုမ္ပဏီက အတည်ပြုထုတ်ပြန်ထားခြင်းဖြစ်ပြီး ငွေရှင်း ကောင်တာမှ ပိုးတွေ့ဝန်ထမ်းသည် ၎င်း၏မိသားစုဝင် ပိုးတွေ့အတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့သူဖြစ်ခဲ့သည့်အတွက် စက်တင်ဘာလ ၁၂ ရက်နေ့တွင် နောက်ဆုံး တာဝန်ထမ်းဆောင်ကာ သီးခြားအသွားအလာကန့်သတ်ရေးစခန်းကို သွားရောက်ပြီး စစ်ဆေးမှုခံယူခဲ့သူဖြစ်သည်။

စက်တင်ဘာလ ၁၂ ရက်နေ့တွင်ပင် စီးတီးမတ်မြေနီကုန်းဆိုင်ခွဲအား ပိုးသတ်ဆေးဖျန်းခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး နီးကပ်စွာ အလုပ် လုပ်ကိုင်ခဲ့ကြသည့် အခြားဝန်ထမ်းလုပ်ဖော် ကိုင်ဖက်များသည် အသွားအလာကန့်သတ်မှု ခံယူနေကာ အခြားဆက်စပ်မှုရှိသော လုပ်ဖော်ကိုင်ဖက်စာရင်း အသေးစိတ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သို့ အကြောင်းကြားပြီး လိုအပ်သည့် အသွား အလာကန့်သတ်မှုများခံယူနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအတွက်ကြောင့် ရောဂါပိုး တွေ့ရှိသူ ဝန်ထမ်းတာဝန်ထမ်းဆောင် ခဲ့သော စီးတီးမတ်မြေနီကုန်းဆိုင်ခွဲအား စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ယာယီ ပိတ်ထားမည်ဖြစ်ပြီး ကြိုတင်ကာကွယ်မှု များနှင့် လိုအပ်သည်များကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၆ ရက် နံနက် ၈ နာရီအချိန်အထိ Covid-19 အတည်ပြုလူနာ ၃၆,ဝ၀ ကျော်အထိရှိလာပြီး သေဆုံးသူ ၃၉ ဦး အထိ ရှိလာပြီဖြစ်သည်။

S-09