News

12-Feb-2017 tagged as အိမ် မန္တလေး
မန္တလေးကို မောင်းနှင်နေသည့် အဓိက ယန္တရားမှာ မန္တလေးတိုင်းဒေသကြီး အစိုးရ ဖြစ်သည်။ ထိုအစိုးရ၏ သက်တမ်းမှာ ဆယ်လတာရှိခဲ့ပြီ ဖြစ်ပြီး မကြာမီ တစ်နှစ် (တစ်ဆယ့်နှစ်လ) ပြည့်တော့မည်။ ယခုအချိန်ထိ အစိုးရသစ် အနေနှင့် ပြည်သူတို့ အကျိုးခံစားခွင့် ရှိမည့် မည်သည့်အရာတို့ကို လုပ်ဆောင်နေကြောင်း တိတိပပ ပြောဆိုစရာ မရှိသေး။
12-Feb-2017 tagged as
အုတ်နီခဲကျိုး တစ်လုံးဖြင့်ပင် အကြမ်းဖက်သမားကို လက်ရဖမ်းပြခဲ့ပြီ။ ဒီလိုဆိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လေသံဖြင့် အုတ်နီခဲ ရှိနေပြီပဲ... သေနတ်တွေ မလိုတော့ပါဘူးဟု မဆိုလင့်နှင့်။
11-Feb-2017 tagged as
မန္တလေးမြို့၏ လမ်းမများထက် ခုံဖိနပ်သံ တဂွက်ဂွက်ကို မွန်းလွဲပိုင်းများမှာ ကြားရပြီဆိုလျှင် မင်းကွန်းအနီး ခိုတောင်ရွာမှ ခိုတောင်မုန့်တီသည်များ လာကြပြီဟု သိနိုင်သော အမှတ်အသားတစ်ခုဖြစ်သည်။ ထိုခုံဖိနပ်ပိုင်ရှင်တို့ လာရာကား ခိုတောင်ရွာ။ ထိုခုံဖိနပ်တို့ လာရာကား မင်းကွန်းဖြစ်သည်။
11-Feb-2017 tagged as
အိမ်တစ်လုံး၏ သက်တမ်းသည် မည်မျှနည်း။ အထူးသဖြင့် မြန်မာ့ရှေးခေတ်သုံး သစ်သားအိမ် တစ်လုံးသည် လောကဒဏ်ကို မည်မျှခံနိုင်သနည်း။ လူ့သက်တမ်း နှစ်ခုစာမျှ သက်တမ်းရှည်ခဲ့သည့် အဘိုးအိုအိမ်ကြီးအနေနှင့် မရဏခရီးကို မျက်စောင်းထိုး၍နေပေပြီ။
မေယု FM ကိစ္စတွင်လည်း ထိုနည်းအတူပင်ဖြစ်သည်။ ထုတ်လွှင့်ချိန်မှသာ ပြည်သူသိခွင့် ရခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဦးဖေသန်းက အောက်ပါအတိုင်း မှတ်ချက်ပြုထားသည်။ “အာဏာရှင်ဆန်ဆန် လုပ်နေတာ။ ဘာမှချပြစရာ မလိုဘူး။ ငါတို့လုပ်ရင် မှန်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်နေတာ အမြဲတမ်း တွေ့ရတယ်”
ဒီမိုကရေစီ နည်းလမ်းကျကျ ပြည်သူ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရလက်ထက်တွင် နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းခဲ့သည့် ပြည်တွင်းရေးနှင့် ပင်လုံကတိကဝတ်ကို အသက်သွင်းရန် အစိုးရ စွမ်းနိုင်ပါမည်လော။
10-Feb-2017 tagged as
ပင်လုံသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုစတင်ရာ ဘူမိနက်သန်နေရာဟု မသတ်မှတ်နိုင်သော်လည်း ယနေ့ မြင်တွေ့နေရသော လှပသည့် မြန်မာနိုင်ငံ ပုံသဏ္ဌာန် ဖြစ်လာစေရေးအတွက်မူ အရေးပါလှသည်။
09-Feb-2017 tagged as
အိုင်ရှားပြန်လာပြီဆိုသည့် သတင်းများ လစ်ဗျားနိုင်ငံအတွင်း ပျံ့နှံ့သွားသည်။ နေတိုးအဖွဲ့ကို ဆန့်ကျင်မည့်အပြင် အခြားသော လစ်ဗျား အကြမ်းဖက်အုပ်စုများကိုလည်း ဆန့်ကျင်သွားမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။ သူမအနေဖြင့် တန်ပြန်တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းထားသလို လျှို့ဝှက်အစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
08-Feb-2017 tagged as
ယူကေနိုင်ငံ ဈေးလမ်းများပေါ်တွင် ရောင်းချသည့် နာမည်ကြီး တံဆိပ်အချို့ကို မြန်မာနိုင်ငံမှ ၁၄ နှစ်အရွယ် ကလေးများက ချုပ်လုပ်ပေးနေကြောင်း နောက်ဆုံးရသတင်း အစီရင်ခံစာတစ်စောင်အရ သိရှိရသည်။
