News

POST TYPE

AUTOMOBILE

သရုပ်ဆောင် သဲနော်ဇာနှင့် တွေ့ဆုံခြင်း
27-Aug-2018
“ကားကိုအလှဆင်တာလေးတွေ ပန်းရောင်လေးတွေဆင်တာတို့ ဘာတို့တော့ကြိုက်တယ်”



ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ သရုပ်ဆောင် သဲနော်ဇာနဲ့တွေ့ဆုံပြီး သူလက်ရှိစီးနေတဲ့ ကားအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

Voice : ညီမလက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး သိပါရစေ။
TNZ : ညီမလက်ရှိ Wish စီးနေပါတယ်။ 

Voice : ဒီကားကိုရော ဘယ်လောက်ကြာကြာ စီးပြီးပြီလဲ ညီမ။
TNZ : ဝယ်ထားတာတော့ သိပ်မကြာသေးဘူး။

Voice : ဒီအရင်ကရော ဘာကားအမျိုးအစားတွေ စီးခဲ့ဖူးလဲ။
TNZ : ဒီအရင်ကတော့ Civic တို့၊ Insight တို့၊ Alphard တို့လည်း စီးဖူးတယ်။ ကားတွေကတော့ အိမ်က ခဏခဏ ပြောင်းစီးတယ်။ 

Voice : ကားခဏခဏပြောင်းစီးရတာမျိုး သဘောကျလား။
TNZ : မိန်းကလေးဆိုတော့ ကားအမျိုးအစားအပေါ် ခရေဇီဖြစ်တယ်ရယ်လို့တော့ မဟုတ်ဘူး။ ကားကို အလှဆင်တာလေးတွေ ပန်းရောင်လေးတွေဆင်တာတို့ ဘာတို့တော့ ကြိုက်တယ်။

Voice : ဒါဆို ကားဆိုရင် မိန်းကလေးဆန်တဲ့ အရောင်လေးတွေ သဘောကျလား။
TNZ : ကားဆို ပန်းရောင်လေးတွေ သဘောကျတယ်။ 

Voice : ကားမှာရော ဘယ်လိုလေးတွေ အလှဆင်ရတာ သဘောကျလဲ။
TNZ : Hello Kitty လေးတွေဆင်ရတာ သဘောကျတယ်။

Voice : အခုစီးနေတဲ့ကားကရော သရုပ်ဆောင်တစ်ယောက်အနေနဲ့ အဆင်ပြေတယ်လို့ ခံစားရလား။
TNZ : ညီမကတော့ သရုပ်ဆောင်တွေ တော်တော်များများဆို Alphard က အဆင်ပြေတယ်။ နောက်ပြီး အန်စာတုံးတို့၊ ဘာလို့လဲဆို တစ်ခါတလေ အဝတ်အစားဆိုတာလည်း ကားထဲမှာပဲ လဲဖြစ်တာများတော့ ကျယ်တာကို သဘောကျတယ်။ 

Voice : ကားကျတော့ရော ညီမကိုယ်တိုင်ပဲ မောင်းတာလား။
TNZ : ကိုယ်တိုင်တော့ သိပ်ပြီးမမောင်းဖြစ်ဘူး။ အမြဲတမ်းက အလုပ်တွေများတော့ အမေက ပေးမမောင်းဘူး။ တစ်ခါတလေမှပဲ ပေးမောင်းတာ။

Voice : မြို့တွင်းမှာကျတော့ ယာဉ်စည်းကမ်းလိုက်နာမှုအပေါ်ရော ဘယ်လိုမြင်လဲ။
TNZ : ညီမအမြင်ပြောရရင်တော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာမှု အားနည်းတယ်လို့ မြင်ပါတယ်။ ကိုယ်အလျင်လိုရင် လိုသလိုတွေ မောင်းနေကြတာပဲ။ အဲဒီလို မြင်မိတယ်။

Voice : ကားမောင်းတဲ့အခါ ဘာတွေကို အဓိကသတိထားပြီး မောင်းလေ့ရှိလဲ။
TNZ : အဓိကကတော့ အလုပ်ကိစ္စတွေရှိနေလို့ ဇောကပ်နေတဲ့အချိန်တွေဆို မမောင်းသင့်ဘူး။ ညီမကတော့ အဲဒီလိုထင်တယ်။

ခိုင်ချယ်ရီထွန်း