News

POST TYPE

ALSO IN NEWS

အီရန်သွားခဲ့ဖူးလို့ နော်ဝေ ဝန်ကြီးချုပ်ဟောင်း အမေရိကန်လေဆိပ်မှာ ထိန်းသိမ်းစစ်ဆေးခံရ
06-Feb-2017

နော်ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း တောင်အမေရိက လေဆိပ်တွေမှာ လုံခြုံရေး တင်းကျပ်နေချိန် ဝါရှင်တန် သွားလိုက်တာ လေဆိပ်မှာ ခေတ္တအထိန်းသိမ်းခံရပါသေးတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်က အီရန်ကို သွားခဲ့ဖူးတာမို့ ခုလိုမျိုး ထိန်းသိမ်းစစ်ဆေးတာ ခံခဲ့ရတာမို့ လန့်သွားမိတယ်လို့ သူက ဆိုပါတယ်။

မစ္စတာ ကေဂျယ်မက်ဂ်နီဘွန်ဒီဗစ်ခ်ဟာ ၁၉၉၇ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ နော်ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်ကို လာခဲ့တဲ့ အကြောင်းရင်းကတော့ National Prayer Breakfast ခေါ် အမေရိကန် အမျိုးသား ဝတ်ပြုဆုတောင်းမှု နံနက်စာပွဲကို တက်ရောက်ဖို့ ဖြစ်ပါတယ်။

သံတမန် နိုင်ငံကူးလက်မှတ်မှာ အီရန်ကို သွားခဲ့ဖူးကြောင်း ပါဝင်တာမို့ ခုလိုမျိုး ခေါ်ယူစစ်မေးခြင်းကို လေဆိပ်ဝန်ထမ်းတွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ နော်ဝေနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း ဖြစ်ကြောင်း နိုင်ငံကူးလက်မှတ်မှာ အတိအလင်း ရေးသားထားပါသတဲ့။ အကြမ်းဖက်သမားတွေ တိုင်းပြည်ထဲကို ဝင်လာမှာ စိုးရိမ်မှု ရှိတာကို ကျွန်တော် အပြည့်အဝ နားလည်ပါတယ်လို့ သူက ဆိုပါတယ်။

ကျွန်တော့်ရဲ့ သံတမန် နိုင်ငံကူးလက်မှတ်နဲ့ ဝန်ကြီးချုပ်ဟောင်း ဆိုတာကို သိသွားတော့ သူတို့ လွှတ်ပေးလိုက်သင့်ပါတယ်လို့ လေဆိပ်မှာ သီးသန့် ထပ်မံအမေးခံရသူ ဝန်ကြီးချုပ်က ပြောကြားပါတယ်။

ဝန်ကြီးချုပ်ဟောင်းဟာ အရှေ့အလယ်ပိုင်း၊ အာဖရိက စတဲ့ နိုင်ငံတွေကလာတဲ့ ခရီးသည်တွေနဲ့အတူ နောက်ထပ် အခန်းတစ်ခုထဲမှာ သွားအစစ်ခံရပါသေးတယ်။ 

F-02