News

03-Aug-2017
ဇူလိုင်လ ၂၀ ရက် ရွာသာကြီးသား သတ်ရုံရှေ့တွင် ဦးချိုကားကားနှင့် မည်းမည်းမြင်ရာဝှေ့ပြီး ခြေဦးတည့်ရာကို အသက်လုပြီး ပြေးလာသည့် ကျွဲမတစ်ကောင်ကြောင့် ဈေးသွားဈေးလာများ၊ လမ်းသွားလမ်းလာများနှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသော မနက်ခင်းတစ်ခုသည် ရုတ်ခြည်းဆိုသလို ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားသံများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါသည်။
02-Aug-2017
တရုတ်ပြည်၏ လွှမ်းမိုးမှုကို တားဆီးမည်ဆိုသည့် မျှော်လင့်ချက်များဖြင့် အိန္ဒိယပြည်သည် မြန်မာပြည်နှင့် ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
01-Aug-2017
မနန်းမို့မို့အေးမှာ ၎င်း၏ အဘွားဖြစ်သူ အရွယ်ခန့်ရှိ အိမ်ရှင်၏ဖိနပ်ဖြင့် ပါးရိုက်ခံရခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခံရခြင်း၊ တစ်နေ့ ထမင်းတစ်နပ်သာ ကျွေးခြင်းတို့အား အံကြိတ်ရင်ဆိုင်ဖြတ်သန်းခဲ့ရာမှ တစ်နှစ်ခန့်အကြာ ၎င်းသွားခြောက်ချောင်း ကျိုးအောင်အထိ ရိုက်နှက်နှိပ်စက်မှုကို ထပ်မံရင်ဆိုင်ခဲ့ရသည်ဟု ပြန်လည်ရှင်းပြသည်။
31-Jul-2017
ယခုနောက်ပိုင်း နတ်အမျိုးအမည်အစုံ ပေါ်ပေါက်လာရုံမက နတ်ကတော် အစစ်အမှန်များလည်း လျော့နည်းလာသည်ဟု ဆိုသည်။ ယခုဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်စည်ကားစွာ ကျင်းပခဲ့သည့် တောင်ပြုန်းပွဲတော်တွင်လည်း နတ်အမျိုးအမည် မကြားဖူးသည့် နတ်များပင် ရှိသေးကြောင်း၊ နတ်နန်းများစွာဖြင့် နတ်အမျိုးပေါင်း ရာဂဏန်းအထိ ရှိလာကြောင်း ဦးမောင်မောင်က ဆိုသည်။
30-Jul-2017
ငယ်စဉ်အခါက ခြေထောက်နှစ်ချောင်းလုံး ပြတ်သွားခဲ့သည်။ ထိုစဉ်က သူမ အတော်ငယ်သေးသည်။ ဘဝရဲ့ ကြမ်းတမ်းမှုဒဏ်များကို ပြင်းထန်စွာ ခံခဲ့ရသည်။ သို့သော် သူမ၏ ငယ်အိပ်မက် ဖြစ်သော ကျေးလက်ဆရာဝန်တစ်ယောက် ဖြစ်ရေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ယခုအခါ ဒေါက်တာလီဂျူဟောင် တစ်ယောက် အသက် ၃၇ နှစ် ဖြစ်သွားလေပြီ။ ၁၅ နှစ်တိုင်တိုင် ကျေးလက်ဆရာဝန်မ သူရဲကောင်းတစ်ဦးအဖြစ် အများလေးစားမှုကို ရရှိပြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံကင်ပြည်နယ် ဟီချွမ်ခရိုင် ဝါဒီယန်ကျေးရွာက သူမ၏ ဇာတိဖြစ်သည်။ ဇာတိရွာနှင့် အနီးတစ်ဝိုက် ပြည်သူ ၆၀၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး ဖြစ်သည်။ ထပ်မံ မိတ်ဆက်ပေးပါမည်။ ပေါင်ရင်းကနေ ခြေထောက်များ လုံးဝမရှိသည့် ဆရာဝန်မ ဒေါက်တာလီဂျူဟောင် ဖြစ်သည်။
30-Jul-2017
“မျက်နှာဖုံးတွေက ဈေးတက်ကုန်ပြီဆိုပဲ” ...“တုပ်ကွေးမဖြစ်ချင်ရင် အရည်များများ သောက်ပေးရမယ်တဲ့” အလိုလေး... ဒီတစ်ခုတော့ ငါနဲ့ ကိုက်ပြီဟ...ညနေ ဘီယာဆိုင် လစ်ရမယ်ဟု တွေးကာ တံတွေးပင် မျိုချမိသည်။
28-Jul-2017
