News

26-May-2017
အခွန်ပေးဆောင်ခြင်း မရှိသည့် မော်တော်ယာဉ် အရောင်းစင်တာနှင့် ပြခန်း ၂၁ ခုကို ပြည်တွင်းအခွန်များ ဦးစီးဌာနက အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း ယင်းဌာနထံမှ သိရသည်။
24-May-2017
ငွေစက္ကူအတုများကို အကြောင်းပြု၍ ဘဏ်ဝန်ထမ်းအချို့က ငွေစက္ကူများကို ကိုယ်တိုင်ဖျက်ဆီးခြင်း၊ အခြားသော ဌာနများကလည်း ငွေစက္ကူအပေါ်တွင် ရေးခြစ်ခြင်းများ ပြုလုပ်နေသောကြောင့် ယင်းဖြစ်ရပ်တို့ကို ဗဟိုဘဏ်ဥပဒေအရ တားမြစ် အရေးယူမည်
23-May-2017
ဘုရင့်နောင်ဈေးနှင့် ကုန်စည်ဒိုင်ကို ယခုနှစ်အတွင်း ဝါးတရာစက်မှုဇုန် အနီးသို့ ပြောင်းရွှေ့ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက စီစဉ်နေမှုကို ပြန်လည်သုံးသပ်သင့်ကြောင့် ယင်းကုန်စည်ဒိုင်မှ လုပ်ငန်းရှင်အချို့က အကြံပြု ပြောကြားသည်။
23-May-2017
သီလဝါ အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့တွင် ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုများ ပြုလုပ်ရာ၌ MPU ကတ်စနစ်ဖြင့် စတင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။
19-May-2017
တစ်ရက်အတွင်း ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ ၂၀ နီးပါး မြင့်တက်ခြင်းကြောင့် ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ခုနစ်ထောင်ခန့် မြင့်တက်သွားကြောင်း အခေါက်ရွှေဈေးကွက် အတွင်းမှ သိရသည်။
17-May-2017
ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားသော နယ်သာလန် နိုင်ငံအခြေစိုက် ကုမ္ပဏီ Shell က ပြည်တွင်းရှိ စက်သုံးဆီ ကုမ္ပဏီများနှင့် ပူးပေါင်း၍ စက်သုံးဆီ လက်လီဆိုင်များ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
15-May-2017
ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့မှ ဆန်စပါးများကို ဧပြီလမှစကာ တရုတ်ကုန်သည်များ ကိုယ်တိုင် လာရောက် ဝယ်ယူလျက်ရှိသည့်အတွက် စုံစမ်းစစ်ဆေး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
15-May-2017
ရွှေတင်သွင်းမှု ပမာဏကို သတ်မှတ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ သဘောထားမှတ်ချက် တောင်းခံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
15-May-2017
ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်နေ့ မှ ၂၈ ရက်နေ့အထိ(တစ်လအတွင်း) ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန် ဒေါ်လာ ၃၁၅ သန်းအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု ကိန်းဂဏန်းများအရ သိရသည်။
13-May-2017
တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်း ထပ်မံ တင်ပို့နိုင်ရန် ကမ်းလှမ်းထားသော်လည်း တရားဝင် သဘောတူညီချက် ရရှိရန်အတွက် ဝန်ကြီးအဆင့် သွားရောက် ဆွေးနွေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရှိ လုပ်ငန်းရှင်များထံမှ သိရသည်။
10-May-2017
စင်ကာပူအခြေစိုက် စွမ်းအင်သိုလှောင် ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ Puma Energy နှင့် ပြည်တွင်း ကုမ္ပဏီ Asia Sun Energy (ASE) တို့ အကျိုးတူ ပူးပေါင်းပြီး သီလဝါဆိပ်ကမ်းတွင် လောင်စာဆီ သိုလှောင်စခန်း တည်ဆောက်လိုက်ကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
10-May-2017
ရွှေဝယ်ခြင်းအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရာတွင် လက်ရှိအချိန်အထိ အခွန်တံဆိပ်ခေါင်း မရသေးသဖြင့် ရွှေအခွန် ကောက်ခံရာတွင် အခက်ကြုံနေကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။
08-May-2017
တစ်ဧက အထွက်နှုန်းတိုးပြီး တောင်သူများ ဝင်ငွေတိုးစေရန်အတွက် ၂၀၁၇ ခုနှစ် မိုးစပါးရာသီမှစကာ အကျိုးတူ ကန်ထရိုက်လယ်ယာ (Contract Farming) စနစ်ကို စပါးစိုက်ဧကပေါင်း သုံးသိန်းခန့် တွင်ကျယ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ထံမှ သိရသည်။
07-May-2017
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော ဂရိတ်ဟော်ခမ်း အများပိုင်ကုမ္ပဏီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်း၌ အမေရိကန် ဒေါ်လာ ၁၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည်
06-May-2017
မြန်မာနိုင်ငံတွင် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများကို လိုက်နာပြီး လူမှုရေး တာဝန်ရှိသည့် ပြင်သစ် စီးပွားရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်း လုပ်ဆောင်ရန် ဖိတ်ခေါ်မည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံမှ သိရသည်။