News

POST TYPE

ALSO IN NEWS

အမေရိကမြို့ငယ်လေးမှာ ခွေးတစ်ကောင်ကို မြို့တော်ဝန်အဖြစ် ရွေးကောက် တင်မြှောက်
29-Jun-2017

အမေရိကန်ပြည်ထောင်စု ကန်တက်ကီပြည်နယ်က မြို့ငယ်လေး တစ်မြို့မှာ တော့ ရွေးကောက်ပွဲတစ်ရပ်မှာ မြို့တော်ဝန်သစ်ဟာ တောင်ပြိုကမ်းပြို အနိုင်ရသွားခဲ့ပါတယ်။

“ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု”ဆိုတဲ့ မဲဆွယ်ဆောင်ပုဒ်နဲ့ ဝင်ပြိုင်ခဲ့ရာမှာ အနိုင်ရသွားခဲ့တဲ့မြို့တော်ဝန်ဟာ ခွေးမလေးတစ်ကောင် ဖြစ်ပါသတဲ့။ အဲဒီမြို့ငယ်လေးဟာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ တိရစ္ဆာန်တွေကိုသာ ပြိုင်စေဖို့ ဆုံးဖြတ်ခဲ့ပြီး မြို့တော်ဝန်အဖြစ် အနိုင်ရသွားတဲ့ ဘရိုင်နက်ပေါလ်ထရိုဆိုတဲ့ ခွေးမလေးဟာ မြည်းတစ်ကောင်နဲ့ ကြောင်တစ်ကောင်ကို ကျော်ဖြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မဲပေးပုံကလည်း ထူးဆန်းပြီး မဲတစ်ပြား ထည့်ချင်ရင် တစ်ဒေါ်လာလှူကာ စိတ်ကြိုက် မဲထည့်နိုင်ပါသတဲ့။ ခွေးမလေး ဘရိုင်ဟာ စုစုပေါင်း မဲ ၃၃၀ဝ ရရှိသွားခဲ့ပါတယ်။ မဲပေးပွဲကရတဲ့ ငွေကြေးတွေကို မြို့လယ်က ကုန်စုံဆိုင်လေးအတွက် ငွေကြေး ထည့်ဝင်ကြမှာ ဖြစ်ပါသတဲ့။ မြို့တော်ဝန် ခွေးမလေးဟာ လူသားတွေအပြင် အခြားသတ္တဝါတွေ အပေါ်မှာလည်း ကြင်နာတတ်သူဖြစ်တယ်လို့ ထောက်ခံသူ မြို့သူမြို့သားတွေက ဆိုကြပါတယ်။  
                    
F-02

  • VIA