News

13-Aug-2017 tagged as
“ဒီဝမ်းနည်းစရာ ထင်မြင်မှုကြောင့် ကျွန်မလည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ပါလက်စတိုင်းကလေး ဘယ်သူနို့ဆာဆာ ဂျူးအမျိုးသမီးတိုင်းက ကူညီသင့်ပါတယ်” လို့ သူနာပြုဆရာမက ဆိုပါတယ်။ မွေးကတည်းက လူသားတို့သည် ဘယ်သူကတော့ဖြင့် ရန်သူ၊ ဘယ်သူကတော့ဖြင့် မိတ်ဆွေဆိုပြီး သတ်မှတ်ပေးခံရခြင်း ဖြစ်သည်။ ရန်သူမိတ်ဆွေ ဆိုသည့် ကိစ္စသည် မိမိကို မွေးဖွားလိုက်ကတည်းက တံဆိပ်ကပ်ခံရခြင်း ဖြစ်သည်။ လူသားဆန်မှု မေတ္တာတရားသည်ကား ထိုတံဆိပ်များကို ခွာပစ်ပါသည်။ အတားအဆီးများကို ကျော်လွှားပါသည်။
11-Aug-2017 tagged as မဟာမုနိဘုရား
နံနက်ခင်း အရုဏ်တက်ချိန် မဟာမုနိဘုရားကြီး မျက်နှာတော်သစ်အချိန်ဝယ် မျက်နှာသစ်၊ ခြေလက်ဆေးရန် အလို့ငှာ ရေတော်ခင်းခြင်းအတွက် တီးမှုတ်ရခြင်းကြောင့် ရေခင်းတော်တီးခြင်းဟု ခေါ်ကြခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မျက်စိမှုန်သည်ဆိုတိုင်း မျက်မှန်တပ်ရန် လိုသည်ဟု ယူဆ၍ မရနိုင်ကြောင်းနှင့် မျက်မှန်တပ်ရန် လို မလို သိနိုင်သည့် ပင်ဟိုးဖြင့် စစ်ဆေးနည်းကဲ့သို့ အများပြည်သူ လက်လှမ်းမီသည့် အလွန် ရိုးရှင်းသော နည်းလည်းရှိကြောင်း သိစေချင်ပါသည်။
အသက် ၁၉ နှစ်အရွယ် ရွှေကူသူ မရွှန်းလဲ့ဝေသည် လွန်ခဲ့သော တစ်နှစ်ကျော်က မထင်မှတ်ဘဲ အိုးဘိုထောင်တွင် အကျဉ်းကျခဲ့သည်။ သို့သော် သူ၏ ပြင်းပြသော စိတ်ဆန္ဒများက သူ၏ ပြစ်ဒဏ်များကို ဖယ်ရှားကာ ထောင်တံခါးကို တွန်းဖွင့်နိုင်ခဲ့သည်။ ထိုနေ့ကား သြဂုတ်လ ၇ ရက်နေ့။ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်အဝင်ဝ ဘေးတစ်ဖက်တစ်ချက်တွင် အပြာရင့်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ခြေချင်းခတ်ခံထားရသည့် လူတစ်စု ပေါင်းသင်မြက်နုတ်နေကြသည်။
08-Aug-2017 tagged as ရှစ်လေးလုံး
တစ်ပါတီ အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် ပေါ်ပေါက်လာသည့် ၈ ရက် ၈ လ ၈၈ ခုနှစ် အရေးတော်ပုံကြီးမှာ ယခုဆိုလျှင် ၂၉ နှစ်ပြည့်မြောက်ပြီဖြစ်သည်။
08-Aug-2017 tagged as အာဆီယံ
အရှေ့တောင်အာရှသည် ကမ္ဘာပေါ်တွင် ကွဲပြားခြားနားမှု အများဆုံး ဒေသတစ်ခု ဖြစ်သည်။ သန်း ၆၄၀ သော ပြည်သူများအနက် မွတ်ဆလင်က သန်း ၂၄၀၊ ခရစ်ယာန်က သန်း ၁၂၀၊ ဗုဒ္ဓဘာသာက သန်း ၁၅၀ ရှိပြီး ဟိန္ဒူ၊ တာအိုဝါဒီ၊ ကွန်ဖြူးရှပ်ဝါဒီ နှင့် ကွန်မြူနစ်များလည်း သန်းနှင့်ချီ ရှိနေသည်။ လူဦးရေ အထူထပ်ဆုံးနိုင်ငံ အင်ဒိုနီးရှားတွင် သန်း ၂၆၀ ရှိပြီး ဘရူနိုင်းနိုင်ငံ လူဦးရေမှာမူ လေးသိန်းခွဲသာ ရှိသည်။ စင်ကာပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ် ဝင်ငွေ ဒေါ်လာ ၅၂၉၆၀ မှာ လာအိုနိုင်ငံသား တစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၂၃၅၃ ဒေါ်လာ၏ ၂၂ ဒသမ ၅ ဆ မျှ ရှိသည်။
07-Aug-2017 tagged as H1N1
ချင်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အပြင် တစ်စတစ်စ ကူးစက်ပျံ့နှံ့လာသည့် H1N1 သည် ယခုအခါ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် ဖြစ်ပွားလျက်ရှိသည့်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပရဟိတ အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းများကလည်း နေရာအနှံ့ ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရှိရသည်။
