News

POST TYPE

ARTICLE

တကယ့်ပိုက်ဆံ
28-Jun-2020


(၁)

မကြာသေးမီက အမေရိကန်ကွန်ဂရက်အမတ် ၆၀ က ကွန်ဂရက် ခေါင်းဆောင်များဆီသို့ စာတစ်စောင်ရေးခဲ့ပါသည်။ ၎င်းတို့ကတိုင်းပြည်၏တင်ရှိသောအကြွေး
နှင့် ကုန်သွယ်ရေးလိုငွေပြမူများအပေါ် အစိုးရ၏တုံ့ပြန်မှုနှင့်ပတ်သက်၍ ဖြစ်ပါသည်။ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့သည် နိုင်ငံတော်၏အကြွေးများကို လျစ်လျူရှုမထားနိုင်ပါ”ဟုဆိုသည်။ “ပြုပြင်၍မရနိုင်သော ပျက်စီးဆုံးရှုံးမှု ကြုံရနိုင်သည်” ဟူ၍ ဆီးနိတ်ဘတ်ဂျက်ကော်မတီဥက္ကဋ္ဌကလည်း ပြောလိုက်ပါသည်။

သို့သော်ကုမ္ပဏီငယ်ကလေးများနှင့် အလုပ်လက်မဲ့ဖြစ်သွားကြသော သန်းချီ၍များပြားလာသည့်အလုပ်လက်မဲ့များ၏အနာဂတ်မှာ အစိုးရ၏ အပြုအမူပေါ်တွင် မှုတည်နေပါသည်။ ထိုကွန်ဂရက်အမတ်များ အဖို့ “Defcit Myth” ခေါ် ထိုငွေပြမူ အမှားများ၏ သားကောင်အဖြစ်မကျ ရောက်စေရန်နှင့် တိုင်းပြည်၏အကြွေးများသည် မဖော်ပြနိုင်လောက် အောင်ကြီးမားပြီး ၎င်းကို တစ်ခုခုလုပ်ရန် လိုအပ်သည်ဟု ဖြစ်ပါသည်။

(၂)

သို့ပါသော်လည်း ခေတ်သစ်ဘဏ္ဍာရေး သီအိုရီ (MMT- Modern Monetary Theory)  များအရကြည့်လျှင် တိုင်းပြည်၏ ဘဏ္ဍာရေးစနစ်ကြီး အလုပ်လုပ်ပုံကိုသာ နားလည်လျှင် တိုင်းပြည်၏ ထရီလီယံများစွာကုန်ကျမည့် အသုံးစရိတ်များအတွက် ပူနေစရာမလိုပါ။

သို့သော်ပြည်သူပြည်သားများအတွက် စိုးရိမ်နေရသည့်အကြောင်း များလည်းရှိပါသေးသည်။ ထုံးစံအတိုင်း တွေးကြည့်လျှင် တိုင်းပြည်တွင် လိုငွေပြမှုသည် စိုးရိမ်စရာပင်ဖြစ်ပါသည်။ ကျွန်တော်တို့ သင်ကြားရသည် မှာ အစိုးရသည် ကျွန်တော်တို့အိမ်များတွင် တွေ့ကြုံရသည့်အတိုင်း သုံးငွေကို ဝင်ငွေပေါ်တွင် မူတည်၍သာ ဆုံးဖြတ်ကြရပါသည်။ တိုင်းပြည်တွင် မလိုအပ်ဘဲ ကြွေးတင်မခံကြပါ။

၁၉၈၃ ခုနှစ်က မာဂရက်သက်ချာနှင့် ရော်နယ်ရီဂင်တို့က တိုင်းပြည် သို့ ပြောကြားရာတွင် “ကျွန်တော်တို့မှာ မိမိတို့ ရှာထားသောပိုက်ဆံမှ လွဲ၍ မရှိကြောင်း။ တိုင်းပြည်က ပိုမို၍သုံးစေလိုပါလျှင် ချေးငှား၍ဖြစ်စေ၊ အခွန်အကောက်ကို တိုးကောက်၍ဖြစ်စေ ရှာကြရမည်ဖြစ်ကြောင်း”ပြောပါသည်။ သူတို့သည် ၂၀ ရာစုအကုန်ပိုင်းတွင် ကွန်ဆာဗေးတစ်များ၏ အယူအဆအတိုင်းပင်ဖြစ်ပါသည်။

