News

29-Dec-2019
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူများဟာ အာခံတွင်းကင်ဆာ ပိုပြီးတော့ ဖြစ်နိုင်ခြေ ရှိပါတယ်တဲ့။ တို့က အီးစီးကရက်သောက်တာဆိုပြီးလည်း လွတ်မယ် မထင်ပါနဲ့။ သူတို့ထဲမှာ ကင်ဆာကိုဖြစ်စေတဲ့ ကာစီနိုဂျင်စ်တွေ ပါဝင်ပါတယ်။
29-Dec-2019
လွန်ခဲ့သောတစ်နှစ်ခန့်က စတင်၍ ပြင်သစ်နိုင်ငံရှိမြို့ကြီးများ၏ လမ်းမများပေါ်တွင် အဝါရောင်ခါးပါတ် (Yellow Vest) ဟူ၍ တစ်ခါတစ်ရံ လူရာပေါင်း ထောင်ပေါင်းများစွာတို့ပါဝင်သော အလုပ်သမားများ၏ သပိတ်ဆန္ဒပြပွဲများ ကျင်းပခဲ့ကြပါသည်။ Yellow Vest မှာ ပြည်သစ်မှ ကားသမားများ၏ ညအမှောင်တွင် ရောင်ပြန်ဟတ်နေသာဝတ်စုံဖြစ်၍ ကားတိုင်းတွင် ရှိကြရပါသည်။
22-Dec-2019
ယခုအခါ လွန်ခဲ့သည့်တစ်ပတ်က သီရိလင်္ကာသည် သမ္မတဂိုတာ ဘာယာ၊ ရာဂျာပတ်စားကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းဖြင့် သမ္မတမဟိန္ဒာရာဂျာပတ်စား၏ အစိုးရကို ပြန်လည်အသက်သွင်းလိုက်သလို ဖြစ်ခဲ့ရပါသည်။
22-Dec-2019
(၂) နေ့စဉ်မှာ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းကလည်း စားပေးသင့်ပါတယ်။ ဒါမှ မေမေလောင်းတို့ နဲ့ ဘေဘီလေးတွေ ကယ်ဆီယမ် အလုံအလောက်ရမှာပါ။ ကယ်ဆီယမ် အလုံအလောက် ရတဲ့အခါ အရိုးတွေ၊ သွားတွေကောင်းတယ်ပေါ့။ ဒိန်ချဉ်ဟာ ကယ်ဆီယမ်အပြင် ပရိုတိန်းတွေလည်း ပါဝင်ပါတယ်။
17-Dec-2019
ကျွန်တော့် အိတ်ကပ်ထဲသို့ ငွေတစ်ထောင် အတင်းပြန်ထည့်ပေး၏။ ကျွန်တော် ဘယ်လိုမှ ငြင်းမရခဲ့ပေ။ ကျွန်တော့်ဘက်က လိုလိုလားလား တောင်းဆိုသည်ကိုပင် မရောင်းသောသူ့ကို ကျွန်တော် တအံ့တဩ ဖြစ်ရပြန်၏။
15-Dec-2019
တက်စတိုစရုန်း ဟော်မုန်းအားကောင်းဆေးတွေဟာ ဟော်မုန်းတိုးတက်လာတာတော့ ဟုတ်ပါရဲ့။ အမျိုးသားတို့ နှလုံးတိုက်ခိုက်မှု Heart Attack ရနိုင်ခြေလည်း တက်လာတယ်လို့ ဆိုပါတယ်။ သွေးစီးကြောင်းထဲမှာ အနီရောင်သွေးဆဲလ်တွေ များလာစေပြီး ဝှေးဥကလေးတွေကိုလည်း ကျုံ့သွားနိုင်တယ်လို့ သုတေသနတွေက သတိပေးထားပါတယ်။
15-Dec-2019