06-Aug-2017 tagged as ရောဂါ
ဘာပဲဖြစ်ဖြစ် လူကြီးတွေ ကြက်သားစားပြီးတော့... လူတွေလည်း ကြက်ငှက်တုပ်ကွေး မရှိကြောင်း ယုံသွားလောက်ပြီ။ ဒါပေမဲ့ နည်းနည်းတော့ စောင့်ကြည့်ဦးမယ် ထင်တယ်။ အခုလို စားပြတဲ့လူတွေ ကြက်တုပ်ကွေး ဖြစ်မဖြစ်ပေါ့။ ဖြစ်ရင် သူတို့ အရင်သေပစေဆိုတဲ့ သဘော...။
06-Aug-2017 tagged as သေနတ် မှုခင်း H1N1
မော်တော်ယာဉ်နှင့် လူအသွားအလာ အလွန်များပြားသည့် ရန်ကုန်-ပြည်လမ်းမဘေးရှိ နာမည်ကျော် အိုးရှင်းစင်တာ မျက်နှာချင်းဆိုင်တွင် ငွေလဲကောင်တာတွင် နှာခေါင်းစည် တပ်ထားသော အမျိုးသားနှစ်ဦးက သေနတ်ပစ်ဖောက်၍ လုယက်မှု ကျူးလွန်ရန် ကြံစည်မှု သြဂုတ်လ ၅ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
04-Aug-2017 tagged as လူကုန်ကူး
မြန်မာပြည်သား လူကုန်ကူးခံရသူတို့ အများဆုံး ရောင်းစားခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုသည်။ ဒုတိယအများဆုံးမှာ ပြည်တွင်း၌ပင် ရောင်းစားခံရခြင်း၊ တတိယနှင့် စတုတ္ထမှာ ထိုင်း၊ မလေးရှားနိုင်ငံများသို့ ရောင်းစားခံရခြင်း ဖြစ်သည်။
03-Aug-2017 tagged as
ညပိုင်းမှာ မန္တလေးကျုံးဘေးကို အပန်းဖြေ၊ လမ်းလျှောက်၊ လေညင်းခံ၊ စကားပြော တွေ့ဆုံဖို့ ရည်ရွယ်ချက်တွေနဲ့ ရောက်လာသူတွေ အများအပြား ရှိသလို ညဥ့်ငှက်တချို့နဲ့ သူတို့ရဲ့ဖောက်သည်တချို့လည်း ရှိတတ်ပါတယ်။
03-Aug-2017 tagged as တိရစ္ဆာန်
ဇူလိုင်လ ၂၀ ရက် ရွာသာကြီးသား သတ်ရုံရှေ့တွင် ဦးချိုကားကားနှင့် မည်းမည်းမြင်ရာဝှေ့ပြီး ခြေဦးတည့်ရာကို အသက်လုပြီး ပြေးလာသည့် ကျွဲမတစ်ကောင်ကြောင့် ဈေးသွားဈေးလာများ၊ လမ်းသွားလမ်းလာများနှင့် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေသော မနက်ခင်းတစ်ခုသည် ရုတ်ခြည်းဆိုသလို ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားသံများ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါသည်။
02-Aug-2017 tagged as
တရုတ်ပြည်၏ လွှမ်းမိုးမှုကို တားဆီးမည်ဆိုသည့် မျှော်လင့်ချက်များဖြင့် အိန္ဒိယပြည်သည် မြန်မာပြည်နှင့် ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
မနန်းမို့မို့အေးမှာ ၎င်း၏ အဘွားဖြစ်သူ အရွယ်ခန့်ရှိ အိမ်ရှင်၏ဖိနပ်ဖြင့် ပါးရိုက်ခံရခြင်း၊ တုတ်ဖြင့် ခြေသလုံးနှင့် လက်ဖဝါးတို့ကို ရိုက်နှက်ခံရခြင်း၊ တစ်နေ့ ထမင်းတစ်နပ်သာ ကျွေးခြင်းတို့အား အံကြိတ်ရင်ဆိုင်ဖြတ်သန်းခဲ့ရာမှ တစ်နှစ်ခန့်အကြာ ၎င်းသွားခြောက်ချောင်း ကျိုးအောင်အထိ ရိုက်နှက်နှိပ်စက်မှုကို ထပ်မံရင်ဆိုင်ခဲ့ရသည်ဟု ပြန်လည်ရှင်းပြသည်။
31-Jul-2017 tagged as တောင်ပြုန်း
ယခုနောက်ပိုင်း နတ်အမျိုးအမည်အစုံ ပေါ်ပေါက်လာရုံမက နတ်ကတော် အစစ်အမှန်များလည်း လျော့နည်းလာသည်ဟု ဆိုသည်။ ယခုဝါခေါင်လဆန်း ၈ ရက်မှ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်စည်ကားစွာ ကျင်းပခဲ့သည့် တောင်ပြုန်းပွဲတော်တွင်လည်း နတ်အမျိုးအမည် မကြားဖူးသည့် နတ်များပင် ရှိသေးကြောင်း၊ နတ်နန်းများစွာဖြင့် နတ်အမျိုးပေါင်း ရာဂဏန်းအထိ ရှိလာကြောင်း ဦးမောင်မောင်က ဆိုသည်။