သူတို့၏အတွေးအခေါ်မှာ ယုတ္တိအများကြီးရှိပါသည်။ ရီဂင်နှင့် မစ္စသက်ချာက အဖြစ်မှန်ကို ပြောမပြခဲ့ကြပါ။ တကယ်ဖြစ်ပျက်ခဲ့သည်မှာ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်တို့ကဲ့သို့ မိမိတို့ သုံးငွေကိုမိမိတို့ ရိုက်ထုတ်နိုင် သောနိုင်ငံများတွင် ဤဥပဒေကို လိုက်နာရန်မလိုပါ။ တိုင်းပြည်ကို အခွန်တိုးကောက်စရာ မလိုဘဲ ငွေကိုပြင်ပမှ မချေးမငှားဘဲရှာဖွေနိုင်ပါသည်။ ဤသို့ဆိုခြင်းဖြင့် အစိုးရများအဖို့ ပိုက်ဆံကို အကန့်အသတ်မရှိ ဘဲ ရှာဖွေနိုင်သည်ဟု မဆိုလိုကြောင်း။ ဆိုလိုသည်မှာ ပိုက်ဆံကိုရှာဖွေရန်အတွက် အစိုးရသည် ပူပန်နေစရာမလိုကြောင်းသာဖြစ်ပါသည်။ သူတို့ အသုံးလိုသဖြင့် ငွေရှာပြီးသောအခါ ငွေကြေးဖောင်းပွခြင်းနှင့် အလုပ်သမားလေဘာ ရရှိနိုင်မှုနှင့် အခြားစီးပွားရေးအတွက် လိုအပ်သော ပစ္စည်းများ ရှာဖွေရရှိနိုင်မှုတို့ ရှိဖို့သာလိုပါသည်။

ထိုအရာများမှာ ကုန်လွန်သွားပြီးဖြစ်သောအချိန်ကမှန်ခဲ့ပါသည်။ အမေရိကန်ဒေါ်လာမှာ ရွှေသို့ပြောင်းလဲနိုင်ရမည်ဖြစ်ပြီး အစိုးရများအနေနှင့် ငွေကိုအသုံးပြုရန် သူတို့၏ရွှေအပေါင်ထားနိုင်မှုပေါ်တွင် မှုတည်ခဲ့ပါသည်။ သို့သော် ရစ်ချပ်နစ်ဆင်က ရွှေကို (Standand) အဖြစ်ထားခြင်းကို ၁၉၇၁ ခုနှစ်က ရုပ်သိမ်းခဲ့ပါသည်။ အစိုးရများတွင် ငွေစက္ကူရိုက်ထုတ် ခြင်းကို အကန့်အသတ်မရှိဘဲလုပ်နိုင်ကြပါသည်။ သို့တိုင်အောင် အမေရိ ကန်မှ ထိပ်တန်းနိုင်ငံရေးသမားများသည် နှစ်ပေါင်း ၅၀ ကြာလာသည့် ကာလသို့တိုင် မာဂရက်သက်ချာ ပြောသကဲ့သို့ ပြည်သူပြည်သား အခွန်ပေးသူများသည် အစိုးရ၏ငွေရင်းထုတ်ပေးသူများကဲ့သို့ ပြောဆိုနေကြတုန်းပင်ရှိပါသေးသည်။

၁၉၉၈ ခုနှစ်တွင် မော့စလာ (Warren Mosler) ရေးသော (Soft Currency Economics) စာအုပ်တစ်အုပ် ထွက်လာခဲ့ဖူးသည်။ သူသည် ဝေါစထရိမှရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ပြီး သူက တိုင်းပြည်၏ အကြွေးနှင့်အခွန်အကောက်နှင့် ပတ်သက်လျှင် အကုန်လုံးအမှားတွေ ချည်း ပြောကြကြောင်း။ မော့စလာက ဆက်လက်ပြောကြားရာတွင် အစိုးရက ကောက်ခံရရှိသောငွေများမှာ ကျွန်ုပ်တို့အသုံးပြုနေသော ငွေများ မဟုတ်ကြကြောင်း ဖြစ်ပါသည်။

