News

15-Jan-2017
နှစ်ပေါင်း ငါးဆယ်ကျော်ကြာ ရန်ကုန်မြို့က ခရီးသည်တင်ယာဉ်များကို စီမံကြီးကြပ်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ (မထသ) သည် ၂၀၁၇၊ ဇန်နဝါရီလ ၁၅ ရက် ညပိုင်းမှစ၍ အပြီးတိုင် ဇာတ်သိမ်းတော့မည်။
15-Jan-2017
သံတမန်ဟောင်း ဦးသောင်းထွန်း၏ ရာထူးအသစ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအပေါ် ကျရောက်နေသော နိုင်ငံတကာ ဖိအားများကို တန်ပြန်နိုင်ရန် ရည်ရွယ်သည်ဟု ယူဆကြသည်။ အထူးသဖြင့် ဘင်္ဂါလီ အရေးကိစ္စတွင် နိုင်ငံတကာဖိအား ပိုမိုပြင်းထန်လာရာ အမေရိကနှင့် ဥရောပကို ကျွမ်းကျင်သော ဦးသောင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်အတွက် ခံစစ်မှူး တာဝန်ကို ထမ်းဆောင်ရဖွယ် ရှိသည်။
15-Jan-2017
ဘုရားသူခိုးများ ရှိနေသဖြင့် သတိထားဖို့ပြောသည့်အခါ ‘ခိုးစရာ ဘုရားလည်း မရှိတော့ပါဘူးကွာ’ ဆိုသည့် အဖြေက အရင်ထွက်လာသည်။ ယင်းကား ကုန်းဘောင်မင်းဆက်၊ တတိယမြောက်ဘုရင် ဖြစ်သည့် ဆင်ဖြူရှင်မင်း အပိုင်စားခဲ့ဖူးသည့် မြေထူးမြို့ဟောင်းမှ ဘုရားဂေါပက အဖွဲ့ဝင်တစ်ဦး၏ အဖြေစကား ဖြစ်သည်။ မကြာခဏ ခိုးယူခံနေရခြင်းကြောင့် နောက်ထပ်ခိုးစရာ သိပ်မကျန်တော့ကြောင်းကို ရည်ညွှန်းပြောဆိုခြင်းပင်။
15-Jan-2017
မယ်လိုနီဟာ ၁၉၂၀ ကာလများဆီက အမေရိက မီလျံနာ သူကြွယ်မကြီးတစ်ဦး ဖြစ်ပါသည်။ လူမည်းတွေကို နှိမ်ထားတဲ့၊ အမျိုးသမီးတွေကို ချောင်ထိုးထားတဲ့ ထိုကာလမှာ အန်နီတန် ဘိုမယ်လိုနီဟာ ကိုယ့်ဒူးကိုယ်ချွန်ပြီး ထိပ်ဆုံးရောက် အမျိုးသမီး လုပ်ငန်းရှင်တစ်ဦး ဖြစ်လာအောင် လှုပ်ရှားရုန်းကန်ခဲ့သူလည်း ဖြစ်သည်။
15-Jan-2017
ပိုက်ဆံရှိတာပဲ လှူနိုင်မှာပေါ့ဟု အလွယ်တကူ ပြောလိုက်မိတတ်ကြသည်။ တကယ်တမ်း ပိုက်ဆံရှိတိုင်း လှူနိုင်သည် မဟုတ်ပါဘူး။ မိမိတို့ စီးပွားရေးအတွက်၊ နိုင်ငံရေး အကျိုးအမြတ်အတွက် လှူကြတန်းကြသည့် ကျိကျိတက် ချမ်းသာသူတွေလည်း ရှိပါသည်။ မစ္စတာဟားရစ် ရိုဆင်ကတော့ ထိုသို့မဟုတ်ပါ။ သူကိုယ်တိုင်လည်း ဟိုတယ်များတွင် အလုပ်များ လုပ်ကိုင်ရင်း ကျွမ်းကျင်ပိုင်နိုင်လာသောအခါ ကိုယ်ပိုင်စီးပွားရေးများ ချဲ့ထွင်ရင်း အမေရိက ဟိုတယ်လုပ်ငန်းရှင် သူဌေးကြီးတစ်ဦး ဖြစ်နေခြင်း ဖြစ်ပါသည်။
15-Jan-2017
ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာ အလက်ဇန်းဒါးနက်ဗ်စကီ ဘုရားကျောင်းကြီးရှေ့မှာ အမြဲတမ်း တွေ့ရတတ်တဲ့ ဘိုးအေကြီးဟာ အသက် ၁၀၂ နှစ် ရှိပါပြီ။ ခြိုးခြံတဲ့ တပသီအကျင့်ကို ကျင့်သူ ဘိုးသက်ရှည်ကြီးရဲ့ အမည်က မစ္စတာ ဒိုဘရီဒိုဘရက်ဗ် ဖြစ်သည်။ သူ့ကို မြို့တော်သူ မြို့တော်သားတွေက ဘိုးဘိုးဒိုဘရီလို့ ခေါ်ကြသည်။
