News

17-Nov-2016
ဆက်တိုက် တက်နေသော အမေရိကန် ဒေါ်လာ ဈေးနှုန်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၁၃ဝ၄ ကျပ်မှ နိုဝင်ဘာလ ၁၇ ရက်နေ့၌ ၁၃၁၆ ကျပ်အထိ ဆက်တက်ကြောင်း ငွေကြေး ဈေးကွက်အတွင်းမှ သိရသည်။
17-Nov-2016
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဂျပန်-မြန်မာ အစိုးရအဖွဲ့ အထောက်အပံ့နှင့်အတူ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းပြီး ငါးနှစ်အတွင်း ဂျပန်ယန်းငွေ ၈၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ပုဂ္ဂလိက ကဏ္ဍ တိုးတက်ရန် ဝိုင်းဝန်း အကောင်အထည် ဖော်မည့် သဘောတူညီချက်နှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၇ ရက်နေ့က Japan-Myanmar Association က လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ထံမှ သိရသည်။
16-Nov-2016
သန့်ရှင်းမှုအားနည်းပြီး စံနှုန်း ပြည့်မီစွာ မထုတ်လုပ်သည့် ပဲဆီသန့် ကုမ္ပဏီ နှစ်ခုကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန် တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့က ခေါ်ယူ သတိပေးခဲ့ကြောင်း မြန်မာ စားသုံးသူများ သမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်က ပြောကြားသည်။
13-Nov-2016
ရွှေဘိုပေါ်ဆန်း စပါးတင်းတစ်ရာလျှင် ကျပ် ၁၂ သိန်းခွဲအထိ ပေါက်ဈေး ရှိနေသော်လည်း စပါးဝယ်လက် မရှိတော့ကြောင်း စပါးလှောင်လက်ပွဲစားများနှင့် တောင်သူကြီးများထံမှ စုံစမ်းသိရှိရသည်။
12-Nov-2016
ကမ္ဘာ့ရွှေဈေး ဆက်တိုက်ကျဆင်းခြင်းကြောင့် ပြင်ပဒေါ်လာဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်သို့ ရောက်ရှိကြောင်း ငွေကြေးဈေးကွက် အတွင်းမှ သိရသည်။ “ကမ္ဘာမှာကိုက ဒေါ်လာဈေးနှုန်းက မြင့်နေတာကြောင့်ပါ။ အဲ့ဒါကြောင့်ပဲ အာရှငွေဈေးတွေ တော်တော်များများက နိမ့်ကျနေတယ်လေ။ ကမ္ဘာ့ရွှေဈေးထပ် ကျရင်တော့ ၁၃ဝဝ ကျော် သွားနိုင်ပါတယ်'' ဟု ငွေကြေးဈေးကွက် အတွင်းမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဦးအတူးလေးက ပြောဆိုသည်။
12-Nov-2016
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ငရုတ်သီးမှုန့်များတွင် အသည်းကင်ဆာ ဖြစ်စေနိုင်သည့် မှိုအဆိပ်ဓာတ် (Aflatoxin) တွေ့ရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။
10-Nov-2016
အမေရိကန် သမ္မတအဖြစ် စီးပွားရေး လုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရမ့် တက်ရောက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲ များနိုင်ခြင်းကြောင့် ပြည်တွင်း ရွှေဈေးမှာလည်း အတက်အကျ ကြမ်းနိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။
10-Nov-2016
ဈေးကွက်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များသို့ နေ့စဉ် အမေရိကန် ဒေါ်လာ ရောင်းချပေးနေသော်လည်း ဘဏ်များက ဈေးကွက် အတွင်းသို့ ပြန်လည် ရောင်းချပေးခြင်း မရှိသည့်အတွက် ဈေးကွက်ကို ထိရောက်မှု မရှိကြောင်း နိုင်ငံခြားငွေ ဝယ်ရောင်းများက ဝေဖန်ပြောဆိုသည်။
10-Nov-2016
မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများ တိုးမြှင့်ရန် အခွင့်အလမ်းကောင်းများ သယ်ဆောင်လာမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက် အလုပ်အကိုင် အလားအလာများ ဖန်တီးပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Scot Marciel က ပြောကြားသည်။
08-Nov-2016
နိုဝင်ဘာ ပထမပတ်အတွင်း ပြင်ပ ဒေါ်လာဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ် ဈေးနှုန်းများသည် လိုက်ပါ ကျဆင်းခြင်း မရှိသည့်အတွက် ယခုအခါ ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာလျှင် ၁၂၉၄ ကျပ်သို့ ပြန်လည် မြင့်တက်လာကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
08-Nov-2016
ဂျပန်နိုင်ငံတွင် အလုပ်သမား ရှားပါးမှု ပြဿနာ ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်း ကြာမြင့်နေပြီး မြန်မာ အလုပ်သမားများ၏ လုပ်ကိုင်နိုင်စွမ်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဂျပန်လုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိ၍ လက်ရှိတွင် မြန်မာ အလုပ်သမား များစွာ လိုအပ်လျက်ရှိကြောင်း ဂျပန် ပြည်ပ အလုပ်အကိုင် အေဂျင်စီကုမ္ပဏီ Seller Buyer Society SBS Group ထံမှ သိရသည်။
07-Nov-2016
မြင့်တက်နေသော ပြည်တွင်းစက်သုံးဆီ လက်လီ၊ လက်ကား ဈေးနှုန်းများသည် ပြည်ပ ဈေးနှုန်းများ ပြန်လည် ကျဆင်း လာခြင်းကြောင့် လိုက်ပါ ကျဆင်းလာကြောင်း စက်သုံးဆီ ဈေးကွက်အတွင်းမှ သိရသည်။
06-Nov-2016
မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်များ ပေးနိုင်သည့် ဥပဒေဟူ၍ တိတိကျကျ မရှိခြင်းကြောင့် ယင်းကဏ္ဍသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှု နည်းပါးကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောကြားသည်၊၊
04-Nov-2016
ဆိုးရွားစွာ ကျဆင်းနေသော စပါးဈေးများ ပြန်လည် မြင့်တက်လာရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စပါး ဝယ်ယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
03-Nov-2016
ရန်ကုန်မြို့တွင် ဆောက်လုပ်ရေး ဈေးကွက် ကျဆင်းမှုကြောင့် ဆောက်လုပ်ရေး လောကထဲမှ ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင် ထက်ဝက်ကျော် ရပ်နားမှုများ ရှိလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရှိရသည်။