POST TYPE
ALSO IN NEWS
ဘာလီကဝါးနဲ့ဆောက်တဲ့ စာသင်ကျောင်းရဲ့ ဗိသုကာ လူအများစိတ်ဝင်စား
22-Sep-2019

အင်ဒိုနီးရှားနိုင်ငံ ဘာလီက အစိမ်းရောင်ကျောင်းလို့ အမည်ပေးထားတဲ့ဝါးကျောင်းဟာ သူတို့ရဲ့ သဘာဝနဲ့လျော်ညီတဲ့ ဗိသုကာဒီဇိုင်းကြောင့် လူစိတ်ဝင်စားနေကြပါတယ်။ အူဘတ်လို့အမည်ရတဲ့ ရွာနားက တောကျောင်းဟာ ကလေးများကို စာသင်ကြားပေးနေပြီး ကျောင်းသားလေးများသာမက မိဘများကိုပါ ပညာပေးရာနေရာဖြစ်ပါတယ်။ ဝါးကို အဆိုပါကျောင်းနားမှာပဲ စိုက်ပျိုး၊ ခုတ်ထွင်၊ သန့်စင်၊ အခြောက်ခံပြီး သေသေချာချာ တည်ဆောက်ဖန်တီးထားတဲ့ စာသင်ခန်းတွေဖြစ်ပါသတဲ့။ အစိမ်းရောင်ကျောင်းများကို တည်ထောင်ခဲ့တဲ့ဂျွန်ဟာဒီ၊ စင်သီယာဟာဒီတို့ရဲ့ အတွေးအခေါ် အကြံဉာဏ်များအတိုင်း တည်ဆောက်ဖန်တီးထားတဲ့ကျောင်းများဖြစ်ပါသတဲ့။ ရိုးရာနည်းများကို အသုံးပြုကာ ဝါးများကို ပိုးမစားအောင် ရေရှည်ခံအောင် ပြုလုပ်ဖန်တီးထားတာဖြစ်ပါသတဲ့။ ဝါးကို အာရှဒေသနိုင်ငံများမှာ အိမ်သုံးပစ္စည်းများသာမက အိမ်ဆောက်ပစ္စည်းအဖြစ်ပါ အသုံးများကြပါတယ်။
F-02
- VIA
- Voice Admin
- SOURCES
- The Voice
-
25-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021
-
24-Jan-2021