07-Feb-2017 tagged as ပတ်ဝန်းကျင်
ဆူညံမွန်းကျပ်မှုများနှင့် ပြည့်နှက်နေသည့် ရန်ကုန်မြို့ မှ ၆၉ မိုင်ကျော်အကွာ ရန်ကုန်-မန္တလေးလမ်းဟောင်း အရှေ့ဘက် ၆ ဖာလုံခန့် အကွာတွင် ကမ္ဘာတစ်ဝန်းမှ လာရောက်ကျက်စားသည့် ဆောင်းခိုငှက်များကို ကြည့်ရှုလေ့လာနိုင်ခြင်းနှင့် သဘာဝအလှအပများကို ခံစားနိုင်ခြင်းတို့ကြောင့် ခရီးသွားများအကြား နာမည်ကျော် ရေပန်းစားသည့် သဘာဝ အခြေခံခရီးသွားစခန်းတစ်ခု ရှိနေသည်။
မြန်မာစစ်ဘက်အား အကန့်အသတ်နှင့် ထိတွေ့ဆက်ဆံခြင်းသည် တပ်မတော်၏ အပြုအမူအပေါ် ဖိအားပေးနိုင်စွမ်း ရှိမည်ဟု ဝါရှင်တန်ရှိ သံတမန်များနှင့် ကွန်ဂရက်လွှတ်တော် ခေါင်းဆောင် အများစုက ယုံကြည်ကြသည်။ သို့ရာတွင် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ၏ မကြာသေးမီက အစီရင်ခံစာတွင် “မြန်မာစစ်ဘက် ခေါင်းဆောင်များ၏ ပရိုဖက်ရှင်နယ် ပီသမှုနှင့် ဒီမိုကရေစီ အတွေးအမြင်တို့ကို မြှင့်တင်ရန်၊ နိုင်ငံရေးမှ စွန့်ခွာရေးကို တွန်းအားပေးရန်” အတွက် စစ်တပ်ချင်း ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု တင်ပြထားသည်။
05-Feb-2017 tagged as အိမ်
အရပ်သားအစိုးရ တက်လာသည့် ၂၀၁၆ ခုနှစ် ဧပြီလ နောက်ပိုင်းမှ စတင်ကာ အေးစက်စက် မြန်မာ့အိမ်၊ ခြံ၊ မြေ ဈေးကွက် မျှော်လင့်ချက် ရောင်ခြည်သန်းလာမည်ဟု လုပ်ငန်းရှင် အများစု မျှော်လင့်ခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ မူဝါဒ အပြောင်းအလဲက ထိုမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်ပြန်သည်။
05-Feb-2017 tagged as ဆေး
သို့သော်လည်း ကျေးလက်နှင့် မြို့ပြမကျန် မြန်မာတိုင်းရင်းဆေးကို မသောက်သုံးဖူးသူက နည်းပါးလှသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက လသားအရွယ်မှ အိုမင်းချိန်အထိ တိုင်းရင်းဆေးကို သုံးစွဲသူ များလွန်းလှသော်လည်း ယနေ့ခေတ်တွင်မူ တိုင်းရင်းဆေးက လူထုကို မဆွဲဆောင်နိုင်သေးချေ။
05-Feb-2017 tagged as
စပိန်နိုင်ငံ မြို့တော် မက်ဒရစ်တွင်လည်း ယခုအခါ ရော်ဘင်ဟုဒ်ကဖေးဆိုင် ဆိုပြီး နာမည်ကျော်နေသော စားသောက်ဆိုင် တစ်ဆိုင် ရှိပါသည်။ အဆိုပါဆိုင်သည် ဓားပြတိုက်ခြင်းကြောင့်တော့ နာမည်ကျော်ခြင်း မဟုတ်ပါပေ။ နေ့လယ်နေ့ခင်းအခါတွင် တတ်နိုင်သူများကို ရောင်းချပိုက်ဆံယူပြီး ညချမ်းချိန်ခါတွင် အိမ်ခြေမဲ့များ နွမ်းပါးသူများကို ညစဉ်စတုဒိသာဖြင့် တည်ခင်းဧည့်ခံသောကြောင့် ဖြစ်ပေသတည်း။ တတ်နိုင်သူများထံမှ ငွေယူပြီး မတတ်နိုင်နွမ်းပါးသူများကို ကူညီသောကြောင့် ရော်ဘင်ဟုဒ် စားသောက်ဆိုင်ဟု အမည်ပေး ခံထားရခြင်း ဖြစ်တန်ရာသည်။
05-Feb-2017 tagged as သတင်း
မြင်းခွာတစ်ချက်ပေါက်ရင် ဖုန်လုံးလုံး ထသွားမယ်တို့၊ တိုက်ပွဲခေါ်သံတို့၊ အာဏာရှင်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်တို့ အဲလိုကြွေးကြော်သံတွေကို ခေါင်းစီးအမည်းကြီးတွေနဲ့သာ မျက်နှာဖုံးမှာ တင်လိုက် ရောင်းလို့ လက်မလည်တောင် ဖြစ်သွားဦးမယ်။