News

POST TYPE

ALSO IN NEWS

လူသားမုန့်ကြိုးလိမ် အလုပ်နိုင်ဆုံးအဖြစ် ပါလက်စတိုင်း ၁၃ နှစ်သား စံချိန်တင်
18-Feb-2017


ပါလက်စတိုင်းသား အသက် ၁၃ နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ လူသား မုန့်ကြိုးလိမ် လုပ်ပြရာမှာ ကျွမ်းကျင်လွန်းလို့ ကမ္ဘာ့စံချိန် တင်သွားခဲ့ပါတယ်။ ပင့်ကူကောင်လေးလို့ အမည်ရတဲ့ အဲဒီစံချိန်ရှင်လေးရဲ့အမည်ကတော့ မိုဟာ မက်အယ်ရှိတ်ခ် ဖြစ်ပါသတဲ့။

သူဟာ သူ့တစ်ကိုယ်လုံးကို လက်နဲ့ ထိန်းထားပြီး ခြေထောက်ကာ ခန္ဓာကိုယ်ကို ပတ်ထားတာ ၃၈ ကြိမ်တောင် ရပါသတဲ့။

“ဂရင်းနစ် ကမ္ဘာ့စံချိန် တင်ခဲ့တဲ့အတွက် ကျွန်တော် အင်မတန်မှ စိတ်လှုပ် ရှားမိပါတယ်။ ကျွန်တော့်ထက် အသက်ကြီးတဲ့စံချိန်ရှင်ကို ကျော်လွှားခဲ့တာ ဖြစ်ပါတယ်”လို့ မိုဟာမက်အယ်ရှိတ်ခ်က ဆိုပါတယ်။

အယ်ရှိတ်ခ်က ဂါဇာကမ်းမြောင်ဒေသက ထွက်သွားပြီး ကမ္ဘာပတ်ကာ သူ့ပါရမီကို ပြချင်ပါသတဲ့။

သူဟာ အလွန်အင်မတန် ပျော့ပျောင်းတဲ့ ကျောရိုးရှိသူဖြစ်ပြီး Arab's Got Talent  အစီအစဉ်မှာလည်း နောက်ဆုံး အဆင့်သုံးအထိ ပါခဲ့သူဖြစ်ပါတယ်။

F-02

  • VIA