15-Jan-2017
မြန်မာပြည်၏ ကမ္ဘာကျော် ၂၀၀၇ ရွှေဝါရောင် အရေးတော်ပုံကို အများက မှတ်မိနေကြပါမည်။ ထိုအရေးအခင်းအပြီးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးကို လိုလားသော သီလရှင် ဆရာလေးအချို့နှင့် ရဟန်းတော် အများအပြား ထောင်ဒဏ်များ ကျခံခဲ့ကြရသည်။
15-Jan-2017
ရွှေဝါရောင် သန်းနေသည့် ကျောရိုးမဲ့ အင်းဆက်မျိုးစိတ် လိပ်ပြာလိုလို၊ ပိုးတုံးလုံးလိုလို ပိုးကောင်ငယ်လေးများ ပဲခူးတိုင်း အနောက်ခြမ်းမြို့နယ်များကို ရောက်ရှိလာသည်မှာ စေတန်နတ်ဆိုးက လွှတ်လိုက်သည့် ကျိန်စာမှန်း မသိခင်က ဒေသခံများ၊ ကလေးငယ်များအတွက် လှပ၍ ချစ်စရာ ကောင်းသည်ဟု ထင်ခဲ့ကြသည်။
15-Jan-2017
နိုင်ငံတွင် ဂိမ်းစွဲသူများနှင့် အင်တာနက်စွဲသည့် လူငယ်များကို ပြန်လည်ပြုပြင်ရေး အမည်ခံစခန်းများသို့ ပို့ဆောင်ပြီး ကုသရာ၌ ရိုက်နှက်ခြင်း၊ ဆဲဆိုကြိမ်းမောင်ခြင်းများအပြင် ဦးခေါင်းတွင် လျှပ်စစ်ကျဉ်စက်ဖြင့် ရှော့ခ် (Shock) ရိုက်ကာ ကုသခြင်းများကို လုပ်ဆောင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် The Telegraph သတင်းတွင် လူငယ်များကို လျှပ်စစ်ဓာတ်ဖြင့် ရှော့ခ်ရိုက်ကာ ကုသသည့် ကုထုံးအား ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။
15-Jan-2017
အနှီဖေ့ဘွတ် ဟူသည်ကား ချိုမိုင်မိုင် ချိုမိုင်မိုင် မေမေ့ချိုချိုကိုင် ဟူသော မဟာ အလင်္ကာကြီးမျိုးကို ရေးသားကာ နာမည်ရှေ့တွင် ပိုးဟပ်ဟု တပ်သူ တစ်သန်း ရှိနေသောနေရာ။
14-Jan-2017
ကမ္ဘာ့အမွေအနှစ် ဟန်လင်း ပျူမြို့ဟောင်း ဆိုင်းဘုတ်ကိုကျော်၍ ဟန်လင်းစံပြကျေးရွာအတွင်း လမ်းမကြီးအတိုင်း ဝင်သွားလိုက်လျှင် “ရှေးဟောင်းပစ္စည်း ဝယ်ချင်လို့”ဟု ဒေသခံအချို့ကို မေးလိုက်ရုံနှင့် ပစ္စည်းရှိသူထံ လမ်းညွှန် ပေးကြပေလိမ့်မည်။
14-Jan-2017
အိုးပုတ်တစ်ခေတ် ရှိစေချင်သေးသည်။ တပ်ကြီးရွာကလေးကို လေ့လာသူတွေပိုပြီး များစေချင်သေးသည်။ မြန်မာ့ လက်မှုလုပ်ငန်း တစ်ခု မပျောက်မပျက် ဆက်လက် တည်မြဲနေစေချင်သေးသည်။ မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းဖြစ်သော အိုးပုတ်လုပ်ငန်းလေး အဓွန့် ရှည်စေချင်သေးသည်။ ကလေးငယ်တွေ အိုးပုတ်လေးတွေနှင့် ကစားကြစေချင်သေးသည်။
13-Jan-2017
ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရင်ခုန်ရမည့်သူများမှာ ဘတ်စ်ကားစီး ရန်ကုန်သူ၊ ရန်ကုန်သားများသာမကပါ။ ယာဉ်လိုင်း ပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များလည်း ပါဝင်သည်။