News

14-Feb-2019
ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် လေးလအတွင်း (အောက်တိုဘာလမှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ) ပြည်ပနိုင်ငံများသို့ ရေထွက်ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာသန်း ၃၀၀ နီးပါးအထိရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
12-Feb-2019
နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များ၏ နိုင်ငံခြားငွေလက်ကျန်အခြေအနေသည် ဗဟိုဘဏ် သတ်မှတ်ချက်ထက် ၂ ရက်ဆက်တိုက် မကျော်လွန်စေရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
12-Feb-2019
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပြင်ပြီးမှသာ နိုင်ငံတကာစံနှုန်းမီ ၉၉ ဒသမ ၉၉ အဆင့်ရှိသည့် ရွှေတုံးများကို ပြည်ပ တင်ပို့/တင်သွင်းခြင်း ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေတိုးဝင်းက ပြောကြားသည်။
12-Feb-2019
အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်း၏ ဘဏ္ဍာရေးစီမံကိန်း ရေးဆွဲခြင်းသင်တန်း (Financial Plan) သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။
12-Feb-2019
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းထွက်ကုန်များ ကိုရီးယားဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ရန်အတွက် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ထံမှ သိရသည်။
11-Feb-2019
မန္တလေးကုန်စည်ဈေးကွက်အတွင်း ပြီးခဲ့သည့်အပတ်အတွင်းက ဈေးကျခဲ့ရာမှ ယခုအခါ ပဲစင်းငုံ (သစ်) ဈေးနှုန်း အနည်းငယ် ပြန်လည်မြင့်တက်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။
11-Feb-2019
တရုတ်ပြည်မကြီးဈေးကွက်ကို အဓိကထားတင်ပို့နေရသည့် ဒေသတွင်းငါးရှဥ့်ဈေးကွက်သည် တရုတ်နှစ်ကူးမတိုင်မီ ဝယ်လိုအားမြင့်တက်ပြီးဈေးကောင်းရခဲ့သော်လည်း ပွဲတော်ရက်အပြီးရက်ပိုင်းမှာပင် တစ်ပိသာလျှင် ကျပ်၂၅၀၀ခန့် ကျဆင်းခဲ့သည်ဟု တောင်ငူမြို့ခံ ငါးရှဥ့်ကုန်သည်ကြီးများထံမှ သိရှိရသည်။
11-Feb-2019
ပြည်တွင်းနာမည်ကြီး စားသောက်ဆိုင်လုပ်ငန်းတစ်ခုဖြစ်သည့် YKKO ကြေးအိုးလုပ်ငန်းကို မြန်မာ့ထိပ်တန်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသိမ်းဝေ (Mr. Serge Pun) ဦးဆောင်သည့် Yoma Strategic ကုမ္ပဏီက ဝယ်ယူလိုက်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။
10-Feb-2019
ပြည်ပသို့ ကျွဲ၊ နွားတင်ပို့မှုအနေဖြင့် ဘဏ္ဍာနှစ်အသစ်ဖြစ်သည့် ၂၀၁ ၈ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ကျွဲ၊ နွားအကောင်ရေပေါင်း နှစ်သိန်းခန့်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
09-Feb-2019
နိုင်ငံတော် အစိုးရအနေဖြင့် ဆန်ဝယ်ယူသည့် ပြည်ပနိုင်ငံများ၏ အကြီးအကဲများ၊ ပါဝင်သူများနှင့် အစိုးရ အချင်းချင်း ချိတ်ဆက်သောစနစ် (G to G စနစ်)ဖြင့် ညှိနှိုင်းပြီး ယင်းနိုင်ငံများမှ Quota (ခွဲတမ်း) ပိုမိုရရှိရန် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြောကြားသည်။
09-Feb-2019
လက်ဖက်ဈေးကွက်ပိုမိုရရှိရန်အတွက် အာဆီယံနိုင်ငံများနှင့် နားလည်မှုစာချွန်လွာ(MoU)လက်မှတ်ရေးထိုး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်း(Myanmar Tea Association)ထံမှ သိရသည်။
09-Feb-2019
မြန်မာတန်ဖိုးမြှင့်ထုတ်ကုန်များ တရုတ်ဈေးကွက်သို့ တရားဝင်တင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံမှ Glope Shenzhen Co., Ltd. က မြန်မာကုန်သည်များကို လာရောက်ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
09-Feb-2019
Hundai ကားများပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်မည့် Shwe Dahan Motor ကုမ္ပဏီနှင့် ကိုရီးယားအခြေစိုက် အရစ်ကျချေးငွေဝန်ဆောင်မှုနှင့် Credit Card ဝန်ဆောင်မှုများလုပ်ကိုင်သည့် KB Kookmin Card ကုမ္ပဏီတို့သည် ဖေဖော်ဝါရီလ ၈ ရက်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံအနီးရှိ Hyundai ကားအရောင်းပြခန်းတွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။
07-Feb-2019
အိန္ဒိယဘက်က အဝယ်ပိတ်ပြီးနောက် ဈေးနှုန်းဆက်တိုက်ကျဆင်းခဲ့သော မတ်ပဲဈေးသည် ယခုရက်ပိုင်းအတွင်း မတ်ပဲတစ်အိတ်လျှင် ၅၀၀၀ ကျပ်ဝန်းကျင်သို့ ဈေးပြန်တက်ကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။
07-Feb-2019
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိပြုလုပ်မည့် VIV Asia 2019 တွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်က ပြခန်းတစ်ခန်းဖြင့် ဝင်ရောက်ပြသရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။