News

31-Dec-2016
မင်းအိုချမ်းသာ ဘုရားရှေ့သို့ ခြေချမိသည့်အခိုက် ပဋ္ဌာန်းရွတ်သံသဲ့သဲ့က လွင့်ပျံ့လာသည်။ ဟောင်းနွမ်းနေသည့် ဒန်ခွက် တစ်လုံးနှင့် မတုန်မလှုပ် ကျောက်ရုပ်သဖွယ် အမျိုးသမီးတစ်ဦး မင်းအိုချမ်းသာ ဘုရားရှေ့ လှေကားထစ်တို့တွင် ငုတ်တုတ်ထိုင်လျက်။
31-Dec-2016
နိုင်ငံရေး၊ စီးပွားရေး စသော အခြေအနေ အရှုပ်အထွေး အမျိုးမျိုးဖြင့် ကျပ်တည်းနေသော ကာလတွင် မဖြူစင်တို့ တစ်သိုက်၏ ခိုးကြောင်ခိုးဝှက် မဝံ့မရဲဖြင့် အကူအညီ တောင်းလာသော အသံမှာ ခပ်တိုးတိုးသာ ဖြစ်မည်။ သူတို့လေးတွေ၏ အသံမှာ တိုးကောင်း တိုးနိုင်သော်လည်း နားစွင့်သူတို့အဖို့ ကြားနိုင်ပါသည်။
31-Dec-2016
မြို့ပြဖွံ့ဖြိုး တိုးတက်မှုများနှင့်အတူ လူနေထူထပ်မှုများကို ဖြေရှင်းရန် မန္တလေးမြို့တော်၌ အထပ်မြင့်တိုက်တာ အဆောက်အအုံများ ဆောက်လုပ်မှု များပြား လာသည်နှင့်အမျှ ထိုအထပ်မြင့်များတွင် နေထိုင်သူများ၏ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ရပ်နားထားရှိရန် နေရာ အခက်အခဲကိုပါ တစ်ပြိုက်နက် ကြုံလာရလေသည်။
31-Dec-2016
အင်တာနက် အသုံးပြု၍ လူတစ်ဦးကို ခြောက်လှန့်ခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်း ပြုလုပ်ပါက ပုဒ်မ ၆၆ (ဃ) ရှိသည်။ အွန်လိုင်း အသုံးပြု၍ အထက်ပါ အချက်များကို လုပ်ဆောင်သည်ဟု တိုင်တန်းသူ ရှိပါက အာမခံ ရ၊ မရ မသေချာဘဲ အချုပ်ထဲသို့ ရောက်သွားနိုင်သည်။
30-Dec-2016
ကြယ်တံခွန်ပေါ်ခြင်းကို ရောမ-အီဂျစ် ယဉ်ကျေးမှုကြီးများ ထွန်းကားနေစဉ် ကတည်းက တိုင်းပြည်၌ မင်းရေးတိုင်းရေး ပြည်ရေးတို့အတွက် နိမိတ် မကောင်းတတ်သလို တိုင်းပြည်၌ အနိဋ္ဌာရုံတို့ကိုသာ ဖန်တီး လာတတ်သည်ဟု မှတ်ယူ ထားခဲ့ကြပါသည်။
30-Dec-2016
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ‘ဝ’ ပြည်နယ် (ဒေသ) ၏ နိုင်ငံခြားရေးပေါ်လစီကို တရုတ်နိုင်ငံက အနီးကပ် လေ့လာစောင့်ကြည့်လျက် ရှိသည်။ လက်နက်ကိုင်အင်အား သုံးသောင်းခန့်နှင့် ဖွဲ့စည်းထားသည့် ညီညွှတ်သော ‘ဝ’ ပြည်နယ် တပ်မတော် (UWSA) ၏ အုပ်ချုပ်ရေး အရာရှိများနှင့် ၎င်း၏ နိုင်ငံရေးအုပ်စုက အနောက်အစိုးရများနှင့် ထိတွေ့ဆက်ဆံမှုနှင့်အတူ စီးပွားရေး (သို့မဟုတ်) အကူအညီပေးရေး အုပ်စုများသည် ထိလွယ်ရှလွယ် ဖြစ်စေသည်ဟု ဆိုသည်။
29-Dec-2016
ထိုင်းနိုင်ငံ ဓမ္မကာယ လှုပ်ရှားနေသော ဗုဒ္ဓဘာသာဆိုင်ရာ လှုပ်ရှားနေမှုများသည် အစဉ်အလာ ကိုးကွယ်ယုံကြည် လှုပ်ရှားနေသည့် ဗုဒ္ဓဘာသာ သဘောတရားများနှင့် ဆန့်ကျင်နေသည်။ သူတို့ လုပ်ဆောင်နေသည့် အယူအဆနှင့် လှုပ်ရှားမှုများက တရုတ်ရိုးရာ အစဉ်အလာတွေ ပါဝင်နေသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ လိုက်နာကျင့်သုံးရမည့် ဝိနည်းသိက္ခာပုဒ်တွေကိုလည်း သူတို့ လိုက်နာချင်မှ လိုက်နာကြသည်။ သူတို့ လုပ်ဆောင်နေသည့်၊ ကျင့်ကြံအားထုတ် ပြောဆိုနေသည့် သဘောတရားများကပင် ဗုဒ္ဓဘာသာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေမှုများ ရှိနေသည်။ ထို့ကြောင့်လည်း ပညာရှင်များက ဗုဒ္ဓဘာသာ မဟုတ်ဟု ပြောဆိုဝေဖန်ခဲ့ကြသည်။
