News

22-Apr-2017
ခိုတောင်ရွာဟု ဆိုလိုက်သည်နှင့် ခိုတောင်မုန့်တီနှင့် တွဲဖက်ပြီး သိသူကလည်း မနည်းမနောပင်။ မုန့်တီဟုဆိုလိုက်လျှင် အောက်ပြည်အောက်ရွာတွင်တော့ ရခိုင်မုန့်တီကိုသာ လူသိများသော်လည်း အညာတစ်ဝိုက်တွင်တော့ မုန့်တီဟုဆိုလိုက်လျှင် မန္တလေးမုန့်တီ၊ ခိုတောင် မုန့်တီဟု အသိများကြသည်။
22-Apr-2017
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၌ ခေါင်းပေါ်တွင် ပျံဝဲနေသည့် ကျည်ဆန်များ ရှိသည်။
22-Apr-2017
မြန်မာအိုင်ဒေါ၏ အကဲဖြတ် ဒိုင်သုံးယောက်ကြား ထင်းခနဲ ပေါ်သူက အလယ်ကလူ။ တပြောင်ပြောင် လက်နေသည့် အဝတ်အစားများ၊ ကြောင်တောင် ကြားတား ဒီဇိုင်းဝတ်စုံများကို ဝတ်လေ့ရှိပြီး သူပြောမည့်စကား ဆိုလျှင် ပရိသတ်က ‘ဘာပြောမှာလဲ’ ဟူ၍ စူးစမ်းစိတ်ဖြင့် စိတ်ဝင်တစား နားစိုက်ရသူ။
21-Apr-2017
တစ်ဖက်တွင်လည်း ကုမ္ပဏီကြီးများနှင့် လက်တွဲလုပ်ကိုင်ရာ၌လည်းကောင်း၊ ပြည်သူပိုင်မြေများကို ငှားရမ်းရာ၌ လည်းကောင်း အစိုးရက နစ်နာလျက် ရှိသည်။ အစိုးရ၏ စီမံခန့်ခွဲမှု အလွဲများကြောင့် နစ်နာသွားသည်က တိုင်းပြည်ဘဏ္ဍာငွေများ။
21-Apr-2017
အပှညပှှညဆှိုငရှာ ကုနသှှယရှေး ပိတဆှို့မှုမှား၊ စီးပှားရေး လုုံးဝနီးပါး ပှိုလဲမှုနှင့ှ နရောအနှံ့ အငတဘှေးဆိုကသှည့ှ နှဈကာလမှားသညှ နိုငငှံ၏ လကှဦးမှုယူ ကာကှယရှေးနှင့ှ ပို့ကုနအှတှကှ မောငှးနှငအှားဖှဈသော ဒုံးကညှထှုတလှုပရှေး စီမံကိနှးမှားကို ဟန့တှားနိုငခှဲ့ခှငှး မရှိပေ။
21-Apr-2017
မူးယစ်ဆေးဝါးများကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနေပြီး နိုင်ငံတော်အဆင့် ထိန်းချုပ်မည် ဖြစ်ကြောင်း အစိုးရအနေနှင့် ကြွေးကြော်နေခဲ့သော်လည်း လမ်းပေါ်ပျံ့ကျဲနေပြီ ဖြစ်သည့် မူးယစ်ဆေးဝါး ပြဿနာက အိမ်တိုင်းအိမ်တိုင်း တံခါးလာခေါက်နေပြီ ဖြစ်သည်။
20-Apr-2017
အစ်မနှစ်ယောက်ဖြစ်သည့် ဂျီလ်မာနှင့် ဂရင်ဒီတို့သည် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်သာ ရှိကြသေးသည်။ နိုင်ငံတော်က ဖွင့်လှစ်ထားသော လူငယ်ထိန်းသိမ်းရေးစခန်းကို သူတို့အား မပို့ရန် အမျိုးမျိုး တောင်းပန်ကြသော်လည်း သူတို့ အပို့ခံလိုက်ကြရသည်။
19-Apr-2017
မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းငါးဆယ် ကာလအတွင်း ကမ္ဘာနှင့် စီးပွားရေး အဆက်ပြတ်ခဲ့ပြီးနောက် စီးပွားရေး တံခါးဖွင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို အားပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်က အလိုရှိခဲ့သည်။
13-Apr-2017
အခက်အခဲ အမျိုးမျိုးကြောင့် သံချပ်အသင်းများ ရပ်တည်နိုင်ရေးအပြင် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး၊ သံချပ်အသင်းများ ပုသိမ်သြင်္ကန်ပွဲတော်မှ မပျောက်ကွယ်စေရေးတို့မှာ ခက်ခဲသော စိန်ခေါ်မှုတစ်ခုသို့ ရောက်ရှိနေပြီ။
13-Apr-2017
မန္တလေးမြို့တော်ကြီးသည် ည ၁၀ နာရီကျော်လျှင် ညမထွက်ရ အမိန့် မထုတ်ထားသော်လည်း ထုတ်ထားသကဲ့သို့ ဖြစ်နေပြီဟု မြို့ခံတို့က ဆိုကြပါပြီ။ ည ၁၀ နာရီကျော်လျှင် အဘယ့်ကြောင့် အပြင် မထွက်ကြတော့သနည်း။
10-Apr-2017
နွေလေရူးနှင့်အတူ သြင်္ကန်သီချင်းတွေ ဟိုက သည်က ပျံ့လွင့်လာပြီဆိုလျှင်ဖြင့် အတာသြင်္ကန် ရောက်တော့မည့်အကြောင်း ပြက္ခဒိန်မကြည့်ဘဲ သိနိုင်ပြီ။ အတာကူးသည့် တန်ခူးလရာသီတွင် သြင်္ကန်ရက်များကို မည်သို့ ဖြတ်သန်းကြမည်ကို ကြိုတင် စီစဉ်ကြသူတွေ မနည်းမနော ရှိကြမည်။
09-Apr-2017
မဲဆန္ဒနယ် ၁၉ ခုအနက် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေး အခြေအနေကြောင့် ကျင်းပခွင့် မရခဲ့သည့် ရှမ်းပြည်နယ်မှ မဲဆန္ဒနယ် ခြောက်ခု ပါဝင်သည်။ အစိုးရသစ် ပထမဆုံးအကြိမ် ကျင်းပသည့် ရွေးကောက်ပွဲမှာ အစိုးရ၏ လုပ်ရည်ကိုင်ရည်ကို တိုင်းတာခဲ့ခြင်းလော။