News

18-Dec-2016
လွန်ခဲ့သောလပေါင်း အတန်ကြာက ခေါင်းဆောင်နှစ်ဦးအကြား ပြသခဲ့သော သင့်မြတ်မှုသည် ယခုအခါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ တုံ့ပြန်မှု မရှိသော စီမံပုံကို ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခြင်းနှင့် Facebook တွင် မှတ်ချက်ပေးခြင်း အဆင့်သို့ လျော့ကျသွားပြီ ဖြစ်သည်။
18-Dec-2016
၂၀၁၄ ခုနစ်မှ စတင်ပြီး အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (ISIS) နယ်မြေသိမ်းပိုက်မှုများနှင့် သြဇာလွှမ်းမိုးမှု သိသိသာသာ ကြီးထွားလာခြင်းကို ကြည့်ပါက ISIS သည် ၎င်း၏ရှေ့က အယ်ကေဒါနှင့်မတူ သိသိသာသာ ကွဲပြားသည့် အင်အားစု ဖြစ်သည်ကို သိနိုင်သည်။ ISIS အဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ရှင်းပြရန် ကြိုးပမ်းရာတွင် ကပြားစစ်ဆင်မှုပုံစံ (Hyrid Warfare) နှင့် မီးခိုးရောင်ဇုန် ပဋိပက္ခ (Grey Zone) ဆိုသည့် အယူအဆများသည် အသုံးဝင်သည်။ ကပြားစစ်ဆင်မှု ရန်သူသည် သမားရိုးကျ စစ်ဆင်ရေးပုံစံ၊ ပုံမှန်မဟုတ်သည့် စစ်ဆင်ရေးပုံစံနှင့် ရာဇဝတ်မှုပိုင်းဆိုင်ရာ နည်းလမ်းများကို အသုံးပြုပြီး နိုင်ငံရေး ရည်မှန်းချက် ရရှိအောင် လုပ်ဆောင်မည် ဖြစ်သည်။ ယင်းကပြားစစ်ဆင်မှု ရန်သူသည် နိုင်ငံတော်အုပ်ချုပ်မှု ပုံစံမှသည် စစ်ရှိန်မြင့် စစ်ပွဲပုံစံ မဟုတ်သည့် စစ်ဆင်ရေး နယ်မြေထိ ပါဝင်နေသည့် နယ်မြေကို လွှမ်းခြုံထားသော မီးခိုးရောင်ဇုန်တွင် လှုပ်ရှားကြီးထွားမည် ဖြစ်သည်။
18-Dec-2016
အချို့အကူအညီများသည် အရေးမကြီးလောက်ဟု ထင်ရသည်။ သို့သော် အဆိုပါ အကူအညီကို လိုနေသူ တစ်ဦးတစ်ယောက် အတွက်တော့ သိကြားမင်း ဆင်းလာသကဲ့သို့ ခံစားရပေလိမ့်မည်။ လူသားချင်း စာနာသော အကူအညီမှန်သမျှသည် မည်မျှပင်သေးငယ် စေကာမူ အရေးကြီးသည်ချည်း ဖြစ်ပါသည်။ လိမ္မော်ရောင် အဝတ်လျှော် ကားများကတော့ ရုံးပိတ်ရက် ကျောင်းပိတ်ရက်တိုင်း လမ်းမပေါ်တွင် မောင်းနေကာ ကူညီနေမြဲ ဖြစ်သည်။
18-Dec-2016
အစိုးရ ဆိုတာကတော့ဖြင့် သူ့ကို သွားထိရင် အကုန်ပြန်တွယ်တဲ့ အမျိုးကြီးပဲ။ လူကိုပစ်တဲ့ လူပစ် အစိုးရ၊ လူကိုရိုက်တဲ့ လူရိုက်အစိုးရ၊ လူကိုထုတဲ့ လူထု အစိုးရ ... အို အစိုးရမှန်သမျှကတော့ ဒီနေရာမှာ အားလုံး အတူတူပဲ။
17-Dec-2016
