News

POST TYPE

ALSO IN NEWS

ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲပြုလုပ်
24-Jun-2017


လူသားတွေရဲ့ မိတ်ဆွေသူငယ်ချင်းလို့ ဆိုကြတဲ့ ခွေးကလေးတွေရဲ့ ရုပ်အဆိုးဆုံး ပါပီပြိုင်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြုလုပ်ခဲ့တယ်လို့ AP သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

ပြိုင်ပွဲဝင် ခွေးရုပ်ဆိုး အချို့ဟာ မွေးစားဖို့ ပိုင်ရှင်ကို မျှော်နေကြသူတွေဖြစ်ပြီး အချို့လည်း မွေးစားသူတွေ ရနေကြပါပြီ။

ယှဉ်ပြိုင်တဲ့ခွေးတွေကို သူတို့ရရှိတဲ့ စိတ်ဝင်စားမှု၊ မတူညီတဲ့ သရုပ်လက္ခဏာတွေနဲ့ ပရိသတ် အမြင်သဘောထားတွေ ပေါင်းစုပြီး အမှတ်ပေး ဆုံးဖြတ်မှာပါ။

ပြီးခဲ့တဲ့နှစ်ကတော့ မျက်စိမမြင်တဲ့ တရုတ်ချီဟွာဟွာ ခွေးအမျိုးအစားလေး တစ်ကောင်က မောင်ရုပ်ဆိုးဘွဲ့ကို ရရှိသွားခဲ့ပါတယ်။ ဘယ်လောက်ပဲ ရုပ်ဆိုးနေပါစေ သူတို့ရဲ့ အတွင်းစိတ်ကလေးတွေ လှတာကြောင့် မိသားစုတွေက ချစ်ခင်နှစ်သက်စွာ မွေးစားကြတယ်လို့ ဆိုပါတယ်။

ပြိုင်ပွဲစည်းမျဉ်းအရ ဝင်ပြိုင်တဲ့ ခွေးပိုင်ရှင်ဟာ ခွေးကို တမင် ရုပ်ဆိုးအောင် လုပ်လာလို့ မရပါဘူးတဲ့။ 

F-02

  • VIA