15-Mar-2017
2017 ခုနှစ်အတွက် ပထမဆုံး F စီးရီး စမတ်ဖုန်းဖြစ်သည့် OPPO F3 Plus ကို စတင်မိတ်ဆက်တော့မည်ဖြစ်သည်ဟု OPPO က ထုတ်ပြန်ထားသည်။ ကင်မရာ စွမ်းဆောင်ချက်များကို ဖန်တီးဆန်းသစ်မှုများဖြင့် ထုတ်လုပ်လေ့ရှိသည့် OPPO က F3 Plus တွင်လည်း ၎င်းတို့၏ အားသာချက်ဖြစ်သည့် ကင်မရာ နည်းပညာသစ်များကို ထည့်သွင်းပေးထားမည်ဖြစ်ပြီး Dual Selfie Camera နည်းပညာကိုလည်း F3 Plus တွင် ထည့်သွင်းအသုံးပြုသွားမည်ဖြစ်သည်။