News

POST TYPE

ALSO IN NEWS

အိမ်မွေးတိရစ္ဆာန်ခြင်္သေ့ကြီးကို လမ်းမပေါ် ခေါ်လာတဲ့ ပါကစ္စတန်သား အဖမ်းခံရ
20-Jun-2017

ကားလေးမောင်းပြီး ကိုယ့်အိမ်မွေး တိရစ္ဆာန်ကို လမ်းမပေါ်က မြင်ကွင်းလိုက်ပြရတာ စိတ်ချမ်းသာစရာပါ။ ဒါပေမဲ့ ကိုယ်မွေးထားတဲ့အကောင်က ခြင်္သေ့ကြီးဆိုရင်တော့ အများ သူငါ ထိတ်လန့်စရာဖြစ်ပြီးတော့ အဖမ်းခံရနိုင်ပါတယ်။ ဆိပ်ကမ်းမြို့ ကရာချိမှာ ကားပေါ်ကို ခြင်္သေ့ကြီးတင်ပြီး ညဘက် ကားလျှောက်မောင်းသူကို ရဲတွေက ဖမ်းလိုက်ပါတယ်။ ခြင်္သေ့ကို ပိုက်ဆံတတ်နိုင်သူ ပါကစ္စတန်နိုင်ငံသားတွေ မွေးမြူကြတာ ရှိပါတယ်။ ဒါပေမဲ့ ပစ်ကပ်ကားကြီးရဲ့ နောက်ခန်းထဲကနေ ခြင်္သေ့ကြီးတင်ပြီး လမ်းပေါ်ထွက်လာတာကတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူးတဲ့။ လူ သန်း ၂၀ လောက် နေထိုင်တဲ့ ကရာချိမြို့ကြီးမှာ လမ်းဘေး ဝဲယာတွေက ခြင်္သေ့ကြီးကို တအံ့တဩ ကြည့်နေကြပါသတဲ့။ စီးပွားရေးသမား ဆက်လိန်းဂျာဗက်ဟာ ခြင်္သေ့မွေးပြီး ကားလမ်းမပေါ် ခေါ်လာမိလို့ အဖမ်းခံထားရပြီး အာမခံနဲ့ ပြန်လွတ်လာပါတယ်။   
F-02

  • VIA