News

မုံရွာမှာ ရုံးစိုက်တဲ့ ပြန်ကြားရေးအရာရှိက သမိုင်းဝင်ရေနံမြေအလုပ်သမား အရေးတော်ပုံမှာ နာမည်ရတဲ့ သခင်အုန်းဖေကြီး၊ သူက အရပ်ထောင်ထောင်မောင်းမောင်းနဲ့ ပြည်တော်သာစီမံကိန်းအကြောင်းကို သူဟောရင် ရွာသားတွေ ဂရုတစိုက်နားထောင်ကြပါတယ်။
ရွာတွေမှာ ချစ်စရာကောင်းတဲ့ ရွာဓလေ့တစ်ခုက မိမိတို့ရွာကို ပြင်ပဧည့်ကောင်း တစ်ဦးတစ်ယောက်လာရင် မနက်ပိုင်း ထမင်းစားချိန်တန်ရင် နီးစပ်ရာအိမ်တွေက သူတို့ချက်ထားတဲ့ဟင်းလျာများပို့ပြီး ဧည့်ခံကြပါတယ်။ ညပိုင်းမှာ ရွာထဲဝင်ရင်တော့ ရွာဝင်လမ်းမ တစ်ဖက်တစ်ချက်ရှိ အိမ်တွေကလည်း ရေနံဆီမီးခွက်၊ ဖန်မီးအိမ် (မှန်အိမ်)၊ (တုတ်မီး) လက်နှိပ်ဓာတ်မီးနဲ့ ကိုယ်စီလမ်းပြပေးကြပါတယ်။
13-Dec-2017 tagged as
အစိုးရအား ပိုမိုပွင့်လင်းမြင်သာရန်နှင့် ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများ သွားရောက်ခွင့်ပေးရန် နိုင်ငံတကာ ဖိအားပေးမှုများ ကြီးထွားလာခြင်းကို ရှင်းလင်းပြတ်သားစွာ တုံ့ပြန်ရန်ဖြစ်သည်။ ဤအချက်သည် (ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ပြဿနာသည် ယခုအခါ လျော့ပါးသွားပြီဖြစ်ရာ ဒုက္ခသည်များ နေရပ်ပြန်ရေး၊ ရခိုင်ပြည်နယ်တွင် ပြန်လည် နေရာချထားရေး၊ ၎င်းတို့၏ နေအိမ်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများကို ပြန်လည်ဆောက်လုပ်ပေးရေး အစရှိသော ကြီးမားသော လုပ်ငန်းတာဝန်များကို အရေးပေါ် လုပ်ဆောင်ပေးရန် လိုအပ်နေသောအချက်) ယခုအခါ ပြဿနာများ ဖြေရှင်းရေး၏ အခေါင်အချုပ် ဖြစ်သည်ဟု အစိုးရက ယုံကြည်သည်
12-Dec-2017 tagged as လူကုန်ကူး
နှစ်စဉ် လူကုန်ကူးခံကြရသော ဗီယက်နမ်အမျိုးသမီး ၁၀၀ မှ ၁၅၀ ကြား သူတို့ဇာတိမြေကိုပြန်ရန် နယ်စပ်ဂိတ်ကိုရောက်လာကြသည်။ သူတို့သည် နည်းမျိုးစုံဖြင့် တရုတ်မယား ဖြစ်သွားခဲ့ရသူများ ဖြစ်သည်။ ယုံကြည်၍ ရည်းစားနှင့်လိုက်ပြေးပြီး ရောင်းစားခြင်း ခံရသူရှိသလို၊ အချို့မှာ မိဘများကိုယ်တိုင်က လိုလားစွာ ရောင်းစားလိုက်ခြင်းကို ခံခဲ့ကြရသူများ ဖြစ်သည်။
ခရီးသွားများက ချင်းပြည်နယ်၏ အလှတရားများထဲမှ တစ်ခုဖြစ်သော တောင်ဇလပ်ပန်းအလှကို တခုတ်တရ လာကြည့်ကြသည်။ အပင်ပေါ်တွင် နီစွေးကာ အရောင်တဖိတ်ဖိတ်နှင့် တောက်ပနေသော တောင်ဇလပ်ပန်း၏ အလှကို မြင်တွေ့မှသာ ချင်းပြည်နယ်ကို ရောက်ရကျိုးနပ်သည်ဟုပင် ဆိုကြသည်။
10-Dec-2017 tagged as
လူသားတိုင်းသည် အသက်ရှင်ရပ်တည်ရေးအတွက် ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်ပုံစံဖြင့် ရုန်းကန်နေကြရသူများချည်း ဖြစ်ပါသည်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများတွင် ဝင်ဆံ့ရပ်တည်ခိုင်မာစေရန် အမြဲပြင်ဆင်လှုပ်ရှားနေကြရသည်
10-Dec-2017 tagged as
သူ့ရှေ့တွင် ထိုင်နေသော ကိုတင်ငွေ ဦးဆောင်သူတစ်စုက သူ့ကို သေချာပြူးကြည့်ကြသည်။ ပင်နီတိုက်ပုံ လဲဝတ်ပြီးသော ဦးမြတ်လှသည် ရှက်ကိုးရှက်ကန်းဖြင့် နံရံထက်က သမ္မတပုံကိုကြည့်သည်။ ထို့နောက် မိမိချစ်သော ထိုင်ခုံလေးကို ကြည့်သည်။ “အေးလေ... သူတို့ဟာ သူတို့ ဘယ်သူပြောင်း ပြောင်း ... ငါ့ထိုင်ခုံလေး မပြောင်းရ ပြီးတာပဲ”
