News

19-Dec-2017
ရွာသားတွေကတော့ သတင်းရထားတဲ့အတိုင်း ပါတီရဲ့ ရန်ပုံငွေ၊ ဆက်ကြေးနဲ့ အရက်ချက်ရကြောင်း၊ မိမိတို့အတွက် အကျိုးအမြတ်များ မရကြောင်း ရှင်းပြကြပါတယ်။ ဆင်းရဲတဲ့ ရွာသားတွေရဲ့ ဝမ်းရေးပါ။
19-Dec-2017
“ဝီစီသံတို တစ်ချက်မှုတ်ရင် ကျောင်းအနီးအနားမှာရှိနေတဲ့ ကလေးတွေလာရမယ်၊ ဝီစီသံတို နှစ်ချက်မှုတ်ရင် ကျောင်းနဲ့ခပ်လှမ်းလှမ်းမှာရောက်နေတဲ့ ကလေးတွေလာရမယ်၊ ဝီစီသံရှည်မှုတ်ပြီဆိုရင်တော့ ကလေးအားလုံးကိုခေါ်တာ တစ်ခါတစ်ရံ အရေးကြီးတဲ့အခါတွေမှာလည်း သံရှည်မှုတ်ပြီး ခေါ်ရတာရှိသေးတယ်”
18-Dec-2017
“ကျွန်တော်တို့ ကရင်လူမျိုးတွေမှာလည်း အသိအမှတ်ပြုမှုတော့ ရှိသင့်တယ်။ ကရင်လူငယ်တွေ လိုက်မေးကြည့်လိုက်။ နိုင်ငံရေး လေ့လာတဲ့သူမဟုတ်ရင် စောဘဦးကြီးဆိုတာတောင် မသိတဲ့သူတွေ အများကြီးပဲ။ သမိုင်းပျောက်သွားမှာ စိုးရိမ်လို့ ဒီလိုတွေလုပ်နေတာ”
17-Dec-2017
“ခေါင်းဆောင်တစ်ဦး၏ အဓိက ကျဆုံးရခြင်း အကြောင်းတရားမှာ မသိသည့် နယ်ပယ်ကို အားကုန်ထုတ်ပြီး မောင်းဝင်တတ်ခြင်း ဖြစ်သည်။ ထိုနယ်ပယ်သို့ ဝင်လိုက်လျှင် ဘာဖြစ်မည်ကို ကောင်းစွာ နားမလည်ဘဲ ရမ်းပြီးဝင်လိုက်ခြင်းမှာ ဆုံးရှုံးမှုကို ဖြစ်စေနိုင်သည်”
17-Dec-2017
အဲ့လို သတင်းထောက်တွေကို အကုန်ဖမ်းမှ နားအေးမှာ...။ နို့မို့ဆို အစိုးရနဲ့ စစ်တပ်ကို ဘာလဲ ဘယ်လဲဆိုပြီး မေးခွန်းတွေထုတ်။ အကြပ်ရိုက်အောင် လုပ်။ အခွန်တွေကောက်နေပါတယ် ရေးလို့ရေး။ ပြည်သူတွေ ငတ်နေပါတယ်ရေးလို့ရေး ...
