မြန်မာနိုင်ငံဟူသည် အရှေ့တောင်အာရှဒေသတွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အဆင့်တွင်မူ အာဖဂန်နစ္စတန်ပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်သည်။ မြန်မာတပ်မတော် အနေနှင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသများကို ကိုင်တွယ်ထိန်းချုပ်ရန် လက်နက်ကိုင် အုပ်စုများအပေါ် မှီခိုနေရသေးသရွေ့ ဘိန်းနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသည့် တရားမဝင် လုပ်ငန်းတို့မှာလည်း ဆက်လက် အားကောင်းမောင်းသန် ဖြစ်နေမည်မှာ အသေအချာပင်။