28-Dec-2016
အမေရိကန်၏ အခြေခံ အဆောက်အဦများသည် တဖြည်းဖြည်းနှင့် ဆိုးရွားလာနေပြီး အကယ်၍ နိုင်ငံ၏ တိုးတက်မှု မရှိသော သယ်ယူ ပို့ဆောင်မှု၊ ရေနှင့် အခြားသော အခြေခံ အဆောက်အဦ စနစ်များကို လျင်မြန်စွာ ပြုပြင် ထိန်းသိမ်းခြင်း မရှိပါက အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံ ရုန်းကန်ရသည့် အခြေအနေမျိုးကဲ့သို့ ရင်ဆိုင်တွေ့ကြုံ ရနိုင်သည်။
27-Dec-2016
ဘာလင်သားအချို့က သူတို့လုပ်ငန်းမပျက်၊ ခရီးဆက်နေကြကြောင်း ပြောကြသည်။ သူတို့အတွက် ကြံ့ကြံ့ခံနိုင် စွမ်းအားများ ရှိပြီးသား ဖြစ်သည်။ အချို့ကလည်း နောက်ထပ် အကြမ်းဖက် တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။ သို့သော် သူတို့အနေအထားမပျက် ခရီးဆက်ကြမည့်သူများ ဖြစ်သည်။
26-Dec-2016
ဖေ့စ်ဘွတ် သုံးနေရင်း ဒုန်းခနဲ အသံ ကြားလိုက်ရပြီး ကားဘေးမှ သစ်ပင်များက ရိပ်ခနဲ ရိပ်ခနဲ မြင်လိုက်ရသည်။
25-Dec-2016
ရုရှားသံအမတ်ကြီး သတ်ဖြတ်ခံရမှုသည် ရုရှားသမ္မတ ပူတင်၏ ပိုမိုရန်လိုလာမှု၊ တူရကီသမ္မတ အာဒိုဂန်၏ အစ္စလာမ္မစ် တန်ဖိုးများ မြှင့်တင်လာမှု၊ သံအမတ်ကြီးတွင် လုံခြုံရေး အစီအစဉ် ကင်းမဲ့နေမှုတို့ကြောင့်ဟု အမျိုးမျိုး ပြောကြားနိုင်မည် ဖြစ်သည်။
25-Dec-2016
အခြေခံလူတန်းစား အများစုသည် အရေးပေါ် ငွေရေးကြေးရေး လိုအပ်ချက်အတွက် သမာဓိကဲ့သို့ အပေါင်ဆိုင်များကို အားထားရကြောင်း သူက ဆိုသည်။လွယ်ကူသည်။ မြန်ဆန်သည်။ ပေါင်နှံသူ စီးပွားရေး အဆင်ပြေလျှင် မိမိပစ္စည်း ချက်ချင်း ပြန်လည်ရယူနိုင်သည်။ အမိန့်ရ အပေါင်ဆိုင်များသည် လက်တစ်ကမ်းမှ ငွေပင်ငွေရင်းများသဖွယ် ဖြစ်ပြီး အားထားရကြောင်း သူက ဆိုသည်။
25-Dec-2016
ဇင်ဘာဘွေနိုင်ငံ၏ စာမတတ် ပေမတတ် လူဦးရေများသည့် တောအရပ်တွင် အလွန်ဆိုးဝါး ယုတ်ညံ့လှသော မှားယွင်းယုံကြည်မှုတစ်ခု ရှိနေသည်။ HIV/AIDS ဖြစ်နေသော အမျိုးသားတစ်ဦးသည် အပျိုစင် စစ်စစ်ကို မုဒိမ်းကျင့် လိင်ဆက်ဆံလိုက်ပါက ရောဂါဝေဒနာ ပျောက်ကင်းသည်ဟူသော အယူဖြစ်သည်။ ရိုးရာပယောဂ ဆရာများကလည်း ထိုနည်းလမ်းကို အားပေးအားမြှောက်နေကြသည်။ သို့နှင့် ရာပေါင်းများစွာသော မိန်းကလေးငယ်များ မုဒိမ်းကျင့်ခံရသည်ဟု UNICEF က ထုတ်ပြန်ထားသည်။ တချို့ဆို လမ်းပင် မလျှောက်တတ်သေးသော ကလေးများ ပါဝင်သည်။
25-Dec-2016
မကြာခဏ ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်တတ်သည့် မန္တလေး-ပြင်ဦးလွင် ကားလမ်းတွင် အချိန်ကုန် သက်သာစေမည့် လမ်းအသစ်အတွက် သစ်ပင်ပေါင်း သောင်းနှင့်ချီ၍ လဲလှယ်ရန် ရှိနေပါသည်