News

29-Oct-2016
အငြင်းပွားရဆုံး ဖြစ်လာမည့် ဖက်ဒရယ်ရေးရာတွင်လည်း တိုင်းရင်းသား အသီးသီးက တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဖြစ်နေချိန် NLD ၌လည်း တိကျရေရာသည့် ပုံစံတစ်ခု သတ်မှတ်နိုင်ခြင်း မရှိသေးပါ။ မကြာသေးမီက အာဏာရပါတီ ဖြစ်ခဲ့သော ကြံ့ခိုင်ရေးသည်လည်း ထူးမခြားနား။
29-Oct-2016
သက်တမ်းလွန်၊ လိုင်စင် မရှိသော ရေယာဉ်ကို ဒဏ်တပ်သည်၊ လိုင်းမှ ထွက်ခိုင်းသည်။ သို့သော် နောက်တစ်ခေါက် ထပ်ထွက်ပြန်သည်၊ ဒဏ်ထပ်ရိုက်ပြန်သည်။ ထပ်ထွက်ပြန်သည်။
27-Oct-2016
အီဒီအာမင်၏သား ဖိုင်ဆယ် ဝမ်ဂီတာ တစ်ယောက် လူမိုက်လမ်းသရဲ ဂိုဏ်းအုပ်စုအတွင်း ကြမ်းချင်တိုင်းကြမ်း၊ ရမ်းချင်တိုင်း ရမ်းနေသည်။ လူငယ်လေး တစ်ယောက်ကို ဓားနှင့်ထိုး၊ တုတ်တွေနှင့် ရိုက်နေသည့် အကြမ်းဖက် သွေးပျက်စရာ မြင်ကွင်းကို ဈေးဝယ်ထွက်လာသူများ၊ ကမ္ဘာလှည့် ခရီးသည်များ မျက်စိရှေ့မှောက်တွင်ပင် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
25-Oct-2016
ဥပဒေသစ်၏ လုပ်ထုံးလုပ်နည်းများအရ နိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံးဒေသတွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သည့် ကုမ္ပဏီများသည် အခွန်ကင်းလွတ်ခွင့် ၇ နှစ်ရမည် ဖြစ်သည်။ အခြားသော ဖွံ့ဖြိုးမှု နိမ့်ပါးသည့် ဒေသများတွင်မူ အခွန်ကင်းလွတ်ခွင့် ၃ နှစ်မှ ၅ နှစ် ရရှိလိမ့်မည် ဖြစ်သည်။
23-Oct-2016
ဘင်္ဂါလီ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် ယင်းဒေသက လူနည်းစု တိုင်းရင်းသားများ နေရပ်စွန့်ခွာမှုမှာ နယ်မြေပိုင်ဆိုင်ရေးအတွက် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်သည်။ မြန်မာ့မြေပုံထဲက မောင်တောခရိုင် ပဲ့ထွက်သွားမည်လော စိုးရိမ်ပူပန်ဖွယ်ဖြစ်နေလေပြီ။
23-Oct-2016
နိုင်ငံရေးနှင့် စီးပွားရေးသည် ဒွန်တွဲနေရာ အစိုးရမင်းတို့၏ စီးပွားရေးအပေါ် သဘောထားနှင့် လုပ်ရပ်သည် စီးပွားရေးနယ်ပယ်၏ ကျန်းမာရေးကို အဆုံးအဖြတ်ပေးသည်။ စီးပွားရေးနယ်ပယ်၏ ကျန်းမာရေးသည် ရာစုနှစ်ဝက်အတွင်း ပထမဆုံး တက်လာသော ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို အဆုံးအဖြတ်ပေးမည်။ ထို့ကြောင့် အောက်တိုဘာ ၂၂ သည် မြန်မာနိုင်ငံ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသော နေ့တစ်နေ့ ဖြစ်လာနိုင်သည်။
23-Oct-2016
ယခုမူ မအေးအေး တစ်ယောက် လုံခြုံစိတ်ချရသည့် နေရာသို့ ရောက်ရှိနေပြီဟု ပြော၍ရပေပြီ။ ဟိုယခင်တုန်းကဖြင့်တော့ ...။
