24-Dec-2020
စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပါးဇီဝဥယျာဉ်ဌာနစုရှိ သုတေသနပညာရှင်များသည် စပါးပင်၏ အစိတ်အပိုင်းများ အကျိုးရှိစွာအသုံးချနိုင်ရန်ရည်ရွယ်၍ စပါးသီးနှံရိတ်သိမ်းခြင်းမှရရှိသော ဘေးထွက်ပစ္စည်း ကောက်ရိုးမှစက္ကူထုတ်လုပ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။