News

POST TYPE

ARTICLE

မိခင်စိတ်
21-Jul-2017
၁၉၉၆ ခုနှစ် သြဂုတ်လတုန်းက အမေရိကန်ပြည်ထောင်စု ဝစ်စ်ကွန်ဆင်ပြည်နယ် ဘရွတ်ခ်ဖီးဒ်မြို့  တိရစ္ဆာန်ရုံထဲမှာ ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ အသက်သုံးနှစ်အရွယ် ကောင်လေးတစ်ဦးဟာ ဂေါ်ရီလာ မျောက်လှောင်အိမ်ထဲကို ပြုတ်ကျသွားပြီး သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။ ဂေါ်ရီလာ မျောက်ဝံမကြီး ဘင်တီဂျူအာဟာ ကလေးကို သူ့ရင်ထဲ ဆွဲထည့်ထားပြီး တခြားမျောက်ကောင်ကြီးတွေ ကပ်မလာနိုင်အောင် လုပ်ပေးထားခဲ့သည်။ 

သူမတွင်လည်း ၁၇ လ သားအရွယ် သားငယ်လေးတစ်ကောင် ရှိပါသည်။ ဂေါ်ရီလာ မျောက်ဝံမကြီးသည် သားငယ်လေးကို လက်ပေါ်တင်ထားပြီး လွှဲသိပ်ပေးခဲ့သည်။ ထို့နောက် ပေ ၆၀ လောက်အကွာရှိ တံခါးပေါက်နားကို ကလေးကို ချီခေါ်သွားပြီး တိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ကလေးကို လာခေါ်နိုင်အောင် အဆင်သင့် သွားချပေးထားခဲ့သည်။ ဝန်ထမ်းများ ကလေးကို လာမကယ်နိုင်မချင်း အသင့်အနေအထားဖြင့် အခြားမျောက်ဝံများ မတိုက်ခိုက်နိုင်အောင် စောင့်နေပေးသည်။ အလွန်ကြင်နာသော အဆိုပါ  လုပ်ရပ်ကြောင့် ကလေးငယ် အသက်ချမ်းသာရာ ရခဲ့ပါသည်။ မျောက်ဝံမကြီးသည် သူမကို ချုပ်နှောင်ထားသူ လူသားများ၏ သားငယ်လေးကိုပင် မိခင်စိတ်ဖြင့် ကယ်တင်ခဲ့သူ ဖြစ်သည်။