News

POST TYPE

ARTICLE

(၅၆) နှစ်မြောက် 7 ဇူလိုင် ပုံရိပ်များ (Daily, Vol-6/No-75)
08-Jul-2018
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၂ ခုနှစ် ဇူလိုင်လ 7 ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံမှာ ဗုံးခွဲ ဖျက်ဆီးခံခဲ့ရပြီး ကျောင်းသားများစွာ ထိခိုက်၊ သေဆုံးခဲ့သည်မှာ (၅၆) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ သမဂ္ဂ အဆောက်အအုံအား ဖြိုခွဲရန် စေခိုင်းခဲ့သူများမှာ တာဝန်မဲ့စွာဖြင့် တမလွန်ခရီးသို့ နာမည်ဆိုးဖြင့် ထွက်ခွာခဲ့ရပြီးဖြစ်သည်။ 7 ဇူလိုင်တွင် ထိခိုက်သေဆုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အခမ်းအနားကို မြန်မာနိုင်ငံတစ်ဝန်း ကျင်းပပြုလုပ်ခဲ့ပုံများကို စုစည်းဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်၊ ငြိမ်းသူမင်း၊ ရန်မိုးနိုင်၊ မင်းဘုန်း၊ ကိုလင်း၊ Pyay University Students' Union

(၅၆) နှစ်မြောက် 7 ဇူလိုင် အရေးအခင်းနေ့တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော် အုတ်ဂူကို လာရောက် ဂါရဝပြုကြသည့် ကျောင်းသားများ။

ဒဂုံတက္ကသိုလ်တွင် ဇူလိုင်လ ၆ ရက်နေ့က 7 ဇူလိုင် အထိမ်းအမှတ် စာပေဟောပြောခြင်းနှင့် ပြဇာတ်ကပြ ဂုဏ်ပြု ကျင်းပခဲ့စဉ်။

ပဲခူးမြို့တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက္ကသိုလ် ကျောင်းသားများ ပူးပေါင်းကျင်းပသည့် 7 ဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား။

စစ်ကိုင်းမြို့မဈေးရှေ့တွင် ပြုလုပ်သည့် 7 ဇူလိုင် အောက်မေ့ဖွယ် အခမ်းအနား။

မန္တလေး ရတနာပုံတက္ကသိုလ်တွင် ပြုလုပ်သည့် (၅၆) နှစ်မြောက် 7 ဇူလိုင် အထိမ်းအမှတ် စာပေဟောပြောခြင်းနှင့် စာအုပ်ဈေးရောင်းပွဲတော်တွင် တွေ့ရသည့်ကျောင်းသားများ။

သမဂ္ဂမြက်ခင်းပြင်ရှိ ဗိုလ်အောင်ကျော်အုတ်ဂူကို လာရောက် ဂါရဝပြုသည့် ရန်ကုန်ပညာရေး တက္ကသိုလ်မှ ကျောင်းသူတစ်ဦး။

ပြည်တက္ကသိုလ် ဓမ္မာရုံတွင် (၅၆) နှစ်မြောက် 7 ဇူလိုင် ကျောင်းသား အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားတွင် တက္ကသိုလ်ကျောင်းသားများက ကျဆုံးကျောင်းသားများအတွက် “ကမ္ဘာမကြေဘူး”သီချင်းသီဆိုကာ ဂုဏ်ပြုကြစဉ်။

စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်ဓမ္မာရုံတွင် တက္ကသိုလ်ကျောင်းသား များက 7 ဇူလိုင် အရေးအခင်းတွင် ကျဆုံးခဲ့သည့် ကျောင်းသားများအတွက် ဖယောင်းတိုင်များထွန်းညှိကာ ဆုတောင်းပေးနေကြစဉ်။