News

POST TYPE

ALSO IN NEWS

ကြောင်တွေကို အလုပ်ခန့်ဖို့ လန်ဒန်မြို့တော်ဝန်ကို တိုက်တွန်း
20-Feb-2017

လန်ဒန်မြို့တော်ခန်းမကို လာရောက် လည်ပတ်တဲ့ ကျောင်းသားကလေး တစ်ယောက်ပေါ်ကို ကြွက်တစ်ကောင် ပြုတ်ကျလာတော့ လန်ဒန် အဆောက်အအုံကြီးတွေမှာ ကြွက်တွေပေါနေတာ သိပ်ကို သိသာသွားခဲ့ပါပြီ။ ဒါကြောင့် မြို့တော် ကောင်စီအဖွဲ့ဝင်တွေက လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းကို ကြွက်ကိစ္စ ကိုင်တွယ်ဖို့အတွက် မေးခွန်းမေးကာ တိုက်တွန်းကြပါတော့တယ်။ လေဘာပါတီ ကောင်စီဝင် တွန်ကိုပလေက မြို့တော်ဝန် မစ္စတာခန်းကို အခုလိုပဲ မေးမြန်းခဲ့ပါတယ်။

“အဆောက်အအုံတွေမှာ ကြွက်တွေ ရှိနေတာမို့ မြို့တော်ခန်းမအတွက် ကြောင်တစ်ကောင် ထားရှိဖို့ စဉ်းစားထားတာ ရှိပါသလား”ဆိုပြီး တရားဝင် မေးမြန်းခဲ့ပါတယ်။ 

လန်ဒန်မြို့ သိမ်းစ်မြစ်ကြီးကို မြင်နေရတဲ့ မှန်၊ စတီး စတာတွေနဲ့ ဆောက်လုပ်ထားတဲ့ မြို့တော်ခန်းမကြီးက ဝန်ထမ်းတွေကတော့ မြို့တော်ခန်းမထဲမှာ ကြွက်တွေ ရှိနေတယ်လို့ ဆိုထားပါတယ်။ အလုပ်သမားတွေဟာ အစားအသောက်တွေကို ဒီအတိုင်း ထားခဲ့လို့မရပါဘူး၊ ကြွက်တွေက ဝင်ရောက် စီးနင်းကြလို့ ဖြစ်ပါသတဲ့။ ဝန်ကြီးချုပ်ရုံး၊ နိုင်ငံခြားရေးဝန်ကြီးရုံး၊ ဘဏ္ဍာရေးဝန်ကြီးရုံးနဲ့ အစိုးရအဖွဲ့ဝန်ကြီးရုံးတွေမှာ ကြွက်နှိမ်နင်းဖို့ ကြောင်တွေကို ခေါ်ထားရပါတယ်။

F-02

  • VIA