News

POST SECTION

AUTO-MOBILE

30-Jul-2018 tagged as
ကားလမ်းတွေ၊ ရထားလမ်းတွေကလည်း ပိတ်ထားတော့ ရန်ကုန်ပြန်မယ့်သူတွေအတွက် ရေမြန်မြန် ကျပါစေပဲ ဆုတောင်းတယ်။ လေယာဉ်ကလည်း ပိုက်ဆံရှိတဲ့လူတွေလောက်ပဲ စီးနိုင်တော့ အဆင်မပြေဘူး။ ကရင်ပြည်နယ် ဘက်တွေလည်း ရေတွေကြီးလို့ ကျောင်းတွေရေမြုပ်၊ ကားတွေမထွက်ကြဘူး။ ထပ်ပြီးတော့ ရေမကြီးပါစေနဲ့ပဲ ဆုတောင်းတယ်။
ကားနဲ့ပတ်သက်လို့ လုပ်ငန်းလုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်အမျိုးအစား ငါးခုရှိပါတယ်။ အဲဒါတွေကတော့ “က”၊ “ခ”၊ “ဂ”၊ “ဃ” နဲ့ “င” ဆိုပြီးဖြစ်ပါတယ်။
09-Jul-2018 tagged as
ရူပဗေဒသဘောတရားအရ ယာဉ်မတော်တဆမှုဖြစ်ရင်ပဲဖြစ်ဖြစ်၊ ရုတ်တရက် ဘရိတ်ဆောင့်နင်းလိုက်လို့ပဲဖြစ်ဖြစ် Speed က ရုတ်ရက်ရပ်သွားလို့ ကားရပ်သွားတယ်ဆိုပေမယ့် အထဲက လူတွေကတော့ မရပ်ပါဘူး။ အဲ့တော့ ရှေ့ကို အရှိန်နဲ့ ရိုက်မိတဲ့အခါ လေအိတ်က ပွင့်လာမှာပါ။ အဲဒီအချိန်မှာ လေအိတ်တွေဟာ အမြန်ဖောင်းလာစေတာ လေအိုးထဲကလေကို ဖြည့်လိုက်တာမျိုး မဟုတ်ဘဲ လေအိတ်ထဲမှာက ယမ်းတောင့်ပါပါတယ်။ Chemical Explosion ဖြစ်လို့ ဖောင်းလာတဲ့သဘောမျိုးပါ။ အဲဒီအချိန်မှာ လေအိတ်က သူ့အလုပ်ဖြစ်တဲ့ စတီယာရင်နဲ့ ခေါင်းနဲ့ မဆောင့်မိဖို့ကို လုပ်ဆောင်ပေးဖို့ လေအိတ်ကို ပွင့်ပေးလိုက်ပေမယ့်လူက ခါးပတ်မရှိတဲ့အတွက် အပေါ်ကပြောသလို ဒုက္ခတွေကို တွေ့စေနိုင်ပါတယ်။
25-Jun-2018 tagged as YBS
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ရန်ကုန်ဘူတာကြီး၊ ဆူးလေရှန်ဂရီလာမှတ်တိုင်တွေကို YBS Airport Shuttle Bus တွေ ဇွန်လ ၂၂ ရက်နေ့က စတင်ပြေးဆွဲနေပါတယ်။ ဒီခရီးစဉ်အတွက် ယာဉ်စီးခနှုန်းထား တစ်ယောက်ကို ၅၀၀ သတ်မှတ်ထားပြီး နေ့စဉ် ယာဉ်အစီးရေ ၅၀ နဲ့ ပြေးဆွဲပေးသွားမှာပဲဖြစ်ပါတယ်။ ဆူးလေ ကနေဘူတာကြီး၊ လေဆိပ်တိုက်ရိုက်ပြေးဆွဲတာဖြစ်တဲ့အတွက် မှတ်တိုင်တိုင်းတော့ ရပ်မှာမဟုတ်ပါဘူး။