News

02-Sep-2016
နတ်ပွဲတွေအကြောင်း ပြောလျှင် ရတနာ့ဂူပွဲသည် မပါမဖြစ်။ နတ်ပွဲဟု ဆိုလိုက်သည်နှင့် ထိပ်ဆုံးက ပြေးမြင်ကြမှာကတော့ တောင်ပြုန်း သူပြီးလျှင်တော့ ရတနာ့ဂူ။ ရက်အားဖြင့်လည်း ရတနာ့ဂူနတ်ပွဲက တောင်ပြုန်းအပြီး နောက်တစ်ပတ်ခြား ဝါခေါင်လဆုတ် ၈ ရက်မှသည် ဝါခေါင်လကွယ်နေ့အထိ ကျင်းပခြင်း ဖြစ်သည်။
30-Aug-2016
အမျိုးသမီးများသည် ပင်လယ်ကမ်းခြေတွင် ဘီကီနီဝတ်စုံ မပေါ်တပေါ်လေးများဖြင့် ဝတ်ဆင်ကာ ရေကူးကြခြင်းကို တားမြစ်ထားသည့် နိုင်ငံများ ရှိပါသည်။ သို့သော် ပြင်သစ်နိုင်ငံတွင် အမျိုးသမီးများကို ဝတ်စုံအပြည့် လုံခြုံစွာဖြင့် ရေကူးခြင်းကို အမျိုးသမီးများ အခွင့်အရေးအား ပိတ်ပင်ရာရောက်သည်ဟု ယူဆပြီး ပင်လယ်ကမ်းခြေတွင် ဝတ်စုံပြည့်ဖြင့် ရေဆင်းမကူးရန် တားမြစ်ခဲ့သည်။
30-Aug-2016
တိုင်းရင်းသားအရေး ပဋိပက္ခတွင် ကွဲပြားခြားနားသောအုပ်စု မြောက်မြားစွာ ပါဝင်ပတ်သက်နေမှုကြောင့် ပြည်တွင်းဖြစ် ဖြေရှင်းနည်းများနှင့် ပိုမိုကျယ်ပြန့်သော နည်းလမ်းတို့ ဟန်ချက်ညီရန် အခက်အခဲ ရှိလိမ့်မည်။
30-Aug-2016
အိမ်ဖော်ပွဲစားများ၏ ဈေးကွက်ကုန်ကြမ်းမှာ အလုပ်အကိုင်ရှားပါးပြီး၊ ဝင်ငွေနည်းပါးသော နယ်ဘက်မှ ရိုးသားသော အမျိုးသမီးလေးများ ဖြစ်သည်။ ထိုနိုင်ငံခြားသားထံတွင် လုပ်ရမည့် အိမ်ဖော်ဈေးကွက်သည် တဖြည်းဖြည်းနှင့် မြန်မာပြည်တွင် နှစ်ရှည်နေသည့် နိုင်ငံခြားသားများအတွက် အငှားမယားဈေးကွက် ဖြစ်လာတော့သည်။
29-Aug-2016
ပြည်တော်တွင် သြဂုတ်လ ၃၁ ရက်တွင် ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံသည် သင်္ကေတမြောက် အောင်မြင်မှုတစ်ခု ဖြစ်လာရန် သေချာသလောက်နီးပါး ရှိသည်။ အောက်တိုဘာလက NCA လက်မှတ်ထိုးထားသော အုပ်စုများနှင့် လက်မှတ်မထိုးသေးသော အုပ်စုများ အပါအဝင် မြန်မာနိုင်ငံ၏ မြောက်မြားလှသော တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အားလုံးနီးပါး ညီလာခံသို့ တက်ရောက်ကြမည်။
28-Aug-2016
ဒေါ်အောင်ဆန်းစုကြည် အမေရိကသို့ မသွားမီ တရုတ်သို့ အရင်သွားခြင်းသည် အမေရိကနှင့် တရုတ်အကြား ကစားခြင်းဟု တွက်ဆကြသည့်အချိန်တွင် တရုတ်တို့ကမူ အိန္ဒိယနှင့် တရုတ်အကြား မြန်မာက ကစားခြင်းဟု တွက်ဆနေကြသည်။ စင်စစ် နိုင်ငံတိုင်းကို ကစားသည်ဟု နိုင်ငံတိုင်းက ထင်နေခြင်း သို့မဟုတ် ကိုယ့်ကစားကွက်အတွင်း ဝင်လာသည်ဟု နိုင်ငံတိုင်းက မြင်ကာ ပါဝင်ကစားပေးခြင်းကိုက ကစားကွက်လှခြင်းလား။