ကမ္ဘာ့နိုင်ငံတော်တော်များများ လျှပ်စစ်မီး ထိန်ထိန်ညီးနေချိန်တွင် မြန်မာနိုင်ငံတွင်မူ နိုင်ငံ၏ ဧရိယာ ၇၀ ရာခိုင်နှုန်းမှာ မဲမှောင်နေသည်။ အာဆီယံ နိုင်ငံများထဲ၌ လျှပ်စစ်မီး သုံးစွဲမှုတွင် မြန်မာနိုင်ငံသည် အနိမ့်ဆုံးအဆင့်တွင် ရှိနေသည်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို လူထုအခြေပြု ပြန်ပြည့်မြဲ စွမ်းအင်ဖြင့် တိုးချဲ့ထုတ်လုပ်နိုင်ရန် လိုအပ်နေပြီ ဖြစ်သည်။
17-Dec-2016
ရဲတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည့် အောက်တိုဘာလဆန်း အကြမ်းဖက်ခံရမှု ဖြစ်ပွားအပြီး ရက်ပိုင်းအတွင်း အစိုးရက မောင်တောတိုက်ခိုက်မှုကို ပြည်ပအစွန်းရောက်အဖွဲ့များနှင့် ချိတ်ဆက်ထားသော မွတ်ဆလင် ဂျီဟတ်ဝါဒီ အကြမ်းဖက်အုပ်စု တစ်ခုက ကျူးလွန်သည်ဟု တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
15-Dec-2016
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အောက်တိုဘာလနှင့် နိုဝင်ဘာလ အတွင်းက အစိုးရ လုံခြုံရေး တပ်ဖွဲ့များ တိုက်ခိုက်ခံရသော ဖြစ်ရပ်များသည် ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ထိုဒေသတွင် ဖြစ်ပွားခဲ့သမျှ ဖြစ်ရပ်များနှင့် အရည်အသွေးကော၊ အရေအတွက်ပါ ကွဲပြားခြားနားမှု ရှိသည်။
13-Dec-2016
“ဒီမှာက အရွယ်လေး ရောက်လာပြီ ဆိုတာနဲ့ လက်ထပ်ကြရတယ်။ ပထမကလေး မွေးဖွားပြီးရင် ယောက်ျားကိုယ်တိုင်က မိန်းမကို ဆွယ်ပေးတော့တာပဲ။ မိန်းမတွေကလည်း ငြင်းခွင့် မရှိဘူး။ သူတို့ ကိုယ်တိုင်က ဒီမှာ လူလာဖြစ်နေကြရတာ မဟုတ်လား။ သူတို့မှ ဒီဘဝက လွတ်မြောက်ဖို့ ရှောင်လွှဲနိုင်စရာ လမ်းမရှိဘူး။ ၈ နှစ်နဲ့ ၁၀ နှစ်လောက်တော့ အနည်းဆုံး လုပ်ကျွေးနေကြရမှာပဲ။ နောက် သမီးဖြစ်သူ အရွယ်ရောက်လာရင်လည်း သူ့လိုဘဝ ရောက်အောင် တောင်းဆိုခြင်း ခံရမှာပဲ”
12-Dec-2016
မန်မာနိုင်ငံနှင့်ပတ်သက်၍ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာမှ မီဒီယာများ လတ်တလော ထုတ်လွှင့်၊ ရေးသားဖော်ပြနေမှုများကိုကြည့်လျှင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂါလီပြဿနာက ထိပ်ဆုံးနေရာတွင်ရှိနေသလို ယင်းပြဿနာအပေါ် မီးမောင်းထိုးဖော်ပြရာ၌ အလွန်အမင်း အနုတ် လက္ခဏာဆောင်သည့် တင်ဆက်မှုများ ဖြစ်နေရုံမျှမက မှားယွင်းသည့် သတင်းအချက်အလက်များကိုပါ ထည့်သွင်းလာသည့် အနေအထားမျိုးဖြစ်နေသည်ကိုပင်တွေ့ရပါသည်
