News

POST TYPE

ALSO IN NEWS

တောမီးလောင်စဉ် အန္တရာယ်မဖြစ်ရန် ကျားတစ်ကောင်နှင့် သားရိုင်းတိရစ္ဆာန်များကို အိမ်ခေါ်သွားတဲ့ သြစတြေးလျ သဘာဝဥယျာဉ်ဝန်ထမ်း
03-Jan-2020


သြစေတြးလျနိုင်ငံမှာ တောမီးတွေက အင်နဲ့အားနဲ့ သစ်တောတွေကို ဝါးမျိုနေပါတယ်။ မီးဟာ သဘာဝတောရိုင်းသားကောင်တွေကိုထားတဲ့ ဥယျာဉ်အထိရောက်လာတာမို့ စိတ်မချရတဲ့အတွက် ဥယျာဉ်အမှုထမ်း တစ်ဦးက တချို့တိရစ္ဆာန်တွေကို သူ့အိမ်ခေါ်သွားခဲ့ပါတယ်။ မျောက်များ၊ ပန်ဒါများနဲ့ ကျားတစ်ကောင်ကို အိမ်ခေါ်ပြီး စောင့်ရှောက်ပေးထားတာမို့ အဆိုပါအကောင်တွေ သေကံမရောက် သက်မပျောက်ခဲ့ပါဘူး။ မိုဂိုသားရိုင်းဥယျာဉ်ဟာ နယူးဆောက်ဝေးပြည်နယ်ရဲ့ တောင်ဘက်ခြမ်းမှာရှိတာဖြစ်ပြီး အဆိုပါဒေသဟာ တောမီးဒဏ်ကို ပြင်းထန်စွာခံခဲ့ရပါတယ်။ ဥယျာဉ်ထဲမှာရှိတဲ့ တိရစ္ဆာန်ဂေဟာတွေမှာ ကောင်ရေ ၂၀၀ လောက်ရှိတဲ့ ရှားပါးတိရစ္ဆာန်တွေ ရှိနေပါတယ်။ ဥယျာဉ်ရဲ့ ညွှန်ကြားရေးမှူး မစ္စတာချက်စတေပယ်ဟာ တိရစ္ဆာန်အငယ်လေးတွေကို အိမ်ကိုခေါ်သွားခဲ့ပါတယ်။ ကြီးတဲ့အကောင်တွေဖြစ်တဲ့ခြင်္သေ့များ၊ ဂေါ်ရီလာမျောက်များကိုတော့ အန္တရာယ်ကင်းတဲ့နေရာမှာ နေရာချထားခဲ့ပါတယ်။

F-02