News

13-Sep-2016
ဖိလစ်ပိုင်နိုင်ငံတွင် ဆင်နွှဲနေသည့် မူးယစ်စစ်ပွဲသည် နိုင်ငံသူ နိုင်ငံသားများကို ဆိုးရွားသည့် အနေအထားတစ်ခုသို့ မရောက်ရောက်အောင် တွန်းပို့ခြင်းတစ်ခု ဖြစ်ပြီး သမ္မတတစ်ဦး၏ ရက်စက်သော စတန့်ထွင်မှုတစ်ခုအဖြစ် ပြည်သူတွေကလည်း ကန့်ကွက်လာကြသည်။
11-Sep-2016
မလပြည့်ဝိုင်း ရင်ဆိုင်ခဲ့ရသည့် အက်ဆစ်ကို လက်နက်သဖွယ် အသုံးပြု ရက်စက်ယုတ်မာမှုသည် ကြားရသူကြုံရသူ မြန်မာတိုင်းအတွက် အထူးတဆန်း။ မြန်မာလူမှုဝန်းကျင်တွင် ထိုအကျည်းတန်လုပ်ရပ်က အစိမ်းသက်သက်မျှသာ။ အက်ဆစ်လက်နက်ကို အလိုမရှိကြ။ မြန်မာအားလုံး နှာခေါင်းရှုံ့ကြမည်က အမှန်။
11-Sep-2016
တိုင်းပြည်အတွက် ကိုယ်လက်အင်္ဂါ စွန့်ပေးသော တပ်မတော်သားများကို ပြည်သူတစ်ဦး အနေနှင့် ကျေးဇူးတင်ကြောင်းကို ပြသရန် ဒန်ဝေါရက်က အိမ်များ လိုက်လံတည်ဆောက်ပေးခြင်း ဖြစ်သည်။ ၂၀၀၅ ခုနှစ် ကတည်းက တက္ကဆက်ပြည်နယ်တွင် အဆောက်အအုံလေးလုံး ဆောက်လုပ်ပြီးပြီ ဖြစ်ကာ ဆက်လက်တည်ဆောက်နေသည့် အဆောက်အအုံ ငါးလုံးလည်း ရှိသေးသည်။ သူ့လှုပ်ရှားမှုကို Operationa Finally Home ဟု အမည်ပေးထားပြီး အများပြည်သူ ပါဝင်လာအောင်လည်း လှုံ့ဆော်ပေးသည်။
10-Sep-2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ပတ်သက်၍ ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ထူးခြားဖြစ်စဉ်များ ရှိသည်။ ယင်းသတင်းများမှာ NLD အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်နှင့် ပတ်သက်လျက်ရှိသည်။ အထူးသဖြင့် ရှမ်းပြည်နယ် NLD ကိစ္စနှင့် ပတ်သက်သည်။ ထိုကိစ္စ အချက်လေးချက်ကို ထုတ်ကြည့်သည်။
10-Sep-2016
အရေးယူ ပိတ်ဆို့မှုများသည် ချမှတ်ရန် အချိန်ယူရသကဲ့သို့ ဖြုတ်သိမ်းရန်လည်း အချိန်ယူရသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်၊ အိုဘားမား ရှိနေစဉ်တွင် အရေးယူပိတ်ဆို့မှုများ မရုပ်သိမ်းနိုင်လျင် နောင်တွင်ဖြုတ်ရန် ပိုခက်မည်။ မြန်မာ့စီးပွားရေးလည်း ခံမြဲတိုင်း ခံနေရပေဦးမည်။
06-Sep-2016
ဗာတီကန်မြို့တော်တွင် ကက်သလစ် သီလရှင် ဆရာကြီး မာသာထရီဆာကို သူတော်စင်အဖြစ် ချီးမြှောက်သည့် အခမ်းအနားအား စက်တင်ဘာလ ၄ ရက်နေ့ (တနင်္ဂနွေနေ့) က ကျင်းပသွားခဲ့သည်။ ဘဝတစ်လျှောက်လုံး ဆင်းရဲသားများကို အားပေးကူညီခြင်းဖြင့် နေထိုင်ခဲ့သော မာသာထရီဆာအား ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က သူတော်စင် သီလရှင်အဖြစ် အသိအမှတ်ပြုခဲ့ပြီ ဖြစ်သည်။
05-Sep-2016
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မြစ်ဆုံတမံ စီမံကိန်းကို ခွင့်ပြုပေးလိုက်ပါက နိုင်ငံနှင့် လူထုအပေါ် သူမ၏ သြဇာအာဏာ ကြီးမားမှုကို ထိခိုက်စေမည့် နိုင်ငံရေး၊ အမျိုးသားရေး၊ တိုင်းရင်းသားအရေး ပြဿနာပေါင်းစုံကို ဖိတ်ခေါ်ဖန်တီးရာ ရောက်ပေလိမ့်မည်။
04-Sep-2016