11-Dec-2016
“ကျွန်တော့်ဘဝ တစ်လျှောက်လုံးမှာ ပညာရဖို့နဲ့ ပိုက်ဆံရဖို့အတွက် အလုပ်ကို ကြိုးစားတယ်။ မျက်မမြင် တစ်ယောက် အနေနဲ့ ကိုယ့်ဘာသာ ရပ်တည်နိုင်အောင် တည်ဆောက်ခဲ့တယ်။ မျက်မမြင်တွေအတွက် အကောင်းဆုံးနဲ့ အသုံးချလို့ အရဆုံး ပညာရပ်က ဒီအနှိပ်ပညာပဲ ရှိတယ်။ အခုဆို ကျွန်တော် ဒီကြည့်မြင်တိုင်မှာ ကိုယ်ပိုင်အိမ်နဲ့ ကိုယ်ပိုင် အနှိပ်ခန်းလေးနဲ့ ဖြစ်လာတာ ဆယ်စုနှစ် တစ်စု ကျော်လာခဲ့ပြီ။ သားသမီး နှစ်ယောက်လည်း ရှိလာပြီ။ ကျွန်တော်ဟာ မျက်မမြင် တစ်ယောက်ပေမယ့် မိသားစုကို ဦးဆောင်နိုင်တဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ”
11-Dec-2016
ဂျာမနီနိုင်ငံ၏ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး လက်ရှိ ဂျာမနီနိုင်ငံတွင် ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်လျက် ရှိသည်။ သူမသည် ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံ (CDU) ၏ ခေါင်းဆောင် တစ်ဦးလည်းဖြစ်သည်။
11-Dec-2016
ရန်ကုန်မြို့တော် လူစည်ကားလှတဲ့ ဘုရားပွဲတော်တွေထဲမှာ မိုးကောင်း ဘုရားပွဲလည်း ပါဝင်ပါတယ်။ မယ်လမု ဘုရားပွဲပြီးရင် ဈေးဆိုင်ခန်း အများဆုံး ပွဲတော်ပါ။ ဒီနှစ်မှာ ပြုလုပ်တဲ့ ၁၂၄ ကြိမ်မြောက် ဘုရားပွဲတော်ကို ဒီဇင်ဘာ ၉ ရက်နေ့ကနေ့ ၁၈ ရက်နေ့အထိ ကျင်းပမှာမို့ သွားရောက် လေ့လာလိုသူတွေ၊ လည်ပတ်ချင်သူတွေအတွက် မိုးကောင်း ဘုရားပွဲတော်က မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
11-Dec-2016
ဆွယ်တာမြို့တော်ဟု တင်စားခေါ်ဆိုရမည့် ပြင်ဦးလွင်မြို့တွင် ဒေသထွက် ဆွယ်တာထည်များထက် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် ဆွယ်တာထည်များက ဈေးကွက်အတွင်း နေရာယူမှု ပိုများနေပြီဖြစ်ကြောင်း ဒေသခံ အထည်ဆိုင်များက တူညီစွာ ပြောဆိုကြလေပြီ။
11-Dec-2016
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများသို့ ဝင်ထွက်ရာ ကမ်းနားလမ်း တစ်လျှောက်တွင် ကုန်သေတ္တာတင် ယာဉ်အစီးရေ ထောင်နှင့်ချီ၍ ပိတ်ဆို့နေသည်။ ထိုကုန်ယာဉ်တန်းကြီးသည် ငါးမိုင်ထက်မနည်း ရှည်လျားနိုင်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း မော်တင်မှ သီရိမင်္ဂလာဈေးသစ်အထိ မကြုံစဖူး ပိတ်ဆို့လျက် ရှိသည်။