18-Jan-2021
၂၀၂၀ ပြည့်နှစ်သည် သင်္ခါရသဘောတရား များနှင့်အတူ ဟောင်းနွမ်း ကုန်ဆုံးသွားခဲ့ပြီးဖြစ် သည်။ ၂၀၂၁ ခုနှစ်သည်လည်း သစ်လွင်လတ်ဆတ် သော ခြေလှမ်းများနှင့်အတူ ကမ္ဘာမြေကြီးဆီသို့ လှမ်းချီ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။ စင်စစ် နှစ်ဟောင်း တစ်ခု ကုန်ဆုံးခြင်းနှင့် နှစ်သစ်တစ်ခု စတင်ခြင်း ဆိုသည်မှာ လည်နေဆဲ နာရီတစ်လုံးထဲမှ စက္ကန့်တံ ကလေးတစ်ချက် ရွေ့လျားသွားရုံသာဖြစ်၏။ တစ်စက္ကန့်မျှသာကြာသည်။ သို့သော် ထိုမျှ တိုတောင်း လှသော အကန့်အသတ်ကလေးအတွင်း၌ သက္ကရာဇ် အဟောင်းတစ်ခုသည် အတိတ်၌ ကျန်နေခဲ့ရပြီး သက္ကရာဇ် အသစ်တစ်ခုက ပစ္စုပ္ပန်ပြေးလမ်းပေါ်သို့ ရောက်ရှိလာခဲ့ရသည်။