အကယ်၍ အမေရိကန်ဒေါ်လာများသည် အမေရိကန်အစိုးရက ရိုက်ထုတ်ထားသည်ဖြစ်သောကြောင့် “ထိုငွေများကို ကျွန်တော်တို့ထံမှ အလိုရှိသည်”ဟု တွေးဆခြင်းမှာ မသင့်လျော်သော တွေးဆခြင်းပင် ဖြစ်သည်။ ဥပမာ-ကျွန်တော်တို့အိမ်တစ်ဆောင်တွင် စဉ်းစားကြည့်ပါ။ ထိုအိမ်တွင် အိမ်ထောင်ဦးစီးနှင့် သားနှစ်ယောက်ရှိကြမည်။ အိမ်ထောင် ဦးစီးက မြက်ခင်းကို အချိန်မှန်မှန် ဖြတ်စေချင်သည်။ အိပ်ရာကိုသိမ်းပြီး မော်တော်ကားကို သန့်ရှင်းအောင်ထားစေချင်သည်။ သူသည်“ကူပွန်” များ ပြုလုပ်ပြီး သူတို့အလုပ်၏မှတ်တမ်းအဖြစ် ကူပွန်များကို ထုတ်ပေးမည်။ ကလေးတွေက ကူပွန်တွေကို မလိုချင်၊ ကူပွန်တွင်ဘာမှတန်ဖိုး မရှိ။ ဤတွင် သူက ကူပွန်များကို သူတို့လုပ်ကိုင်သော အလုပ်အကိုင်နှင့် အချိုးချ၍ပေးသည်။ ဘယ်သူက ကူပွန်ဘယ်လောက်ရသလဲ၊ ဥပမာ - ကူပွန် ၃၀ ရလျှင် ရုပ်ရှင်ကြည့်နိုင်သည်။ TV ကြည့်နိုင်မည်။ ဈေးဝယ်ရန် မောလ်သို့ သွားနိုင်မည်ဟုပြင်ဆင်လိုက်သည်။

အိမ်ထောင်ဦးစီးက ကူပွန်များအပေါ် ပြည်သူများကပေးရသော အခွန်သဖွယ် လုပ်ကိုင်ခြင်းသာဖြစ်ပါသည်။ အိမ်ထောင်ဦးစီးက သူ ထုတ်လုပ်သောကူပွန်များအတွက် မိမိဘာသာ တာဝန်ယူ၍ဖြေရှင်းပါသည်။ မကြာပါ သားများသည် မြက်ခင်းကိုဖြတ်သူကဖြတ်၍ ကားကို ရေဆေးသူက ဆေးပါတော့သည်။

ဤသို့ပြုလုပ်ခြင်းမှာ တိုင်းပြည်တစ်ပြည်၏ ပိုက်ဆံ ငွေကြေးစနစ် အလုပ်လုပ်ပုံပင်ဖြစ်ပါသည်။ သင့်အိမ်ထဲတွင်ရှိသော ငွေစက္ကူများမှာ အစိုးရက ထုတ်ပေးသောစာရွက်များသာ ဖြစ်ပါသည်။ နိုင်ငံတော်က အခွန်ဥပဒေနှင့် ထိုငွေများကို လိုချင်သူတို့ဖြစ်ပေါ်အောင် ဖန်တီးပြီး ထိုငွေများမှာ အသုံးကျလာအောင် ဖန်တီးထားခြင်းဖြစ်ပါသည်။

ထိုသည်တို့မှာ ဗြိတိသျှအင်ပါယာကြီးကိုအုပ်ချုပ်သွားပုံပင်ဖြစ်ပါသည်။ နိုင်ငံကို တိုက်ခိုက်ပြီးနောက် သူတို့ငွေကြေးကို သုံးမရအောင်လုပ်ပြီး သူတို့၏ ကိုလိုနီနယ်များတွင် ဗြိတိသျှပေါင်ကို တရားဝင်အောင်လုပ်ပေးရပါသည်။ ထို့နောက် ထိုကိုလိုနီ၏ စီးပွားရေးတစ်ခုလုံး ဗြိတိသျှတို့၏ ငွေကြေးကို ဝိုင်းဝန်းသုံးစွဲလာခဲ့ကြခြင်းဖြစ်ပါသည်။ ဗြိတိသျှငွေကြေး အတိုးနှုန်းနှင့် ပါဝါတို့မှာ အကြောင်းပြချက်ပေါင်းများစွာဖြင့် တည်ရှိနေကြခြင်းဖြစ်ပါသည်။ သို့သော် သူတို့သည် ကိုလိုနီနယ်တစ်ခုလုံး အသုံးမကျသည့်စက္ကူများ မဟုတ်ကြပါ။

