30-Oct-2016
ကမ္ဘာပေါ်တွင် နိုင်ငံ အသီးသီးက ရုပ်သေးရုပ် အမျိုးမျိုး ရှိကြပြီး နိုင်ငံ တစ်နိုင်ငံ၏ အနုပညာ အဆင့်အတန်းကို ဖော်ပြသည်လည်း ဖြစ်လေသည်။ ထိုင်းနိုင်ငံက အရိပ်ရုပ်သေး၊ အင်္ဂလန်က လက်ထိုး ရုပ်သေး၊ ကမ္ဘောဒီးယားက စပိုက်တွန် အရိပ်ရုပ်သေး စသဖြင့် ကမ္ဘာကျော် ရုပ်သေးတွေရှိသလို အခြားသော ရုပ်သေး ယဉ်ကျေးမှု ထွန်းကားသည့် အီတလီ၊ ပီရူး၊ နီပေါ၊ သီရိလင်္ကာ တို့ကလည်း သူ့နည်း သူ့ဟန်နှင့်သူ ရုပ်သေးတို့ ကမ္ဘာကျော်အောင် ကြိုးပမ်းလျက် ရှိနေကြသည်။