News

POST TYPE

ALSO IN NEWS

အီတလီ လယ်ကွက်ကြီးထဲက ပူတင်
05-Jul-2017

အီတလီအနုပညာရှင်တစ်ဦးဟာ သူ့ရဲ့ထွန်စက်ကို အသုံးပြုပြီးတော့ ဗီရိုနာမြို့ကလယ်ကွက်ကြီးတစ်ခုကို ရုရှားသမ္မတ ဗလာတီမာပူတင်ရဲ့ပုံကို ပုံဖော်ခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာရှိတဲ့ G-20 အစည်းအဝေး မတိုင်ခင်မှာ ယခုပုံကို ဆွဲခဲ့တာဖြစ်ပါတယ်။ အနုပညာရှင်ဟာ ဒါရီယိုဂမ်ဘာရင်လို့ အမည်ရပြီး သူဖန်တီးထားတဲ့ လယ်ကွက်ပန်းချီဟာ ၁၃၅ မီတာ ကျယ်ဝန်းတာမို့ အမြင့်တစ်နေရာက တက်ကြည့်မှ မြင်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အမေရိကန် ရွေးကောက်ပွဲကာလမှာလည်း ဒေါ်နယ်ထရမ့်နဲ့ ဟီလာရီကလင်တန်တို့ရဲ့ပုံတွေကို မစ္စတာဂမ်ဘာရင်က မြေပြင်ပေါ်မှာ ရေးဆွဲခဲ့ပါသေးတယ်။ 

သူဟာ လယ်ကွင်းကို မတိုင်းတာခဲ့ဘဲ ခုလို ပုံအကြီးကြီးတွေကို သူ့ရဲ့မျက်စိအမြင်နဲ့ ထွန်စက်မောင်း ကျွမ်းကျင်မှုကိုအသုံးချပြီး ရေးဆွဲခဲ့တာ ဖြစ်ပါသတဲ့။ ကောက်ရိတ်သိမ်းပြီး ရာသီမှာသာ ဆွဲလေ့ရှိတာမို့ မကြာခင် သီးနှံအသစ် စိုက်ပျိုးတော့မယ်ဆိုရင် အဲဒီပန်းချီကားကြီးက ပျက်စီးတော့မှာ ဖြစ်ပါတယ်။

F-02

  • VIA