နိုဝင်ဘာ ၉ ရက်နေ့က အိန္ဒိယတွင် အငြင်းပွားနေသော ဟိန္ဒူတို့၏ အထွတ်အမြတ်ထားရာနေရာတွင် ရာမကျောင်းဆောင်တည်ဆောက်ခွင့်ကို အိန္ဒိယအမြင့်ဆုံး တရားလွှတ်တော်က ချပေးလိုက်ပါသည်။ ဤနေရာသည် မွတ်စလင်တို့၏ မားစ်ဂျစ်ဗလီတည်ရှိခဲ့ရာ နေရာလည်းဖြစ်ပါသည်။ ၁၉၉၂ ခုနှစ်က ထိုဗလီကို လူအုပ်စုဖြင့် ဝိုင်းဝန်းဖြိုချခဲ့ပါသည်။ ဟိန္ဒူများက သူတို့အောင်ပွဲအဖြစ် စနေနေ့က မီးရှူးမီးပန်းများ ပစ်ဖောက်ကာ ကြိုဆိုလိုက်ကြပါသည်။
15-Dec-2019
တကယ်တော့ သည်ပွဲက ကျွန်တော်တို့တစ်တွေ မပြိုင်မီက ရှုံးနှင့်ပြီးဖြစ်သည်။ တရားမစွဲမီကပင် ကျွန်တော်တို့တစ်တွေ ရှုံးနှင့်ပြီးသား ဖြစ်သွားသည်။
04-Dec-2019
မလာနှင့်ဟု မတားသလို၊ ပြန်ပို့ရမည် ဖြစ်သော်လည်း မိသားစုက လိပ်စာအမှား၊ ဖုန်းနံပါတ် အမှားများဆေးရုံကိုပေးခဲ့သဖြင့် ဆက်သွယ်ရန် ခက်ခဲမှုများကြောင့် ဆေးရုံတွင်ပင် နေထိုင်နေရ သည့်သူများ စိတ်ကျန်းမာရေးဆေးရုံ (ရန်ကုန်) တွင်ရှိနေသည်။
04-Dec-2019
ကျွန်တော့မှာ အလွန်ခင်မင်ရတဲ့ မိတ်ဆွေနှစ်ယောက်ရှိပါတယ်။ အောင်မယ်... ကျွန်တော့်မိတ်ဆွေတွေဆိုလို့ ရွယ်တူတန်းတူတော့ မထင်ပါနဲ့။ ဂါရဝေါစ နိဝါတောစဆိုတဲ့ မင်္ဂလာတရားတော်အရ ကျွန်တော့်အနေနဲ့ ဂါရဝတရားထား ရမယ့်အရွယ်၊ ကျွန်တော့်အဘွားက ယောက္ခမတော် ရမယ့်အရွယ်တွေ။
01-Dec-2019
အစ္စရေးရှေ့နေချုပ်က ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုအပေါ် နိုဝင်ဘာလ ၂၁ ရက်နေ့က ခြစားမှုနှင့် စွဲချက်များတင်လိုက်ပါသည်။ သူ၏စွဲချက်များကို ဖတ်ကြားသောအခါ သူ၏ပြိုင်ဘက် မိတ်ဆွေများက လွန်ခဲ့သော ၁၁ နှစ်က ဝန်ကြီးချုပ် အိုမတ် (Ehud Olmert) ကို စွဲချက်တင်စဉ်က သူပြောကြားခဲ့သောစကားများကို ပြန်လည် အမှတ်ရမိပါသည်။
01-Dec-2019
လမ်းများများ လျှောက်ပေးခြင်းဟာ ခေတ်စားလာတဲ့ ကျန်းမာရေးအလေ့အထတစ်ရပ် ဖြစ်ပါတယ်။ သုတေသနတွေအရ ခြေလှမ်းများများလျှောက်လေ ပိုကောင်းလေပါပဲတဲ့။ တစ်ရက်ကို ခြေလှမ်းတစ်သောင်း ပြည့်အောင် လျှောက်မယ်ဟေ့ဆိုပြီး ရည်ရွယ်လှုပ်ရှားခြင်းဟာ မိမိကိုယ်ကို ပိုပြီးလှုပ်ရှားဖြစ်စေပြီး၊ မလှုပ်မရှား ထိုင်နေချိန်ကိုလည်း လျော့ပါးစေပါတယ်။ ကိုယ်ခန္ဓာမှာ ကောင်းတဲ့ သက်ရောက်မှု တွေ အများကြီး ရှိလာစေပါတယ်။ အောက်ပါတို့ကတော့ မြင်သာတဲ့အချက်တွေပါ။ ဒီလို ကောင်းကျိုး တွေရှိတာမို့ လမ်းများများလျှောက်ကြပါ မိဘပြည်သူများခင်ဗျာ။
