News

POST TYPE

ALSO IN NEWS

သရဲခြောက်တဲ့အိမ်က ကလေးထိန်းအလိုရှိတယ်လို့ ကြော်ငြာသတဲ့
21-Jun-2017

သရဲခြောက်တဲ့အိမ်ကြီးကို ရောက်သွားတဲ့ ကလေးထိန်း အမျိုးသမီးငယ်ရဲ့ စွန့်စားခန်း သရဲရုပ်ရှင်တွေ ကြည့်ဖူးကြမှာပေါ့။

ဒီလိုမျိုး အပြင်မှာလည်း ခုရှိလာပါပြီ။ စကော့တလန်ကျေးလက်ဒေသက မိသားစုတစ်စုဟာ ကလေးထိန်းငါးယောက် ထွက်ပြေးပြီးသား သူတို့အိမ်မှာ လာရောက် ကလေးထိန်းပေးနိုင်မလားလို့ ကြော်ငြာထားပါတယ်။ သရဲခြောက်လို့ ရှေ့က ကလေးထိန်းတွေ ထွက်ပြေးသွားတာပါလို့ အဆိုပါမိသားစုက ကြော်ငြာမှာ ပွင့်ပွင့်လင်းလင်း ထည့်ရေးထားပါတယ်။ ကလေး နှစ်ယောက်ကို ထိန်းရမှာဖြစ်ပြီး လစာကောင်းကောင်း ပေးမယ်လို့ ရေးထားပါတယ်။ သူတို့ခြံဝင်းနဲ့ နေအိမ်ထဲမှာ ထူးထူးဆန်းဆန်းတွေ ဖြစ်ပျက်တာ မြင်ရတတ်လို့ ခုလို လစာပိုပေးတာလို့ ပြောထားပါတယ်။ ထူးဆန်းတဲ့ အသံတွေကြားရတာ၊ ဖန်ခွက်တွေ ကွဲတာ၊ ပရိဘောဂတွေ ရွေ့တာတို့ ဖြစ်တာမို့ ပြီးခဲ့တဲ့ တစ်နှစ်တည်းမှာပဲ ကလေးထိန်း ငါးယောက် ပြောင်းခဲ့ပြီး ဖြစ်ပါသတဲ့။ အဲဒီအိမ်ဟာ သရဲခြောက်ပါတယ်လို့ နာမည်ကြီးတာ ၁၀ နှစ်လောက် ရှိပြီဖြစ်ပြီး အိမ်သားတွေကတော့ ဘာမှ ထူးထူးခြားခြား မဖြစ်ဖူးဘူးလို့ ဆိုပါတယ်။

“ကျွန်မတို့ကတော့ ဘယ်လိုဖြစ်ရပ်ဆန်းကြယ်မှုမှ မကြုံဖူးပါဘူး။ ကျွန်မတို့ အပြင်သွားနေတဲ့အချိန်မှ ဒါမျိုး ဖြစ်တယ်လို့ သိရတာပါ”လို့ မိသားစုက ကြော်ငြာမှာ ရေးထားတာပါ။ တစ်နှစ်လစာ ပေါင်ငါးသောင်းကနေ ခြောက်သောင်းသုံးထောင်ကြား ပေးမှာဖြစ်ပြီး အားလပ်ရက် ၂၈ ရက်ရမယ်လို့လည်း ဆိုတာမို့ မက်လောက်စရာ လစာပါ။

F-02

  • VIA