News

POST TYPE

ARTICLE

နီယာဂျာဘာနော့
01-Jan-2017
၁၉၈၆ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ပါကစ္စတန် ကရာချိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာ ပန်အန်းလေကြောင်းလိုင်း လေယာဉ်ကို လစ်ဗျားအခြေစိုက် အကြမ်းဖက်သမားတွေက တက်ရောက်စီးနင်းခဲ့ပါတယ်။ လေယာဉ်မယ် အိန္ဒိယသူ နီယာဂျာ ဘာနော့ဟာ ခရီးသည်တွေကို ဦးဆောင်ပြီး အကြမ်းဖက်သမားတွေကို ရင်ဆိုင်ခဲ့ပါတယ်။ ခရီးသည် အမေရိကန်တစ်ဦးကို ပစ်သတ်လိုက်ချိန်မှာ ကျန်အမေရိကန် ခရီးသည်များရဲ့ ပတ်စ်ပို့များကို ဖျောက်ဖျက်ဝှက်လိုက်ပြီး အကြမ်းဖက်သမားတွေက ဘယ်သူက အမေရိကန်မှန်း မသိအောင် အန်တုလှည့်စားခဲ့သူ ဖြစ်ပါတယ်။ ခရီးသည်တွေကို အကြမ်းဖက်သမားတွေက တစ်ယောက်ပြီး တစ်ယောက် သတ်တော့မယ့် အချိန်မှာ အာဇာနည် လေယာဉ်မယ်ဟာ လေယာဉ်ရဲ့ အရေးပေါ်တံခါးကို ဖွင့်ချလိုက်ပြီး ခရီးသည်တွေကို ဆင်းပြေးနိုင်အောင် လုပ်ပေးခဲ့ပါတယ်။ ခရီးသည်အားလုံး တစ်ယောက်မကျန်လွတ်အောင် ကူညီပြီးမှ သူဆင်းဖို့ ကြိုးစားပါတယ်။ သူကတော့ အကြမ်းဖက်သမားတွေ လက်ထဲက မလွတ်ခဲ့ပါဘူး။ လေယာဉ်ပေါ်မှာတင် အသတ်ခံလိုက်ရပါတယ်။ အံ့အားသင့်စရာ သတ္တိကြောင့် ခရီးသည် ၃၀၀ ကျော်ရဲ့ အသက်ကို ကယ်နိုင်ခဲ့ပါသတဲ့။