News

18-Jul-2019
မြစ်ဆုံရောက်ဖို့ တစ်မိုင်ကျော်၊ နှစ်မိုင်လောက်အလိုမှာတော့ မြစ်ဆုံစီမံကိန်းဝင်းကို ကားလမ်းနှင့် ခပ်လှမ်းလှမ်းမှာ တွေ့ရသည်။ ထိုနေရာသို့ မည်သူမျှ ဝင်ခွင့်မရပါ။ ယခုချိန်ထိ စီမံကိန်းဝင်းထဲမှာ တရုတ်လူမျိုးအချို့ ရှိနေသေးသည်ဟု ကိုကျော်ဦးက ပြောသည်။ အထဲမှာ အဆောက်အအုံတွေရှိပြီး စီမံကိန်းပြန်စလျှင် ဆက်ပြီးအလုပ်လုပ်ကြမည့်သဘောရှိသည်။ စီမံကိန်းအရ မြစ်ဆုံအောက်ဘက် ဤနေရာမှ ဆည်ပိတ်ပြီး ရေအားလျှပ်စစ်ဓာတ်အားထုတ်ယူမည် ဖြစ်သည်။
17-Jul-2019
စာပေနှင့် ပတ်သက်လာရင် ဘာမဆို လုပ်ဖူးချင်တဲ့စိတ်ရှိတဲ့ ကျွန်တော်နှင့် ဝါရင့်အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဆရာနတ်နွယ်တို့ ပေါင်းမိတဲ့အခါ မဂ္ဂဇင်း တစ်စောင်ထုတ်ဖို့ စဉ်းစားမိကြတာ မထူးဆန်းဘူးလို့ပဲ ပြောရမှာပါ။
17-Jul-2019
စီအိုင်ဒီကိုင်လိုက်လျှင် အဲ့အမှု တရားခံမမိတော့၊ လမ်းဆုံးပြီဟု စွပ်စွဲကြသည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လည်း မမိသေး။ မင်္ဂလာဒုံ လေးလောင်းပြိုင်လည်း ကိုယ့်ဟာကိုယ်သတ်တာဖြစ်သွားသည်။ ဟိုအမှုလည်း မမိ၊ ဒီအမှုလည်း မမိဆိုပြီး လှောင်ကြသည်။ ပြည်သူတွေကိုယ်တိုင်ဖမ်းပေးမှ မိမှာလားဟုလည်း မေးကြသည်။
14-Jul-2019
“ငါတို့ခန္ဓာကိုယ်ကြီးက ဟိုလိုဂရမ်ကြီးပါဆိုတာသိသွားရုံနဲ့ ဗိုက်မဆာတော့တာမှမဟုတ်တာကွ။ မင်းတောင် အခု အရင်လိုပဲ ဘီယာထိုင်သောက်နေတာမဟုတ်လား . . . အဲဒီတော့ ဘယ်သူကဒီကိစ္စကို သောက်ဂရုစိုက်နေမှာလဲ”
14-Jul-2019
“ဒီလုပ်ငန်းဆိုတာ ဘယ်သူမှ အကြာကြီးလုပ်လို့မရဘူး။ ကိုယ့်မှာ အလှအပတွေမရှိတော့ဘူးဆိုရင် ပိုက်ဆံလည်းရှိလာတော့မှာမဟုတ်ဘူး။ အဲတော့ လုပ်နိုင်တဲ့အချိန်မှာ ဒီအလုပ်လုပ်ရမှာပဲ”
14-Jul-2019
ကန်စွန်းကတော့ မြန်မာတွေနဲ့ မစိမ်းပါ။ ကန်စွန်းရွက်ကြော်ကို တော်တော်များများ ကြိုက်ကြတယ်။ ကန်စွန်းရိုးနီကိုတော့ ချဉ်ရည် ဟင်းချက်သောက်ကြတယ်။ တို့စရာ လုပ်စားကြတယ်။ ရေနွေးဖျောပြီး သုပ်စားကြတယ်။ ကန်စွန်းဟာ ဆေးလည်း ဖြစ်ပါတယ်။ မှန်ကန်တော်တည့်စွာ စားသုံးမယ်ဆိုရင် အလွန်အကျိုးရှိသော ဓာတ်စာ ဖြစ်တယ်။ ကန်စွန်းရွက်ရဲ့ အာနိသင်တွေကို လက်လှမ်းမီသလောက် ဖတ်ရှုပြီး ပြန်လည်ဖောက်သည်ချပေးပါမယ်။
14-Jul-2019
ကျွန်တော် တစ်ချိန်က အရမ်းပေါက်ချင်ခဲ့သော ဝက်ခြံကို ယခုတော့ ငွေသုံးထောင်အကုန်ခံပြီး ရှင်းထုတ်နေရပါ၏။ ဝက်ခြံပေါက်ဆေး လိုချင်ခဲ့ဖူးသော ကျွန်တော်သည် ဝက်ခြံပျောက်ဆေးကို သုံးနေရပါသည်။ ကျွန်တော် ကျိတ်ကြိုက်ခဲ့သော တောင့်တောင့်ထွားထွား တင်ဇာလွင်ကြီးသည်လည်း ကလေးနှစ်ယောက်အမေ ဝတုတ်ကြီးဖြစ်နေသည်ဟု သတင်းရထားပါသည်။
10-Jul-2019
