News

POST TYPE

ALSO IN NEWS

လိင်တူချစ်သူ ချီတက်ပွဲ ကနေဒါဝန်ကြီးချုပ်နွှဲ
26-Jun-2017


တိုရွန်တိုမြို့မှာ ကျင်းပတဲ့ လိင်တူချစ်သူများ ချီတက်လမ်းလျှောက်ပွဲကို လိင်တူချစ်သူများအပြင် သူတို့ အခွင့်အရေးကို ရပ်တည်ထောက်ခံပေးသူများ ပါဝင် ဆင်နွှဲခဲ့ပါတယ်။ ဒီပွဲကို တက်ရောက် လမ်းလျှောက်ခဲ့သူတွေထဲမှာ ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုးလည်း ပါဝင်ခဲ့ပြီး အများရဲ့ ဩဘာပေးမှုကို ရခဲ့ပါတယ်။ လက်ရှိ ကနေဒါဝန်ကြီးချုပ်ဟာ အခြား ကနေဒါဝန်ကြီးချုပ်တွေထက်ကို ပြည်တွင်းရော ပြည်ပမှာပါ လူချစ်လူခင်များနေတာ ဖြစ်ပါတယ်။ မိန်းမလျာ လမ်းလျှောက်ပွဲကို ပါဝင်လာတဲ့ ကနေဒါဝန်ကြီးချုပ်ဟာ ခြေထောက်မှာ ဝတ်ဆင်ထားတဲ့ ခြေအိတ်ဒီဇိုင်းကို သက်တံရောင် ရွေးချယ်ဝတ်ဆင်လာခဲ့ပါတယ်။ မျက်နှာမှာလည်း ကနေဒါရဲ့ အမှတ်သညာ မေပယ်ရွက်ကို သက်တံရောင်စုံဒီဇိုင်းနဲ့ ဆင်မြန်းလာခဲ့ပါသတဲ့။ ကနေဒါဝန်ကြီးချုပ်ဟာ မီဒီယာတွေ သတိထားမိအောင် နေတယ်လို့ ဝေဖန်ခံရမှုများ ရှိပေမယ့် ခုတစ်ခါ မိန်းမလျာတွေနဲ့တစ်သားတည်း ရပ်တည်ပေးတာကိုတော့ အများက လက်ခုပ်ဩဘာပေးခဲ့ကြပါတယ်။

F-02


  • VIA