News

POST TYPE

ARTICLE

တောင်ငူမြို့က ရှင်ပြုပွဲ
23-Apr-2017
နွေရာသီ ကျောင်းပိတ်ချိန်ကနေ သြင်္ကန်ပွဲတော် မတိုင်မီအထိ ရှင်ပြုပွဲတွေကို မြန်မာတို့ရဲ့ မြို့ပြ ကျေးလက်ဒေသ အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ မြို့တည်သက်တမ်း ၅၀ဝ ကျော် ရှိတဲ့ တောင်ငူမြို့မှာ ဆင်တွေ၊ မြင်းတွေ၊ လှည်းယဉ်ကလေးတွေအပြင် ဝင်းခင်းသဘင်ပွဲတော်တစ်ခုလို ကျင်းပခဲ့တဲ့ အလှူပွဲလေးတစ်ခုရဲ့ မြင်ကွင်းပုံရိပ် အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ - ဇေယျာကို
မောင်ရှင်လောင်းတိုင်း ဆင်စီးမြင်းရံရဖို့ အတော်လေး မလွယ်လှပေမဲ့ တောင်ငူမြို့က မောင်ရှင်လောင်း ခြောက်ပါးကတော့ သာသနာ့ဘောင် ဝင်ဖို့ ဆင်းစီးမြင်းရံပြီး ရှင်လောင်းလှည့်ခွင့်ရခဲ့ပါပြီ။
ဆင်စီးမြင်းရံတယ်ဆိုတဲ့ စကားပုံအတိုင်း ဆင်နဲ့ ရှင်လောင်းလှည့်တဲ့ မောင်ရင်လောင်းကို မြင်းစစ်သည်တော်တွေနဲ့ ရံပြီး အလှူလှည့်လာပုံ မြင်ကွင်းပါ။
သားမောင်ရှင်လောင်းတွေကို ဓလေ့ထုံးတမ်း အစဉ်အလာအတိုင်း နတ်ပြသွားရာ အလှူ့ဒါယကာ ဒါယိကာမတွေရဲ့ ရွှေမိုးငွေမိုး ကြဲဖြန်းစဉ်။
အလှူပွဲကြီးနေ့မှာ လှူဖွယ်ဝတ္ထုငွေတွေကို ပဒေသာပင် သီပြီး သယ်ဆောင်လာကြတာပါ။
သာသနာ့ဘောင်ဝင်မယ့် ရင်နှစ်သည်းချာ သားသမီးတွေနဲ့ ကိတ္ထိမသားတွေ ရွာဦးကျောင်းဆရာတော် ဘုရားထံမှောက် အရောက်ပို့ ရှိခိုးကန်တော့ ပန်းဆင်နေတာပါ။
အလှူပွဲမှာ ပုဂံခေတ် သမီးပျိုလေးများနဲ့ ဝင်းခင်းလာတဲ့မြင်ကွင်းက တောင်ငူမြို့ခံများအတွက်တော့ ပထမဦးဆုံးမြင်ကွင်းပါ။
တောင်ငူမြို့ခံ အလှူပွဲကို ရှမ်းပြည်နယ် ပင်လုံမြို့ကနေ အရောက် လာပြီး ပါဝင်ဆင်နွှဲကြတဲ့ ပအိုဝ်းပျိုဖြုလေးများ။
တောင်ငူမြို့ ရှင်ပြုအလှူပွဲကြီးတစ်ခုက ဝင်းခင်းပွဲမှာ ပုသိမ်ထီးလေးနဲ့ သာသနာ့အလံ ကိုင်လာတဲ့ လုံမပျိုတွေကလည်း ရိုးရှင်းတဲ့အလှတစ်ခုပါ။


  • VIA