ယနေ့ သတင်းတစ်ပုဒ် တွေ့လိုက်၏။ ထိုသတင်းက မီတာခတက်သဖြင့် စိတ်ညစ်နေသောပြည်သူတွေ ပျော်ရမည့်သတင်း။ ပဲခူးဝန်ကြီးချုပ်က ပြောသည်။ စဥ့်လုပ်ငန်းရှင်တွေကို မီးဖိုထုတ်လုပ်မှုနှင့်ပင် ရပ်မနေဘဲ နျူကလီးယားဓာတ်ပေါင်းဖိုအထိ ထုတ်လုပ်ဖို့။ အခုက စဥ့်လုပ်ငန်းရှင်တွေက မီးဖိုလေးတွေ ထုတ်လုပ်နိုင်သည်။ ဒါကိုတွေ့တော့ ဝန်ကြီးချုပ်က ပျော်သွားသည်။ မီးဖိုတောင်ထုတ်တာ နျူကလီးယား ဓာတ်ပေါင်းဖိုလည်း လုပ်လို့ရမည်ဟုတွေးပုံရသည်။
09-Jul-2019
သည်နေရာမှာ ကျွန်တော် တစ်ဦးတည်း ဆန္ဒ နှင့် ပြောရရင်တော့ ဆရာ့စာမူကို စာဖတ်သူတွေ ဖတ်ခွင့်ရစေချင်ပါတယ်။ ဆရာ့စာအုပ်ကို စာဖတ်သူများနှင့် ပညာရှင်များဖတ်ကြည့်ပြီး ဘယ်နေရာမှာဖြင့် သင့်လျော်၏ မသင့်လျော်၏ဆိုတာ ဝေဖန်ပိုင်းခြားနိုင်ရင်ဖြင့် . . .
08-Jul-2019
“၂၀၁၅ တုန်းက ကျွန်တော့်အမျိုးသမီးက ရွေးကောက်ပွဲဝင်မယ်ဆိုပြီး တိုင်ပင်တယ်။ ကျွန်တော်က အဲဒီအချိန်တုန်းက ရန်ကုန်မြို့က ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတယ်။ လျှပ်စစ်အင်ဂျင်နီယာထဲမှာ အကြီးဆုံးပေါ့။ လစာလည်းကောင်းခဲ့တယ်။ သူက ကိုယ်ဝန်ခြောက်လနဲ့ဆိုတော့ ကျွန်တော်က သူ့ကို ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူးလို့ပြောခဲ့တယ်” ဟု ဆိုသည်။
07-Jul-2019
ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းကုသိုလ်သည် အထက်ပါဖော်ပြခဲ့သည့် လောကီကောင်းကျိုးချမ်းသာ၊ လောကုတ္တရာကောင်းကျိုးချမ်းသာ အဖြာဖြာတို့ကို ရရှိနိုင်မည်ဖြစ်၍ ဗုဒ္ဓဘာသာဝင်သူတော်စင်တို့သည် ဝါတွင်းကာလ၌ မိမိတို့ စွမ်းနိုင်သရွေ့ နီးစပ်ရာ သံဃာတော်တို့အား ဝါဆိုသင်္ကန်းအလှူကို တစ်ဦးတည်းဖြစ်စေ၊ မိသားစုဖြင့်ဖြစ်စေ၊ အသင်းအဖွဲ့ဖြင့်ဖြစ်စေ လှူဒါန်းကြပါဟူ၍ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
07-Jul-2019
ခံတွင်းအနံ့ဆိုးတွေဟာ ကိုယ့်ကိုရော၊ ကိုယ့်နားကသူတွေကိုရော အနှောင့်အယှက် ဖြစ်စေပါတယ်။ ခံတွင်းက အနံ့ဆိုးတွေ မထွက်စေဖို့ အားလုံးက လိုလားကြမှာ မလွဲပါပဲ။ ဒါကို တားဆီးကာကွယ်ဖို့ နည်းလမ်းတွေက ခက်ခဲလှတာ မဟုတ်ပါဘူး။ ဒါကြောင့် ခဏအချိန်ပေးပြီး ဖတ်ရှုပြီးတော့ အကြံပြုချက်တွေကို လိုက်နာလိုက်မယ်ဆို မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိသွားမှာဖြစ်ပါတယ်။ ဘာကြောင့် ခံတွင်းအနံ့ဆိုးတွေ ထွက်ရတယ်ဆိုတာကို လေ့လာကြည့်ရအောင်။
07-Jul-2019
“ဟေ့၊ ဒရိုင်ဘာ မာတလိ..လူ့ပြည်ကို မင်းမလိုက်နဲ့၊ မင်းမလိုက်နဲ့ မဖြစ်ဘူး။ ငါတို့ ရထားကို ဖြစ်သလိုပဲ မောင်းသွားကြမယ်။ တော်ကြာ ဟိုမှာ တရားခံရှာမရတာနဲ့ မင်းကို တရားခံနာမည်တပ်နေမှဖြင့် နတ်ပြည်နာမည်ပျက်ရချည်ရဲ့ကွယ်” ဟူ၏။