23-Oct-2016
ဒီမိုကရေစီ ခေတ်ဦးတိုင် ကန့်ကွက်ခံရဆဲ၊ ဒေသခံများ၏ သဘောထားမှာလည်း မပြောင်းလဲ။ အရာအားလုံးသည် အရင်အတိုင်း ဖြစ်နေဆဲ။
23-Oct-2016
မန္တလေးမြို့ကြီး၏ မြောက်ဘက် ၃၂ မိုင်အကွာတွင် ဗျိုင်းဖြူတစ်အုပ် နားနေဟန်နှင့် ဖြူလွှလွှတောင် တစ်စုရှိသည်။ ထိုတောင်တွေ အားလုံးကို ပေါင်းစုပြီး ခေါ်သည့်နာမည်ကတော့ စကျင်တောင်။
23-Oct-2016
လူတစ်ဦး၏ ဘဝကို မည်သည့် အနိဋ္ဌာရုံကမှ သေအောင် မသတ်နိုင်။ ၎င်း၏ စိတ်ဓာတ်ကသာလျှင် အရာရာကို ဆုံးဖြတ်သွားပေသည်။ အိပ်ရာပေါ်မှနေပြီး လူပေါင်း များစွာ၏ စိတ်ခွန်အားကို ပေးခဲ့ကာ အများအကျိုး ထမ်းဆောင်နေသည့် ၎င်း၏ ပြင်းထန်သော စိတ်ဓာတ်က ဂျိုဟာ့ကို အသက် ဆက်စေခဲ့ခြင်း ဖြစ်သည်
23-Oct-2016
ကမ္ဘာကျော် အင်းလေးကန်ကြီး ထိန်းသိမ်းရေးကို ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဒေသတွင်းရှိ လူငယ်များ စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်နေကြသည်။ သူတို့သည် မည်သူများ ဖြစ်ကြသနည်း။ သူတို့သည် မည်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်နေကြသနည်း။
23-Oct-2016
ချင်းတွင်းမြစ် ကိစ္စကိုပဲကြည့်။ သေစရာရှိ စက်လှေပိုင်ရှင်လည်း မသေဘူး။ မြစ်ကြောင်း ခရီးသွားလာရေးမှာ တာဝန်ရှိတဲ့ လူကြီးတွေလည်း မသေဘူး။ သေရင် ပြည်သူတွေပဲ သေတော့တာ။
22-Oct-2016
ရခိုင်ပြည်နယ်၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးက မြန်မာအပါအဝင် အရှေ့တောင်အာရှဒေသ တစ်ခုလုံးကိုပါ စိန်ခေါ်နေပြီ ဖြစ်သည်။ ဒေသတွင်း လုံခြုံရေးအဖွဲ့များ အနေနှင့် အင်ဒိုနီးရှားကျွန်းစုနှင့် ဖိလစ်ပိုင် တောင်ပိုင်းကိုသာ ဂရုစိုက်နေခြင်းမျိုး မပြုသင့်တော့ပါ။ ၎င်းတို့အနေနှင့် ရခိုင်မြောက်ပိုင်းရှိ လက်နက်ကိုင် လှုပ်ရှားမှုနှင့် ဂျီဟတ်လှုံ့ဆော်မှုကို စောင့်ကြည့်သင့်ပြီ ဖြစ်သည်။
22-Oct-2016
ဝိုင်းစုသည် တစ်ချိန်က ရှည်လျားလှသော ဆံပင်၊ ညိုစိုတင်းရင်းသော အသားအရေတို့ကို ပိုင်ဆိုင်ခဲ့ဖူးပြီး ဇာတ်သဘင် စင်မြင့်ထက် မီးရောင်စုံတွေ ရှေ့တွင် အလှဘုရင်မ တစ်ပါးအဖြစ်လည်းကောင်း၊ ရန်ကုန်မြို့၏ ပလက်ဖောင်း မှောင်ရိပ်များတွင် Offer ခေါ် ယောကျ်ား ပြည့်တန်ဆာတစ်ဦး အဖြစ်လည်းကောင်း ရပ်တည်ခဲ့သည်ဟု ဆိုပါလျှင် ယုံနိုင်ဖွယ် မရှိ။
22-Oct-2016
ဖောက်ထွင်းရန် ကြံစည်နေသူများ၊ အိမ်ပေါ်တက် အလစ်သုတ်ရန် ကြံစည်နေသူများနှင့် ဒုစရိုက်မှု ကျူးလွန်သူများအတွက် သတင်းစကား တစ်ခုရှိသည်။ အကြံများကို လက်လျှော့လိုက်ရန် ဖြစ်သည်။