01-Dec-2019
အဲ့တော့ တော်ရုံလူတွေ မသွားနိုင်ရှာဘူး။ ပိုက်ဆံ ရှိတဲ့လူလောက်မှ။ ဒါတောင် သူတို့လည်း ချင့်ချိန်ပြီးသွားရရှာတာ။ ပင်လယ်ကိုသွားပြီး ငါးမျှားတိုင်းလည်း မိတာမဟုတ်ဘူးလေ။ မျှားနည်းတွေ၊ ပစ္စည်းတွေစုံလင်မှ။ ပြီးတော့ ငါးကိုလည်းတွေ့ ဦးမှ။ မုန်တိုင်းတွေ ဘာတွေ နဲ့ကြုံရင်လည်းမျှားမရတော့ဘူး။
27-Nov-2019
မြန်မာနိုင်ငံတွင် မယားအတန်းအစားခွဲခြားမှု ပပျောက်ရေးကွန်ရက်၊ ဖတ်စ်လေဒီပါတီ(မြန်မာပြည်)၊ မယားကြီး မယားငယ် စည်းလုံးညီညွတ်ရေးသမဂ္ဂ (မငစသ)၊ လစ်လပ်မယားများ စောင့်ရှောက်ရေးအသင်းချုပ် (လမသ) စသည့်အဖွဲ့ကြီးများ ထူးဆန်းအံ့သြဖွယ် ပေါ်ထွက်လာလေသည်။
25-Nov-2019
မြန်မာတို့၏ ထမင်းဝိုင်းတွင် မရှိမဖြစ် အရန်ဟင်းလျာတစ်ခုဖြစ်သော ငါးပိ၊ ငါးခြောက်၊ ငံပြာရည်များမှာ လူပေါင်းများစွာ၏ အသက်သွေးချွေးများကို ရင်း၍ ကျွန်ပြုခံထားရသူများက မျက်ရည်များဖြင့် ထုတ်လုပ်နေရသည့်အကြောင်းကို လွန်ခဲ့သော ၂ နှစ်ခွဲကျော်ကတည်းကပင် The Voice Daily သတင်းထောက် မခင်မြတ်မြတ်ဝေ ကွင်းဆင်းစုံစမ်းရေးသား၍ ဖော်ပြခဲ့ပါသည်။ ကျားဖောင်ကဲ့သို့ ကမ်းဝေးငါးဖမ်းလုပ်ငန်းများတွင် ရေလုပ်သားများကို လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်သည့် လူကုန်ကူးမှုများကို သတင်းမီဒီယာများက စုံစမ်းဖော်ထုတ်၍ စဉ်ဆက်မပြတ် မီးမောင်းထိုးပြနေသည့်တိုင် အတင့်ရဲစွာ ဆက်လက်ကျူးလွန်နေခြင်းမှာ ငါးလုပ်ငန်း၊ ရဲတပ်ဖွဲ့၊ အလုပ်သမားဝန်ကြီးဌာန စသည့်ဆိုင်ရာ အဖွဲ့အစည်းများကို မေးခွန်းထုတ်ရမည့်အခြေအနေဖြစ်ပါသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး ပင်လယ်ကမ်းဝေး ငါးဖမ်းလုပ်ငန်း ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခံခဲ့ရသော လူကုန်ကူးခံရမှုမှာ လူမှုကွန်ရက်အပါအဝင် သတင်းမီဒီယာများနှင့် အများပြည်သူကြားတွင် ဟိုးလေးတကျော်ဖြစ်ပွားခဲ့ရာ လတ်တလောအခြေအနေများနှင့် ကိုက်ညီသောကြောင့် ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။