News

POST TYPE

ALSO IN NEWS

ဘာဂါအစားပြိုင်ပွဲ အမျိုးသမီးချန်ပီယံ ဘယ်နှလုံးစားလို့ ဗိုလ်စွဲရတာလဲ
06-Jul-2017

အသားညှပ်ပေါင်မုန့် ဟမ်ဘာဂါဆိုတာ တစ်လုံးလောက် စားလိုက်ရင်ကို အီဆလံဝေပြီး တော်တော်ဗိုက်ပြည့်တဲ့ စားစရာပါ။ ဒါပေမဲ့ ဝါရှင်တန်ဒီစီမြို့မှာ ပြုလုပ်တဲ့ အစားပြိုင်ပွဲမှာတော့ ချန်ပီယံ အမျိုးသမီးဟာ ၁၀ မိနစ်အတွင်းမှာပဲ ဘာဂါ ၂၁ လုံးကို အကုန်ပြောင်အောင် စားပစ်လိုက်ပါတယ်။ Burger Queen လို့တောင် အမည်ပြောင်ပေးရတဲ့ ဒီအမျိုးသမီးဟာ ကယ်လီဖိုးနီးယားပြည်နယ် စခရမ်မန်တိုနယ်သူ ဖြစ်ပါတယ်။ အမျိုးသားတွေတောင်ပါတဲ့ ပြိုင်ဘက် ၁၃ ယောက်ကို ဖြတ်ကျော်ပြီး စားပြခဲ့တာဖြစ်ပါတယ်။

“ဇူလိုင် ၄ ရက် စိတ်ဓာတ် ရှင်သန်နေချင်ပါတယ်။ ဘာဂါစားပြိုင်ပွဲလောက် ကောင်းတာရှိပါဦးမလားဗျာ”လို့ Z-Burger ရဲ့ တည်ထောင်သူ ပီတာတာဘီဘီယန်က ပြောကြားခဲ့ပါတယ်။ မော်လီရှူလာလို့ အမည်ရတဲ့ အမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ်ကလည်း ဘာဂါ ၂၈ လုံး စားပြပြီး စံချိန်တင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ကမ္ဘာ့စံချိန်ပြိုင်ပွဲဝင်ခဲ့ပြီး မိနစ်သုံးဆယ်အတွင်းမှာ ကြက်တောင်ပံကြော် ၄၂၉ တုံး စားပြခဲ့ပါတယ်။

F-02


  • VIA