၂၀၂၀ ပြည့်တွင် ကွန်ဂရက်က အမ်အမ်တီ၏ အလုပ်လုပ်ပုံကို ရှင်းပြခဲ့ပါသည်။ မကြာသေးမီက ယခင်တိုင်းပြည်တွင်မရှိခဲ့သော ထရီလီယံ ချီသည့်ငွေများကို ဖန်တီးခဲ့ပါသည်။ အခွန်ကိုလည်း တိုးမကောက်ခဲ့ပါ။ တရုတ်ပြည်က ချေးငွေရယူခဲ့ခြင်းလည်းမရှိပါ။ မိမိ၏ ယိုယွင်းနေသော စီးပွားရေးအခြေအနေများကို မိမိငွေနှင့် ပံ့ပိုးခဲ့ခြင်းသာဖြစ်ပါသည်။ ဥပဒေပြုသူများက ငွေကိုသုံးစွဲရန် ဥပဒေကိုပြဋ္ဌာန်းခဲ့ပါသည်။ သူတို့က တိုင်းပြည်၏ ဖက်ဒရယ်ရီဆာ့ဖ်နှင့် ဗဟိုဘဏ်တို့မှငွေများကို ထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။ ဤသည်မှာ အစိုးရ၏သုံးငွေများကို ထုတ်ဖော်ပုံ ဖြစ်ပါသည်။

အမ်အမ်တီ၏အလုပ်လုပ်ပုံမှာ ပါတီတစ်ခု တိုင်းပြည်တစ်ခု၏ စိတ်ကူး စိတ်သန်းများနှင့်လည်း မဆိုင်။ စီးပွားရေးအရ ဖြစ်နိုင်သော အလုပ်တစ်ခုကို လုပ်လိုက်ခြင်းသာဖြစ်ပါသည်။ နှစ်တစ်နှစ်အတွက် ခွင့်ပြုနိုင်သည့် ဘတ်ဂျက်ထက် ကျော်လွန်သွားခြင်းကို စိတ်ပူပန်ရန်မလိုဘဲ ငွေကြေးစနစ်က သုံးနိုင်သော အကန့်အသတ်များကိုသာ သတိထားရန် လိုပါသည်။

အချိန်တိုင်းလိုလို စီးပွားရေးတစ်ခုသည် အကန့်အသတ်တစ်ခုကို ကြုံရမြဲပင်ဖြစ်ပါသည်။ မိမိတကယ် ထုတ်လုပ်နိုင်သော ထုတ်ကုန်ပစ္စည်း၊ သုံးနေသော စက်မှုလက်မှုလုပ်ငန်းများ၏ ပမာဏ၊ မိမိတွင်ရှိသည့် ငွေအရေအတွက်၊ လုပ်သားများ၏စွမ်းရည်၊ စက်ရုံအလုပ်ရုံများ၏ အရည်အသွေးတို့အပေါ်တွင် မူတည်၍ ကန့်သတ်ချက်များဖြစ်ပေါ်လာ ကြပါသည်။ အစိုးရတစ်ခုက မိမိစီးပွားရေးအခြေအနေသည် ကောင်းမွန်ချောမွေ့စွာဖြစ်နေချိန်တွင် ငွေကိုပို၍ သုံးစွဲပါက ငွေကြေးဖောင်းပွမှုသည် နောက်ကလိုက်လာပါလိမ့်မည်။ ထို့ကြောင့် အကန့်အသတ်တော့ရှိရပါမည်။ ထိုအကန့်အသတ်မှာ အစိုးရများ၏ ငွေသုံးစွဲနိုင်မှုပေါ်တွင်မူတည် မနေပါ။ အမ်အမ်တီ၏အလိုအရ မိမိကိုယ်တိုင်ဖန်တီးသော အချက်များကိုသာ ကြည့်ရပါမည်။

(၃)

အရေးကြီးသည်မှာ ခေတ်သစ်၏ အမ်အမ်တီကိုနားလည်ရန် ဖြစ်ပါသည်။ သီအိုရီများက အရေးကြီးလာပါသည်။ ၎င်းက ပေါ်လစီချမှတ်သူတို့ အကျပ်အတည်းတွေ့ချိန်တွင် ရဲဝံ့စွာဆုံးဖြတ်ချက်များကို ချစေနိုင်သလို အကျပ်အတည်းမရှိသောအချိန်များတွင် ပိုမို၍ ရင်းနှီးမြှုပ်နှံနိုင်ကြပါသည်။ အမေရိကန်တို့တွင် လိုနေသည်မှာ မဲရဖို့နှင့် နိုင်ငံရေးအယူအဆရှိဖို့သာ ဖြစ်ပါသည်။

ကိုသန်းလွင်

Ref: Learn to Love trillion- Dollar defecits, By Stephanie Kelton New York Times 13 June 2020