News

POST TYPE

ALSO IN NEWS

ပျောက်ဆုံးနေတဲ့ ခွေးကလေး ငါးလအကြာ မိုင်နှစ်ရာကျော်မှာ ပြန်တွေ့
02-Jul-2017

ဖလော်ရီဒါပြည်နယ်က မိသားစုတစ်စုဟာ မိုင်နှစ်ရာကျော်ဝေးတဲ့ နေရာတစ်ခုကနေ သူတို့ရဲ့ ပျောက်နေတဲ့ ခွေးလေးကို အချိန် ငါးလအကြာမှာ ပြန်တွေ့ခဲ့ပါတယ်။ အသက် ၆ နှစ်အရွယ် ပိုမာရာနီယန် ခွေးလေးဆက်ဆီနဲ့ သူ့ပိုင်ရှင် မိသားစုဝင်တွေ ပြန်တွေ့တဲ့ ဓာတ်ပုံကို ပန်ဘရုတ်ပိုင်းစ် ရဲဌာနက လူမှုကွန်ရက် မီဒီယာပေါ် ဓာတ်ပုံ တင်ထားပေးထားပါတယ်။ ဖလော်ရီဒါပြည်နယ် ဘရာဒန်တန်ဒေသကနေ ဇန်နဝါရီလကတည်းက အဆိုပါ ခွေးလေး ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ခွေးကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တာဖြစ်ပြီးတော့ ခွေးမှာပါတဲ့ မိုက်ခရိုပြားလေးကနေ ပိုင်ရှင်ကို စုံစမ်းရာမှာ ပျောက်နေတဲ့ခွေးမှန်း ရဲက သိရှိသွားခဲ့တာ ဖြစ်ပါသတဲ့။ ခွေးလေးဟာ ကျန်းမာရေး ကောင်းပြီးတော့ လမ်းဘေးမှာ နှစ်ဝက်နီးပါး လျှောက်သွားနေတာ ဖြစ်တယ်လို့ ရဲက ထုတ်ပြန်ထားပါတယ်။ မိသားစုက မွေးထားတဲ့ ခွေးကလေး ပြန်တွေ့ပြီဆိုတဲ့  သတင်းကြောင့် ပိုင်ရှင်ဘာဘရာ ဒေါ်ဆန်ဟာ မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ပါတယ်။ တစ်ယောက်ယောက်က သူတို့ခြံထဲကို ဝင်ခိုးသွားတာ ဖြစ်ရမယ်လို့ ပိုင်ရှင်တွေက ဆိုထားပြီးတော့ ဘယ်လိုက ဘယ်လို မိုင် ၂၀ဝ လောက်ကို ရောက်နေတယ်ဆိုတာကို မတွေးတတ်အောင် ဖြစ်နေကြပါတယ်။

F-02

  • VIA