News

POST SECTION

ALSO-IN-NEWS

21-Nov-2016 tagged as အီရတ် IS
အမေရိကန်စစ်တပ်က ကျောထောက်နောက်ခံ ပြုထားပေးတဲ့ အီရတ်စစ်တပ်က ISIS ခံတပ်မြို့ မိုဆူးလ်ကို တိုက်ခိုက်သိမ်းပိုက်ဖို့ စစ်ဆင်ရေးကြီး စနေပါတယ်။ ဒီအခါ ISIS ခေါင်းဆောင်တွေဟာ အလွန်ကို စိုးရိမ်နေကြပြီလို့ မိုဆူးလ်မြို့ထဲကရတဲ့ သတင်းတွေအရ အီရတ်စစ်တပ်က ဖော်ပြပါတယ်။
19-Nov-2016 tagged as
အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ ကမ္ဘာ့ခရစ်ကတ် အင်အားကြီး နှစ်နိုင်ငံ အားစမ်းတဲ့ပွဲမှာ လမ်းဘေးခွေး တစ်ကောင်က ကွင်းကြီးထဲ ဝင်လာကာ လျှောက်ပြေးနေပြီး အီးလည်း ပါချသွားတာမို့ လုံခြုံရေးတွေက ပွဲကို ခေတ္တ ရပ်နားလိုက်ရပါတယ်။
16-Nov-2016 tagged as ဒေါ်နယ်ထရမ့်
ထက်ဝက်ကျော်ဟာ မဲမပေးခဲ့ကြသူတွေတဲ့ အမေရိကန် ပြည်ထောင်စု ပို့လန်းမြို့မှာ ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြတော့ တချို့ အဖမ်း ခံရပါတယ်။ အဖမ်း ခံရသူတွေရဲ့ ထက်ဝက်ကျော်ဟာ မဲ မပေးခဲ့ကြသူတွေ ဖြစ်တယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ရလဒ်တွေအရ ဖော်ပြထားပါတယ်။
ဂျာမန် ဘိလပ်မြေ ကုမ္ပဏီ တစ်ခုက ဒေါ်နယ်ကြီး လုပ်မယ်လို့ လူပြောများနေတဲ့ နယ်စပ် တံတိုင်းကြီးမှာ ဝင်ရောက် ရင်းနှီးမြှုပ်နှံဖို့အတွက် ပြင်ဆင်
13-Nov-2016 tagged as
သမီးရယ် ဒီလိုပုံလေးတွေ ရိုက်ပြီး မတင်ပါနဲ့လို့ အဖေဖြစ်သူက အရွယ်ရောက် သမီးကို ပြောရခက်ပါတယ်။ ဒါနဲ့ ဘယ်လို လုပ်လဲဆိုတော့ ဖေဖေက သမီးဓာတ်ပုံတင်နေကျ ပုံစံတွေအတိုင်း တစ်သွေ မတိမ်း လိုက်လုပ်တော့မှ သမီးက ရှက်ပြီး အဖေရယ် တော်ပါတော့ဆိုပြီး ပြန်တားနေရပါပြီ။
10-Nov-2016 tagged as
ကလေး တစ်ဦးက ပုဆိန်ကိုင်ပြီး ကျောင်းသွားရတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ် တက်သွားပြီးနောက်မှာ တောင်ပိုင်း ကျေးလက်နေ ကလေးတွေ ဝံပုလွေ ရန်ကို ကြောက်နေရတာ သိသာသွားခဲ့ပါတယ်။
07-Nov-2016 tagged as
အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ အောင်မြင်မှုတွေကို ဟိန္ဒူ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေက ချီးကျူးဂုဏ်ပြု အခမ်းအနား လုပ်ပေးခဲ့ပါ တယ်။ အမေရိကမှာ နေထိုင်ကြတဲ့ ဟိန္ဒူရွှေ့ပြောင်းတွေကို ခင်မင်စွာ ဆက်ဆံမှုနဲ့ မွတ်ဆလင်တွေ ပြည်ဝင်ခွင့် ပိတ်မယ် ပြောဆိုမှုတွေကို ကြိုဆိုခဲ့တာ ဖြစ်ပါသတဲ့။ ဟိန္ဒူတပ်မတော်လို့ အမည်ရတဲ့ အဆိုပါ အဖွဲ့အစည်းက ဒေါ်နယ်ထရမ့်ဟာ နိုင်ပြီးသား ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
07-Nov-2016 tagged as IS
