News

26-Jan-2017
ကိုယ့်ဖခင်က အာဏာရှင်တစ်ဦး ဖြစ်ခဲ့ပြီး လူပေါင်းများစွာ သတ်ခဲ့သူ ဖြစ်နေသည်။ ခေတ်တွေစနစ်တွေ ပြောင်းသွားသည်။ အာဏာရှင်ဟု သတ်မှတ်ခြင်း ခံရသူများ၏ သားသမီးများ ဘဝသည် အလွန်မျက်နှာငယ်စွာ စိတ်ဆင်းရဲစွာဖြင့် နေထိုင်ကြရသည်။ အာဏာရှင် သားသမီးများထဲတွင် ကောင်းသူလည်း ပါမည်။ ဆိုးသူလည်း ရှိနိုင်သည်။ သို့သော် သူတို့အပေါ်တွင် အရိပ်မည်းကြီးများက လွှမ်းမိုး ဖုံးအုပ်ထားတတ်သည်။
24-Jan-2017
ဖဒိုမြို့လေးကို ဒေါက်တာခွန်ဝင်းလတ် ပြောင်းလာခါစက ဖဒိုမရောက်ခင် တာဝန်ထမ်းဆောင်ခဲ့သည့် မတ္တရာမြို့သားများ ငိုခဲ့ကြရသကဲ့သို့ ယနေ့မှာတော့ ဖဒိုမြို့သားတွေ ငိုကြရပြီ ဖြစ်သည်။ ဖဒိုမြို့သားများက အလွယ်တကူတော့ဖြင့် သူတို့ချစ်သော ဆရာဝန်လေးကို လက်လွတ်ဆုံးရှုံးမခံခဲ့ကြချေ။
23-Jan-2017
မန္တလေးက တော်ဝင်နန်းသုံး အစားအစာဟု ဆိုလိုက်သည်နှင့် မန္တလေးသူ၊ မန္တလေးသားတို့ ထိပ်ဆုံးက ပြေးမြင်ကြမှာတော့ ခနုံထုပ်ဖြစ်သည်။
23-Jan-2017
အနောက်တိုင်း၏ လူမျိုးရေး ခွဲခြားဖိနှိပ်မှုများကြားမှ ပွင့်အန်ထွက်လာသော Hip Hop ဂီတသည် မြန်မာနိုင်ငံတွင်လည်း ၁၉၉၈ ခုနှစ်တွင် တေးသံရှင် မျိုးကျော့မြိုင်နှင့် ဒီဂျေအချို့၏ ဖန်တီးမှုဖြင့် စိမ့်ဝင်ပျံ့နှံ့ လာခဲ့သည်။ ဆန်းပြားသော ဂီတအမျိုးအစား တစ်ခုအဖြစ် စိတ်ဝင်တစား လက်ခံလာသောကြောင့် ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် Rap အဖွဲ့များ အလျှိုလျှို ထွက်ပေါ်လာသည်။ ယောက်ျားလေး တေးသံရှင် အများစုသာ Rap သီဆိုကြလေ့ရှိသော ၂၀ဝ၀ ပြည့်နှစ် အလွန်နှစ်များတွင် အမျိုးသမီး Rapper များမှာ လက်ချိုးရေတွက်လို့ ရအောင်ပင် အတွေ့ရနည်းသည်။
22-Jan-2017
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရှင်းလင်းသည့် ရည်မှန်းချက်နှင့် အဂ္ဂမဟာဗျူဟာရှိသူ ဖြစ်သည်။ သို့သော် ယင်းသည် များစွာသော ရီးရဲလစ်များ ယူဆထားသကဲ့သို့မဟုတ်။ ပူတင်ကို အခြေခံအားဖြင့် မောင်းနှင်နေသည်မှာ ကျိုးကြောင်းအပေါ် အခြေခံထားသည့် ခုခံမှု ရည်မှန်းချက်သာ ဖြစ်သည်ဟု အချို့က ငြင်းချက်ထုတ်လျက် ရှိသည်။ နေတိုးစစ်အုပ်စု