News

POST TYPE

AUTOMOBILE

ကောလာဟလကြောင့် မော်တော်ယာဉ် အရောင်းအဝယ် ဆက်လက်အေးစက်
12-Jul-2016

ရန်ကုန်၊ ဇူလိုင် ၁၀

မော်တော်ယာဉ်မူဝါဒ အပြောင်းအလဲများ သြဂုတ်လအတွင်း ဖြစ်မည်ဟူသော ကောလာဟလကြောင့် မော်တော်ယာဉ် ဈေးကွက်အတွင်း အရောင်းအဝယ် ဆက်လက် အေးစက်ကြောင်း မော်တော်ယာဉ် ဝယ်ရောင်းများထံမှ သိရသည်။

ရန်ကုန်လိုင်စင် ပိတ်ထားခြင်းနှင့် ပတ်သက်၍ သဘောထား အမြင်များ တောင်းခံမည့် ဖိုရမ်တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြုလုပ်မည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိပြီး ယင်းမှတစ်ဆင့် ရန်ကုန်လိုင်စင် ဆက်လက် ပိတ် ထား၊ မထား အဖြေ ထွက်ပေါ်လာနိုင်ကြောင်း မော်တော်ယာဉ် လုပ်ငန်းရှင်များက ခန့်မှန်း ပြောဆိုကြသည်။

“ထူးမယ်ဆိုပြီးတော့ ပြောနေကြတာပဲ။ ဝယ်တဲ့သူတွေကလည်း အဲဒါကို စောင့်နေကြတာ ထင်တယ်။ မလာကြဘူး” ဟု လှိုင် ယာဉ်ရောင်းဝယ်ရေး စခန်းမှ ကား ဝယ်ရောင်း ဦးအေးကျော်က ဆိုသည်။
ရန်ကုန်လိုင်စင်များ ပိတ်ထားခြင်းနှင့် ဝင်ငွေခွန် ပေးဆောင်ရခြင်းတို့ကြောင့် Free Permit မော်တော်ယာဉ် တစ်စီးလျှင် ကျပ်သိန်း ၂၀ မှ ၃၀ ခန့်အထိ မြင့်တက်လျက်ရှိကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

  • VIA