15-Dec-2017
မုံရွာမှာ ရုံးစိုက်တဲ့ ပြန်ကြားရေးအရာရှိက သမိုင်းဝင်ရေနံမြေအလုပ်သမား အရေးတော်ပုံမှာ နာမည်ရတဲ့ သခင်အုန်းဖေကြီး၊ သူက အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ပြည်တော်သာစီမံကိန်းအကြောင်းကို သူဟောရင် ရွာသားတွေ ဂရုတစိုက်နားထောင်ကြပါတယ်။
14-Dec-2017
ရွာတွေမှာ ချစ်စရာကောင်းတဲ့ ရွာဓလေ့တစ်ခုက မိမိတို့ရွာကို ပြင်ပဧည့်ကောင်း တစ်ဦးတစ်ယောက်လာရင် မနက်ပိုင်း ထမင်းစားချိန်တန်ရင် နီးစပ်ရာအိမ်တွေက သူတို့ချက်ထားတဲ့ဟင်းလျာများပို့ပြီး ဧည့်ခံကြပါတယ်။ ညပိုင်းမှာ ရွာထဲဝင်ရင်တော့ ရွာဝင်လမ်းမ တစ်ဖက်တစ်ချက်ရှိ အိမ်တွေကလည်း ရေနံဆီမီးခွက်၊ ဖန်မီးအိမ် (မှန်အိမ်)၊ (တုတ်မီး) လက်နှိပ်ဓာတ်မီးနဲ့ ကိုယ်စီလမ်းပြပေးကြပါတယ်။
13-Dec-2017
အစိုးရအား ပိုမိုပွင့်လင်းမြင်သာရန်နှင့် ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ သွားရောက်ခွင့်ပေးရန် နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွားလာခြင်းကို ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ရန်ဖြစ်သည်။ ဤအချက်သည် (ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ပြဿနာသည် ယခုအခါ လျော့ပါးသွားပြီဖြစ်ရာ ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ရခိုင်ပြည်နယ်တွင် ပြန်လည် နေရာချထားရေး၊ ၎င်းတို့၏ နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများကို ပြန်လည်ဆောက်လုပ်ပေးရေး အစရှိသော ကြီးမားသော လုပ်ငန်းတာဝန်များကို အရေးပေါ် လုပ်ဆောင်ပေးရန် လိုအပ်နေသောအချက်) ယခုအခါ ပြဿနာများ ဖြေရှင်းရေး၏ အခေါင်အချုပ် ဖြစ်သည်ဟု အစိုးရက ယုံကြည်သည်
12-Dec-2017
နှစ်စဉ် လူကုန်ကူးခံကြရသော ဗီယက်နမ်အမျိုးသမီး ၁၀၀ မှ ၁၅၀ ကြား သူတို့ဇာတိမြေကိုပြန်ရန် နယ်စပ်ဂိတ်ကိုရောက်လာကြသည်။ သူတို့သည် နည်းမျိုးစုံဖြင့် တရုတ်မယား ဖြစ်သွားခဲ့ရသူများ ဖြစ်သည်။ ယုံကြည်၍ ရည်းစားနှင့်လိုက်ပြေးပြီး ရောင်းစားခြင်း ခံရသူရှိသလို၊ အချို့မှာ မိဘများကိုယ်တိုင်က လိုလားစွာ ရောင်းစားလိုက်ခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။
11-Dec-2017
ခရီးသွားများက ချင်းပြည်နယ်၏ အလှတရားများထဲမှ တစ်ခုဖြစ်သော တောင်ဇလပ်ပန်းအလှကို တခုတ်တရ လာကြည့်ကြသည်။ အပင်ပေါ်တွင် နီစွေးကာ အရောင်တဖိတ်ဖိတ်နှင့် တောက်ပနေသော တောင်ဇလပ်ပန်း၏ အလှကို မြင်တွေ့မှသာ ချင်းပြည်နယ်ကို ရောက်ရကျိုးနပ်သည်ဟုပင် ဆိုကြသည်။
10-Dec-2017
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည်ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်
10-Dec-2017
သူ့ရှေ့တွင် ထိုင်နေသော ကိုတင်ငွေ ဦးဆောင်သူတစ်စုက သူ့ကို သေချာပြူးကြည့်ကြသည်။ ပင်နီတိုက်ပုံ လဲဝတ်ပြီးသော ဦးမြတ်လှသည် ရှက်ကိုးရှက်ကန်းဖြင့် နံရံထက်က သမ္မတပုံကိုကြည့်သည်။ ထို့နောက် မိမိချစ်သော ထိုင်ခုံလေးကို ကြည့်သည်။ “အေးလေ... သူတို့ဟာ သူတို့ ဘယ်သူပြောင်း ပြောင်း ... ငါ့ထိုင်ခုံလေး မပြောင်းရ ပြီးတာပဲ”
09-Dec-2017
တရုတ်လူငယ်များသည် ဗီဒီယိုဂိမ်းကစားမှုကို အလွန် ဝါသနာကြီးကြသည်။ သို့သော် Sichuan Film and Television University မှ ကျောင်းသား လူငယ်တွေကတော့ အများနှင့်မတူ ထူးခြားသည်။ သူတို့က ဂိမ်းကစားရန်သက်သက်မဟုတ်၊ ဂိမ်းကစားမှုအတတ်ပညာကို လာရောက် လေ့လာသင်ယူနေကြသည်။