News

POST TYPE

ALSO IN NEWS

ကင်းမြီးကောက်အတုပ်ခံပြီး နာကျင်ကိုက်ခဲမှုကို ကုသတဲ့ ကျူးဘားက ကုထုံး
17-Dec-2018


အသက် ၇၈ နှစ်အရွယ် ကျူးဘားလယ်သမားကြီး ပီပီကာဆာနက်စ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တစ်လတစ်ခါ ပုံမှန်ဆိုသလို ကင်းမြီးကောက် အကိုက်ခံဖို့ လိုက်ဖမ်းလေ့ရှိပါတယ်။ အဆိုပါ ကင်းမြီးကောက် အကိုက်ခံခြင်းဖြင့် အရိုးအဆစ်တွေ နာကျင်ခြင်းဝေဒနာကို ကုစားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ကုစားမှုဟာ ခုအချိန်မှာတော့ ကျူးဘားမှာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။ ကျူးဘားက သုတေသီတွေ တွေ့ရှိချက်အရ ဘလူးကင်းမြီးကောက်တွေရဲ့ အဆိပ်ဟာ အရိုးအဆစ်ကြောင့် ရောင်ရမ်းနာကျင်ခြင်းကို ကုသနိုင်တာကြောင့် ဖြစ်ပါတယ်။ အချို့သော ကင်ဆာလူနာတွေရဲ့ အကျိတ်ကြီးထွားမှုကိုလည်း နှေးကွေးစေတာဖြစ်ပါတယ်လို့ ပြောပါသေးတယ်။ ဆေးသိပ္ပံပညာရှင်များကတော့ ယင်းအဆိုကို ထောက်ခံဖို့ရာမှာ နောက်ထပ် သုတေသနတွေ များစွာလုပ်ရဦးမယ်လို့ ဆိုထားပါတယ်။ ကျူးဘားဆေးထုတ်လုပ်ရေးလုပ်ငန်း Labiofam ကတော့ Vidatox လို့ အမည်ပေးထားတဲ့ နာကျင်ရောင်ရမ်းမှု သက်သာဆေးကို ကင်းမြီးကောက်အဆိပ်နဲ့ ၂၀၁၁ ကတည်းက ထုတ်နေခဲ့တာဖြစ်ပါတယ်။ အဆိုပါကုသမှုကို တဖြည်းဖြည်းနဲ့ လူကြိုက်များလာခဲ့ပါတယ်။ ကင်းမြီးကောက် အဆိပ်ဆေးကို ၁၅ နိုင်ငံမှာ ရောင်းချနေပြီး တရုတ်မှာပါရောင်းချနိုင်ဖို့ လက်ရှိညှိနှိုင်းနေပါတယ်။

F-02