တိုးချဲ့မှုသည် ခြိမ်းခြောက်သည့် ပုံပေါ်နေပြီး ရုရှားက ပြန်လည်တွန်းလှန်လျက် ရှိသည်ဟု ဆိုသည်။ ရုရှားကို စတေးပြီး အနောက်အုပ်စုက ၎င်း၏ သြဇာလွှမ်းမိုးမှု နယ်ပယ်ကို တိုးချဲ့လျက်ရှိပြီး ရုရှားက လက်ရှိတွင် လက်တုံ့ပြန်ပြီ ဖြစ်သည်။ ထို့ကြောင့် ယူကရိန်း အကျပ်အတည်းသည် အနောက်တိုင်း၏ မှားယွင်းမှုကြောင့်ဟု ဂျွန်မီယာ ရှီးမားက ဆိုသည်။
22-Jan-2017
မတူညီသည့် အသက်မွေးဝမ်းကျောင်း နှစ်ခုကို ချိတ်ဆက်လုပ်ဆောင်နေသူ၊ မြန်မာကော်ဖီအဖြစ် ရှမ်းတောင်မြင့် ကော်ဖီ Genius အမှတ်တံဆိပ်ကို ပြည်ပနိုင်ငံသို့ မိတ်ဆက်ပေးသူမှာ ဦးငွေထွန်း ဖြစ်သည်။
22-Jan-2017
အလုပ်လက်မဲ့နှုန်း မြင့်မားနေဆဲ ဖြစ်ပြီး အလုပ်လုပ်ကိုင်နိုင်သည့် အသက်အုပ်စု ၃၂ သန်း ကျော် ရှိသည့် မြန်မာနိုင်ငံ၌ ဆောက်လုပ်ရေး အောက်ခြေအလုပ်များတွင် နိုင်ငံခြားသားများ ဝင်ရောက်နေရာယူနေပြီ ဖြစ်သည်။
22-Jan-2017
အိန္ဒိယနိုင်ငံ လက်ခ်နောင်မြို့ကြီးရှိ နေအိမ်တစ်လုံး အပြင်ဘက်မှ ပုခက်ကြိုးတန်းတစ်ခုသည် ဖြတ်သွားဖြတ်လာများအတွက် အမြင်စိမ်းနေမည် ဆိုသော်ငြား မိဘမဲ့ ကလေးများ၊ စွန့်ပစ်ခံ ကလေးများ အတွက်မူ အဓိပ္ပာယ် တစ်ခုခု ရှိပါလိမ့်မည်။ ချစ်ခြင်းတရား၊ နွေးထွေးမှု၊ မိခင်မေတ္တာ၏ ပြယုဂ်တစ်ခု ဖြစ်ပါသည်။ နှစ်ပေါင်းသုံးဆယ်ကျော်ကြာအောင် ထိုပုခက်ထဲသို့ ကလေးပေါင်းများစွာ ဝင်ခဲ့ရသည်။ ထားခဲ့ခံရသည်။ ဘဝတစ်ခုလုံးကို မြှုပ်နှံကာ ကလေးများအတွက် တာဝန်ယူ လုပ်ဆောင်ပေးနေသည့် မိခင်တစ်ဦး၏ စောင့်ရှောက်မှုကို ထိုပုခက်ထဲ ဝင်ပြီးမှ ရရှိခဲ့ကြသည်။ ထိုမိခင်ကြီး၏ အမည်မှာ ဒေါက်တာဆာရိုဂျီနီ အဂါဝယ် ဖြစ်ပါသည်။
22-Jan-2017
ဘတ်စ်ကားတွေ တစ်စီးပြီးတစ်စီး ဆိုက်လာသော်လည်း ဆယ်လီမောင် ကားပေါ် မတက်သေး။ ရှစ်နာရီ ထိုးပြီ။ ဘတ်စ်ကား မှတ်တိုင်တွင် လူအုပ်ကြီးက တဖြည်းဖြည်း များလာပြီ။ ဟိုဗော်လံတီယာတွေ အလုပ်ရှုပ်ပြီ။ လူတွေကလည်း ပွစိ ပွစိ ဖြစ်လာကြသည်။
21-Jan-2017
မျက်မှန်ထူထူအောက်မှ သူ့မျက်လုံးများက တလက်လက် တောက်ပနေပြီး အသက် ၇၀ အရွယ်နှင့် မလိုက်ဖက်စွာ လူငယ်လေး တစ်ဦးအလား တက်တက်ကြွကြွ။
21-Jan-2017