သွပ်အမိုး၊ သံဆန်ခါကွက်ကျား၊ သစ်သားအခင်းနှင့် ဆောက်လုပ်ထားသော အလျား ပေ ၁၁၀၊ အနံ ပေ ၆၀ ရှိ လေလုံမိုးလုံ မြေစိုက်အဆောက်အအုံ တစ်လုံးတည်းတွင် မြို့ပြလမ်းမများပေါ်၌ ကျက်စားသွားလာနေသော ခွေးလေခွေးလွင့် ရာဂဏန်းကျော်က တစီစီညံကာ အစာတောင်းလျက် ရှိသည်။
24-Jul-2017
အစကတော့ အမည်း၊ နောက်တော့ အဖြူကို သုံးကြသည်။ အရင်ကတော့ ခပ်ပုံ (ဘိန်းမည်းနှင့် ငှက်ပျောရွက်ပေါင်း) ပြောင်းမည်းကြီးများနှင့် ယခုမူ ဆေးထိုးအပ်များနှင့် အဖြူကို တွင်တွင်ကျယ်ကျယ် သုံးကြပြီး ခပ်ပုံနှင့် ပြောင်းမည်းကြီးများကြောင့် ကူးစက်ရောဂါ မည်မည်ရရ ပြောစရာ မရှိခဲ့သော်လည်း ဆေးထိုးအပ်များကြောင့် ဆေးမရှိသော ရောဂါဆိုးများ ကူးကြသည်။ ထို့ကြောင့် အဖြူသည် ထိုဒေသတွင် ခြောက်လှန့်နေသော အိပ်မက်ဆိုးတစ်ခုဟု ဆိုရမည် ဖြစ်သည်။
23-Jul-2017
၂၁ ရာစု ခေါင်းဆောင်မှုတွင် မည်သူတွေကို ဦးဆောင်ဦးရွက်ပြုမည်ဆိုသည့် သဘောတရားက ပိုပြီး အရေးကြီးလာသည်။ ခေါင်းဆောင်မည့်သူ ဦးခေါင်းထဲတွင် ပထမဦးစွာ တွေးထားရမည်မှာ ဘာလုပ်လုပ် ပန်းတိုင်ကို ရောက်အောင်သွားရေးနှင့် ပြီးအောင်လုပ်ရေးဆိုသည်ကို မေ့မထားသင့်ပါ။ ထို့ကြောင့် ပန်းတိုင်သည် ပထမဦးစားပေး၊ နောက်လိုက်သည် ဒုတိယ ဦးစားပေး ဖြစ်သင့်ပါသည်။
23-Jul-2017
ကျောင်းပြန်ဖွင့်တိုင်း တပည့်အသစ်လေးတွေနဲ့ ဆုံရမှာထက် သဲသဲလှုပ်မိဘတွေနဲ့ ဆုံတွေ့ရမှာကို ပိုပြီးတော့ စိတ်ဝင်စားရတယ်။ နှစ်တိုင်း ကျွန်မ မတွေ့မကြုံ၊ မဆုံလိုတဲ့ မိဘတွေကို စာရင်း ချရေးကြည့်မိတယ်။
23-Jul-2017
အခုတော့ ကိုဖြိုးက စပယ်ယာတွေကို ဖြုတ်ပစ်လိုက်ပြီ။ စိုပြေ အားကျခဲ့ရတဲ့ စပယ်ယာတွေတောင် ဘဝပျက်ကုန်တာ...။ စိုပြေ့ ရည်မှန်းချက်လေးတော့ သွားပြီ။ အဲ့တော့ မြန်မာပြည်က ထွက်တော့မယ်။ စပယ်ယာတွေရှိတဲ့ နိုင်ငံကိုပဲ သွားတော့မယ်။
23-Jul-2017
တရားဝင် အာမခံချက်များ ပေးထားသော်လည်း နေပြည်တော်သည် ပြုံယမ်းနှင့် လျှို့ဝှက်သော မဟာဗျူဟာ ဆက်ဆံရေးကို ထားရှိဆဲဖြစ်ကြောင်း လုံခြုံရေး သတင်းရင်းမြစ်များက Asia Times သို့ ပြောကြားခဲ့သည်။
21-Jul-2017
နယူးယောက်မြို့တော်မှာ ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အအုံကြီးတွေ တိုက်ခိုက်ခံရတဲ့အခါ မီးသတ်တွေ၊ ကယ်ဆယ်ရေး လုပ်သားတွေနဲ့အတူ နောက်ထပ် ချီးကျူးစရာကောင်းတဲ့ သူရဲကောင်းတွေကတော့ ကယ်ဆယ်ရေးခွေးတွေမို့ အမေရိကန်ပြည်သူတွေက မမေ့ကြပါဘူး။
21-Jul-2017
လူသားမိတ်ဆွေ ငှက်တွေထဲမှာ ခိုတွေဟာ အတော်ဆုံးလို့ ပြောတတ်ကြပါသည်။ ပထမကမ္ဘာစစ်အတွင်းက စစ်သူရဲကောင်းခိုများစွာ ပေ ထွက်ခဲ့သည်။
21-Jul-2017
ဒိုင်ယန်နီဘက်စ်ချာသည် နံနက်ခင်း ၄ နာရီခွဲလောက်တွင် အိမ်တွင်မွေးထားသော ကြောင်အော်ရီယို၏ စူးစူးဝါးဝါး အော်နှိုးသံကြောင့် နိုးလာခဲ့ပါသည်။ ဘက်စ်ချာသည် အောက်ထပ်သို့ ဆင်းကြည့်လိုက်သည်။ အော်ရီယိုကတော့ အော်ဟစ်သတိပေးနေဆဲ။