ကျွန်မတို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ စိုက်ခဲ့တဲ့ သစ်ပင်များစွာထဲက အပင်ဘယ်လောက်ရာခိုင်နှုန်း အသက်ရှင်ခဲ့သလဲ၊ ဘယ်လောက်ရာခိုင်နှုန်း ကြီးထွားလာခဲ့သလဲ၊ အပင်ပေါက် ဘယ်နှပင်ကို ရေလိုက်လောင်းတာ အပါအဝင် ရာသီဥတုဒဏ်ကနေ ကယ်ဆယ်နိုင်ခဲ့သလဲ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို ဘယ်လောက်ရာခိုင်နှုန်း ကာကွယ်မှုနှင့် ဖာထေးမှု ပေးနိုင်ခဲ့သလဲ စတဲ့ မေးခွန်းတွေကို မေးလိုက်မယ်ဆိုရင် ရရှိလာမယ့် အဖြေတွေကလည်း လောက်လောက်လားလား အားရကျေနပ်စရာ ရလဒ်ရှိမယ်လို့ မထင်မိပါဘူး။
04-Sep-2016
ဘယ်လူမျိုးလဲ၊ ဘယ်လိုဘာသာ ကိုးကွယ်သလဲ ဆိုသည်ကို ခွဲခြားလို့ မရသည့် အလုပ်အကိုင်တစ်မျိုး ရှိသည်။ ထိုအလုပ်ကား ဆရာဝန် အလုပ်ပေတည်း။ ဆရာဝန်များသည် မိမိလူနာကို ထိုသို့ ခွဲခြားလေ့ မရှိကြ။ နိုင်ငံသားလား၊ ခိုးဝင်လား၊ စာရွက်စာတမ်း ရှိသလား၊ စာရွက်စာတမ်းမဲ့လား၊ မွတ်ဆလင်လား၊ ဂျူးလား၊ ကျား/မ လား ခွဲခြားခြင်း မရှိကြ။ အစ္စရေးတွင် နတ်လူသာဓုခေါ်လောက်သော ကျန်းမာရေး၊ လူမှုရေး လှုပ်ရှားမှုတစ်ရပ် ရှိပါသည်။ ထိုလှုပ်ရှားမှုကို ဆရာဝန်များက ဦးဆောင် ကြသည်။ ဆရာဝန်များထဲတွင် ဂျူးလည်းပါသည်။ အာရပ်လည်း ပါသည်။
04-Sep-2016
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်တွင် သြဂုတ် ၃၁ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်လာကြသည့် တိုင်းရင်းသားလူမျိုး အချို့၏ ဝတ်စားဆင်ယင်မှုများကို ဖော်ပြလိုက်ပါသည်။
02-Sep-2016
နတ်ပွဲတွေအကြောင်း ပြောလျှင် ရတနာ့ဂူပွဲသည် မပါမဖြစ်။ နတ်ပွဲဟု ဆိုလိုက်သည်နှင့် ထိပ်ဆုံးက ပြေးမြင်ကြမှာကတော့ တောင်ပြုန်း သူပြီးလျှင်တော့ ရတနာ့ဂူ။ ရက်အားဖြင့်လည်း ရတနာ့ဂူနတ်ပွဲက တောင်ပြုန်းအပြီး နောက်တစ်ပတ်ခြား ဝါခေါင်လဆုတ် ၈ ရက်မှသည် ဝါခေါင်လကွယ်နေ့အထိ ကျင်းပခြင်း ဖြစ်သည်။
30-Aug-2016
အမျိုးသမီးများသည် ပင်လယ်ကမ်းခြေတွင် ဘီကီနီဝတ်စုံ မပေါ်တပေါ်လေးများဖြင့် ဝတ်ဆင်ကာ ရေကူးကြခြင်းကို တားမြစ်ထားသည့် နိုင်ငံများ ရှိပါသည်။ သို့သော် ပြင်သစ်နိုင်ငံတွင် အမျိုးသမီးများကို ဝတ်စုံအပြည့် လုံခြုံစွာဖြင့် ရေကူးခြင်းကို အမျိုးသမီးများ အခွင့်အရေးအား ပိတ်ပင်ရာရောက်သည်ဟု ယူဆပြီး ပင်လယ်ကမ်းခြေတွင် ဝတ်စုံပြည့်ဖြင့် ရေဆင်းမကူးရန် တားမြစ်ခဲ့သည်။
30-Aug-2016
တိုင်းရင်းသားအရေး ပဋိပက္ခတွင် ကွဲပြားခြားနားသောအုပ်စု မြောက်မြားစွာ ပါဝင်ပတ်သက်နေမှုကြောင့် ပြည်တွင်းဖြစ် ဖြေရှင်းနည်းများနှင့် ပိုမိုကျယ်ပြန့်သော နည်းလမ်းတို့ ဟန်ချက်ညီရန် အခက်အခဲ ရှိလိမ့်မည်။
30-Aug-2016
အိမ်ဖော်ပွဲစားများ၏ ဈေးကွက်ကုန်ကြမ်းမှာ အလုပ်အကိုင်ရှားပါးပြီး၊ ဝင်ငွေနည်းပါးသော နယ်ဘက်မှ ရိုးသားသော အမျိုးသမီးလေးများ ဖြစ်သည်။ ထိုနိုင်ငံခြားသားထံတွင် လုပ်ရမည့် အိမ်ဖော်ဈေးကွက်သည် တဖြည်းဖြည်းနှင့် မြန်မာပြည်တွင် နှစ်ရှည်နေသည့် နိုင်ငံခြားသားများအတွက် အငှားမယားဈေးကွက် ဖြစ်လာတော့သည်။