ရန်ကုန်လူထုကို ဆန်ကောထဲ ထည့်လှိမ့်လိုက်သကဲ့သို့ပင်။ ခရီးသွားပြည်သူများမှာ ရက်ပိုင်းအတွင်း ဟိုပြေး၊ ဒီပြေး ဖြစ်ကုန်ကြသည်။ ဤမျှအထိ YBS (Yangon Bus Services) က စွမ်းလှသည်။
20-Jan-2017
အထူးသတိချပ်စရာကောင်းသည့် အချက်မှာ OIC အရေးပေါ်အစည်းအဝေး အဖွင့်တွင် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ သုံးသပ်ချက်ပင် ဖြစ်သည်။ နာဂျစ်က ဘင်္ဂါလီအရေးကိစ္စသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စသက်သက် မဟုတ်တော့ဘဲ ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် သက်ဆိုင်သော ပြဿနာကြီးတစ်ရပ် ဖြစ်လာသည်ဟု ဆိုသည်။ ထို့နောက် နာဂျစ်က ဘင်္ဂါလီ ဒုက္ခသည်များ၏ ကံဆိုးမိုးမှောင်ကျမှုကြီးသည် အာဆီယံဒေသ တစ်ခုလုံးကို မတည်မငြိမ် ဖြစ်လာသည်အထိ ဖန်တီးလာနိုင်ကြောင်း သတိပေးသည်။
19-Jan-2017
ယခင် ချီလီနိုင်ငံ၏ အာဏာရှင်ကြီးတစ်ဦး ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး သြဂတ်စ်တို ပီနိုရှေး (Augusto Pinochet) ၏ သမီးကြီး လူစီယာ ပီနိုရှေး (Lucia Pinochet) တစ်ယောက် အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသဖြင့် ၂၀၀၆ ခုနှစ် ဇန်နဝါရီလက အမေရိကန် တာဝန်ရှိသူများ အလုပ်တွေ ရှုပ်ကုန်သည်။ ဝါရှင်တန်၊ ဒါးလက်စ် နိုင်ငံတကာလေဆိပ် ရောက်ချိန်၌ ချီလီနိုင်ငံမှ အခွန်ရှောင်မှုများဖြင့် ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သောကြောင့် သူမကို တာဝန်ရှိသူများက ထိန်းသိမ်းကာ စစ်ဆေးနေရခြင်း ဖြစ်သည်။
17-Jan-2017
ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် အင်အား အကြီးဆုံး ဖြစ်သည့် “ဝ” တပ်ဖွဲ့သည် နှစ်ပေါင်း ၅၀ ခန့် ကာလအတွင်း အကြီးမားဆုံး ခေါင်းဆောင်ပိုင်း အပြောင်းအလဲကြီး တစ်ရပ် ကို စတင် လုပ်ဆောင်တော့မည်ဖြစ်ရာ ယင်း “ဝ”တပ်ဖွဲ့အတွင်း အလှုပ်အယမ်း ဖြစ်မည့်အနေအထားများ ဖြစ်ပေါ်နေကြောင်း “ဝ”တပ်ဖွဲ့နှင့် ဆက်စပ်သည့် သတင်းရင်းမြစ်များက ပြောကြားကြောင်း
16-Jan-2017
အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှု(YBS) ကို ဇန်နဝါရီလ ၁၆ ရက်တွင် စတင်လိုက်ပြီဖြစ်သည်။