09-Dec-2017 tagged as တရုတ်
တရုတ်လူငယ်များသည် ဗီဒီယိုဂိမ်းကစားမှုကို အလွန် ဝါသနာကြီးကြသည်။ သို့သော် Sichuan Film and Television University မှ ကျောင်းသား လူငယ်တွေကတော့ အများနှင့်မတူ ထူးခြားသည်။ သူတို့က ဂိမ်းကစားရန်သက်သက်မဟုတ်၊ ဂိမ်းကစားမှုအတတ်ပညာကို လာရောက် လေ့လာသင်ယူနေကြသည်။
09-Dec-2017 tagged as
အခြေအနေကောင်းနေသည့် နိုင်ငံတစ်နိုင်ငံ၏ ပျက်စီးခြင်းသည် နိုင်ငံကို စိုးမိုးနေသူအပေါ်တွင် များစွာတည်မှီသွားသည်။ အဘယ်ကြောင့်ဆိုသော် အာဏာနှင့်ဖိနှိပ်ပြီး အုပ်ချုပ်ထားသောကြောင့် ဖြစ်သည်။ ဇင်ဘာဘွေ ပျက်စီးရခြင်းအကြောင်းတရားတွင် ခေါင်ကစပြီး မိုးမလုံသောကြောင့် အောက်ခြေကစပြီး ဆွေးမြည့်ပျက်စီးသွားရခြင်း ဖြစ်သည်။ အကျင့်ပျက် ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူလုပ်မှုများသည် မူဂါဘီ ခေတ်တစ်လျှောက်လုံး ကပ်ပါလာသည်
09-Dec-2017 tagged as
ခွဲစိတ်မွေးဖွားရန် လို၊ မလိုဆိုသည်မှာ မည်သူမှ တိကျစွာမသိနိုင်ပေ။ သို့သော် ရော်ဂျာကတော့ ဆရာဝန်ကြီးတွေကမွေးဖွားမည့် လူနာရောက်လာလျှင် ပုံမှန်အတိုင်းမမွေးဘဲ ခွဲစိတ်မွေးရမည်ဆိုသည့် အကြောင်းပြချက်ပေါင်းများစွာကိုပေးရန် အဖြေရှိနေသည်ဟုဆိုသည်။
09-Dec-2017 tagged as
အနောက်အုပ်စုနိုင်ငံများအနေနှင့် မြန်မာနိုင်ငံတွင် ၎င်းတို့ ဆုံးရှုံးမည့် အလားအလာရှိနေသော လွှမ်းမိုးမှုဩဇာကို ထိန်းသိမ်းလိုပါက ပုပ်ရဟန်းမင်းကြီး၏ နည်းလမ်းကို လိုက်နာချမှတ်ခြင်းသည် ပိုမိုအထောက်အကူပြုမည်ဖြစ်ပြီး ရခိုင်ပြည်နယ်မှ အကျပ်အတည်းကိုဖြေရှင်းရာတွင်လည်း ပိုမိုအကျိုးဖြစ်ထွန်းနိုင်ဖွယ် ရှိပေသည်။
06-Dec-2017 tagged as
ကြက်သွန်ဈေး တက်သည်။ ဆန်ဈေး တက်သည်။ ဆားဈေး တက်သည်။ ဆီဈေး တက်သည်။ အကုန် တက်နေသည်။ မကျတမ်း တက်နေသည့် ကုန်ဈေးနှုန်းနှင့်အပြိုင် ခင်ပွန်းသည်၏ ဝင်ငွေက တိုးမလာ။ တစ်သိန်းခွဲသာ ဖြစ်သည်။ အိမ်၏ ဝင်ငွေနှင့် ထွက်ငွေ ကာမိစေရန် ပိုက်ဆံချေးရသည်။ အတိုးနှင့် ဖြစ်သည်။ တစ်လမဟုတ်၊ နှစ်လမဟုတ်၊ သုံးလလည်း မဟုတ်ပြန်။ လတိုင်းလိုလို ဖြစ်သည်။ အနည်းနှင့် အများသာကွာသည်။
03-Dec-2017 tagged as
အတိတ်က ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်ဆိုးများ၊ အပြန်အလှန် လက်စားချေမှုများက အကြောက်တရားကို ဖြစ်စေသည်။ အကြောက်တရားကို လွန်မြောက်နိုင်သည်ကား မေတ္တာတရားဖြစ်သည်။ ထိုမေတ္တာတရားဖြင့် အကြောက်တရားကို ပယ်သတ်ကာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါသည်။
03-Dec-2017 tagged as
တစ်ဆက်တည်းမှာ ရန်ကုန်မြို့က မြေကြွက်ကြီးတွေအတွက်လည်း စိုးရိမ်မိတယ်။ သူတို့ကို မြေအောက်ရထားကြီးက တိုက်မိကုန်တော့မှာပဲ။ မြေကြွက်ကြီးတွေ သနားစရာ။ ကိုကြီးဖြိုးကို တစ်ခုတော့ တောင်းဆိုချင်သဗျာ...။ အဲ့လို မြေအောက်ရထားလုပ်မယ်ဆိုရင် ရန်ကုန်မြို့က မြေကြွက်ကြီးတွေကိုတော့ အရင်ဆုံး နေရာရွှေ့ပေးသင့်တယ်။ နို့မို့ဆို မြေကြွက်တွေ ဒုက္ခရောက်မှာ။ နေရာရွှေ့မပေးဘူးဆိုရင်တော့...။ စိုပြေက ကန့်ကွက်မှာပဲ။