အီရတ်နိုင်ငံရှိ ISIS တွေ အခြေစိုက်ရာ မိုဆူးလ်မြို့ကို အီရတ်စစ်တပ်က မြို့သိမ်းစစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။ မြို့ထဲက ISIS တွေဟာ အီရတ်စစ်တပ်ကို ပြန်တိုက်ဖို့အတွက် အသေခံခွေးတွေ အကောင် ၆၀၀ လောက်ကို အသုံးပြုမှာ ဖြစ်တယ်လို့ အီရတ်စစ်တပ်မှ အရာရှိတစ်ဦးက ဆိုပါတယ်။ အီရတ်စစ်တပ်က အပူရှာဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာမို့ အသေခံ ISIS တိုက်ခိုက်ရေးသမားတွေ အနီးကို မကပ်နိုင် ဖြစ်နေပါတယ်။
03-Nov-2016 tagged as
အမေရိကန် ပြည်ထောင်စု မီချီဂန်ပြည်နယ်က ခွေးတစ်ကောင်ဟာ အိမ်နီးချင်း ခွေးတစ်ကောင်ကို ကိုက်သတ်ခဲ့တယ်လို့ စွပ်စွဲခံရပြီး သေဒဏ် ကျခံခဲ့ရပါတယ်။
02-Nov-2016 tagged as
နောက်တယ် ပြောင်တယ်ဆိုတာက အငြိမ့်ထဲမှာပဲ ကောင်းပါတယ်။ အပြင်မှာ ဆိုရင်တော့ အဖမ်း ခံရနိုင်ပါသဗျ။ အမေရိကန် ပြည်ထောင်စု အိုကလာဟိုးမား ပြည်နယ်သား တစ်ယောက်ကတော့ ရဲကားကို တက်မောင်း သွားပြီး ကားပေါ်ကနေ Facebook Live လွှင့်လိုက်ပါသေးသတဲ့။
01-Nov-2016 tagged as
မိန်းကလေးတွေကို ဆွဲဆောင်ညို့ငင်တတ်ပြီး ကမ္ဘာကြီးကို မကြာခဏကယ်တင် တတ်တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကောင်လိုမျိုး ထောက်လှမ်းရေးစပိုင်ကို ဗြိတိန် MI6 က မလိုချင်ပါဘူးတဲ့။ MI6 ရဲ့ အကြီးအကဲ မစ္စတာ အဲလက်စ်ယန်းဂါးက ဂျိမ်းစ်ဘွန်းလို လူမျိုးကို မလိုချင်ပါဘူးလို့ အတိအလင်း ပြောလိုက်ပါတယ်။
31-Oct-2016 tagged as
မိန်းကလေး သူငယ်ချင်းတွေနဲ့ တိရစ္ဆာန်ရုံဘက်သွားတုန်း သူတို့ အထင်ကြီးစေဖို့ တစ်ခုခု လုပ်ရတော့မယ်ဆို သားရဲလှောင်အိမ်ထဲတော့ မဝင်ပြလိုက်ပါနဲ့။ တရုတ် အမျိုးသား တစ်ဦးကတော့ ပန်ဒါဝက်ဝံကြီး နေတဲ့ခြံထဲကို စည်းရိုးကျော်ပြီး ဝင်သွားတယ်လို့ South China Morning Post သတင်း တစ်ရပ်က ဖော်ပြထားပါတယ်။
30-Oct-2016 tagged as
ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေ ပြီးခဲ့တဲ့ တနင်္ဂနွေက ပြုလုပ်ရာမှာ ချီလီ သမ္မတကြီး မီရှဲဘာချလက်ဟာ မဲရုံမှာ မှတ်ပုံတင်ကဒ်ကို ထားခဲ့မိလို့ နောက်တစ်ခေါက် ပြန်လာခဲ့ရ ပါသတဲ့။
30-Oct-2016 tagged as
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်သူ အမျိုးသမီးတစ်ဦးဟာ အမေရိကန်ဒေါ်လာ တစ်သန်း ထီဆုပေါက်သွားပါတယ်။
29-Oct-2016 tagged as
အမြဲတမ်း အများ ပွဲကျအောင်၊ ဒေါသ ထွက်အောင် ပြောတတ်တဲ့ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ ရွေးကောက်ပွဲ မလုပ်တော့ဘဲ သူ့ကိုသာ အနိုင် ကြေညာပေးလိုက်ခြင်းက အလုပ်သင့်ဆုံးလို့ ပြောလိုက်ပြန်ပါပြီ။