28-Aug-2016
အစိုးရကို ဘုန်းတော်ဘွဲ့ နေသူများကလည်း တစ်မျိုး။ မေမေ့ ဘုန်းတော်ကြောင့် ဆားတွေငန်ပြီး သကြားတွေချိုနေပါသည်ဟု ဆိုနေရာမှ မဟာ ပထဝီ မြေကြီးသည် ဘုန်းတော်ကြောင့် ရုတ်တရက် မြည်ဟည်းလှုပ်ရွ သွားပါသည်ဟု ပြောင်းဖားရန် အကွက်တွေ့သွားကြသည်။
24-Aug-2016
မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်ခဲ့သော အာဏာရှင်စနစ်မှ အရပ်သားအုပ်ချုပ်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲခဲ့သည်တိုင်အောင် အကျဉ်းစခန်းများတွင် ညှဉ်းပန်းခြင်း၊ ကျွန်ကဲ့သို့ ခိုင်းစေပြီး လုပ်အားရောင်းစားခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မပြောင်းလဲဘဲ ဆက်လက်မင်းမူလျက် ရှိနေသေးသည်။
23-Aug-2016
သူမ ရေးသားသော အကြောင်းအရာများကို ထောက်ပြီး နိုင်ငံရေးကို စိတ်ကုန်ကာ အေးချမ်းစွာ နေထိုင်လျက်ရှိသည်ဟု ထင်ရသည်။ သို့သော် ထိုသို့ အေးချမ်းစွာဖြင့် မပူမပင် မကြောင့်မကြ နေနိုင်ရန်အတွက် မည်သို့ အခွင့်အရေးများ ရခဲ့သည် ဆိုသည်ကတော့ ဘုရားသခင်မှတစ်ပါး သိသူအခြားမရှိနိုင်ဟု ဆိုရမည်။
23-Aug-2016
မြန်မာနိုင်ငံသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်အားကိုယ်ကိုးနေသော်လည်း စီးပွားရေး အခြေခံအားနည်းမှုနှင့် တိုင်းရင်းသားအရေး ပဋိပက္ခများကြောင့် အင်အားကြီးနိုင်ငံအချို့၏ အကူအညီကို လိုအပ်လျက်ရှိသည်။ ဤကိစ္စနှင့် ပတ်သက်၍ တရုတ်နှင့်အမေရိကန်သည် မြန်မာနိုင်ငံအတွက် လွန်စွာအရေးပါသည်။
21-Aug-2016
နိုင်ငံခြားရေးမူဝါဒ ထူးထူးခြားခြား ပြောင်းလဲ သွားတာမျိုး မတွေ့မိပါဘူး။ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ပေါ့။ မြန်မာနိုင်ငံဟာ တရုတ်၊ အနောက်အုပ်စုတို့နဲ့ ဆက်ဆံရေးကို ဆက်လက် ဟန်ချက်ထိန်းထားချင်ပုံရပါတယ်။
21-Aug-2016
ဆင်းမ်ကတ်များ ပေါပေါသီသီ ကိုင်တွယ်လာကြခြင်းနှင့် မှတ်ပုံမတင်ထားသည့် ဖုန်းနံပါတ်များသာ များပြားနေသောကြောင့် ဖုန်းဖြင့်နှောင့်ယှက်မှုများ၊ အမှုအခင်းဆိုင်ရာများ၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများ၊ အသရေဖျက်မှုများ ဖြစ်ပေါ်လာပါက တိုင်ကြားမှုများ ပြုလုပ်၍ မရသကဲ့သို့ အော်ပရေတာများ အနေနှင့်လည်း ဖြေရှင်းပေးရန် အခက်တွေ့တတ်သည်။
21-Aug-2016
ကရင်တိုင်းရင်းသားတွေ ထိမ်းမြားမင်္ဂလာ ပြုလုပ်တဲ့အခါမှာလည်း မိဘတွေက သားသမီးတွေရဲ့ လက်ကောက်ဝတ်မှာ ချည်ဖြူ၊ ချည်ဝါ